ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
မႏၱေလး တြင္ လမ္းနံပါတ္ႏွင့္ Zip Code ပါဝင္သည့္ လမ္းညႊန္ဆိုင္းဘုတ္မ်ားကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ အတြင္းကလမ္းမ်ားတြင္ စတင္ တပ္ဆင္ေနၿပီျဖစ္ေၾကာင္းသိရသည္။
ခ်မ္းျမသာစည္ၿမိဳ႕နယ္ သိပၸံလမ္းေတာင္ဘက္လမ္းက စတင္ၿပီး (၁၀၁) လမ္းအျဖစ္ နံပါတ္သတ္မွတ္ကာ လမ္းညႊန္ဆိုင္းဘုတ္မွာ ယခင္ လမ္းေဟာင္းအမည္၊ လက္ရွိ သတ္မွတ္ထားသည့္နံပါတ္ႏွင့္ zip code နံပါတ္မ်ားပါဝင္ေၾကာင္းသိရသည္။
လမ္းညႊန္ဆိုင္းဘုတ္မ်ားကို အလႉရွင္မ်ားက လႉဒါန္းထားတာျဖစ္၍ အလွဴရွင္နာမည္မ်ားကိုလည္း တပ္ဆင္ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။ဆိုင္းဘုတ္မ်ား ခိုင္ခံ့မႈရွိေစရန္ႏွင့္ စာသားမ်ား ေသသပ္လွပဖို႔ လုပ္ေဆာင္ထားၿပီး တိုင္တစ္တိုင္၏ ကုန္က်စရိတ္သည္ တိုင္၊ လမ္းညႊန္၊ေၾကာ္ျငာ၊ footing အပါအဝင္ ေျမက်င္းတူးခႏွင့္ တိုင္စိုက္အၿပီးက်ပ္ ၆၀,ဝ၀ဝ ကုန္က်နိုင္ေၾကာင္း တြက္ခ်က္ထားေၾကာင္း သိရသည္။လွဴဒါန္းထားၿပီး လမ္းညႊန္တိုင္ အေရအတြက္မွာ ၁၅,ဝ၀ဝ ႏွင့္၂၀,ဝ၀ဝ ၾကားအထိ ရွိေၾကာင္းသိရသည္။
မႏၲေလးၿမိဳ႕၏ လမ္းနံပါတ္မ်ားမွာ (၁) လမ္းမွ လမ္း(၅၀)အထိ အေရွ႕အေနာက္လမ္းမ်ား၊ (၅၁)လမ္းမွ နံပါတ္(၁၀ဝ)အတြင္းလမ္းမ်ားမွာ ေတာင္-ေျမာက္ လမ္းမ်ား၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ သိပၸံလမ္းေတာင္ဘက္လမ္းက စတင္ၿပီး အေရွ႕ - အေနာက္လမ္းမ်ားကို (၁၀၁) လမ္းမွ စတင္ကာ သတ္မွတ္ထားျခင္းျဖစ္သည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မန္တလေးတွင် လမ်းနံပါတ်နှင့် Zip Code ပါဝင်သည့် လမ်းညွှန်ဆိုင်းဘုတ်များကို ချမ်းမြသာစည်မြို့နယ် အတွင်းကလမ်းများတွင် စတင် တပ်ဆင်နေပြီဖြစ်ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်လမ်းက စတင်ပြီး (၁၀၁) လမ်းအဖြစ် နံပါတ်သတ်မှတ်ကာ လမ်းညွှန်ဆိုင်းဘုတ်မှာ ယခင် လမ်းဟောင်းအမည်၊ လက်ရှိ သတ်မှတ်ထားသည့်နံပါတ်နှင့် zip code နံပါတ်များပါဝင်ကြောင်းသိရသည်။
လမ်းညွှန်ဆိုင်းဘုတ်များကို အလှူရှင်များက လှူဒါန်းထားတာဖြစ်၍ အလှူရှင်နာမည်များကိုလည်း တပ်ဆင်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ဆိုင်းဘုတ်များ ခိုင်ခံ့မှုရှိစေရန်နှင့် စာသားများ သေသပ်လှပဖို့ လုပ်ဆောင်ထားပြီး တိုင်တစ်တိုင်၏ ကုန်ကျစရိတ်သည် တိုင်၊ လမ်းညွှန်၊ကြော်ငြာ၊ footing အပါအဝင် မြေကျင်းတူးခနှင့် တိုင်စိုက်အပြီးကျပ် ၆၀,ဝဝဝ ကုန်ကျနိုင်ကြောင်း တွက်ချက်ထားကြောင်း သိရသည်။လှူဒါန်းထားပြီး လမ်းညွှန်တိုင် အရေအတွက်မှာ ၁၅,ဝဝဝ နှင့်၂၀,ဝဝဝ ကြားအထိ ရှိကြောင်းသိရသည်။
မန္တလေးမြို့၏ လမ်းနံပါတ်များမှာ (၁) လမ်းမှ လမ်း(၅၀)အထိ အရှေ့အနောက်လမ်းများ၊ (၅၁)လမ်းမှ နံပါတ်(၁၀ဝ)အတွင်းလမ်းများမှာ တောင်-မြောက် လမ်းများ၊ ချမ်းမြသာစည်မြို့နယ်မှာ သိပ္ပံလမ်းတောင်ဘက်လမ်းက စတင်ပြီး အရှေ့ - အနောက်လမ်းများကို (၁၀၁) လမ်းမှ စတင်ကာ သတ်မှတ်ထားခြင်းဖြစ်သည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com