ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
စကၤာပူစီးပြားေရးသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ၀ ဒသမ ၇ ရာခိုင္ႏႈန္းျဖင့္ ဆယ္စုႏွစ္တစ္ခုအတြင္း အေႏွးေကြးဆံုးဖြံ႕ၿဖိဳးခဲ့သည္။ ၂၀၁၈ ဖြံ႕ၿဖိဳးႏႈန္း ၃ ဒသမ ၁ ရာခိုင္ႏႈန္းႏွင့္ယွဥ္လွ်င္ပင္ သိသိသာသာက်ဆင္းခဲ့ေၾကာင္း ဘလြန္းဘတ္အခ်က္အလက္မ်ားကို ကိုးကား၍ Channel News Asia သတင္းဌာနက ေဖာ္ျပခဲ့သည္။
၂၀၁၉ စတုတၳသံုးလပတ္အတြင္း ဂ်ီဒီပီ(ျပည္တြင္းအသားတင္ထုတ္ကုန္)သည္ ၂၀၁၈ စတုတၳသံုးလပတ္ႏွင့္အတူတူပင္ ၀ ဒသမ ၈ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့ေၾကာင္း၊ တတိယသံုးလပတ္ဖြံ႕ၿဖိဳးႏႈန္း ၀ ဒသမ ၇ ရာခိုင္ႏႈန္းထက္ အနည္းငယ္ပိုမိုေကာင္းမြန္ခဲ့ျခင္းျဖစ္ေၾကာင္း စကၤာပူကုန္သြယ္ေရးႏွင့္စက္မႈဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။
ကုန္ထုတ္လုပ္မႈက႑သည္ စတုတၳသံုးလပတ္အတြင္း ၂၀၁၈ ေအာက္ ၂၀၁၉ တြင္ ၂ ဒသမ ၁ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။ တတိယသံုးလပတ္တြင္လည္း ၀ ဒသမ ၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။
စတုတၳသံုးလပတ္အတြင္း ဝန္ေဆာင္မႈက႑ကမူ ၂၀၁၈ ခုႏွစ္ထက္ ၂၀၁၉ ခုႏွစ္တြင္ ၁ ဒသမ ၄ ရာခုိင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့သည္။ ၀ ဒသမ ၉ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့သည့္ တတိယသံုးလပတ္ထက္ ပိုမိုဖြံ႕ၿဖိဳးခဲ့ျခင္းျဖစ္သည္။ ေဆာက္လုပ္ေရးက႑ကလညး စတုတၳသံုးလပတ္အတြင္း ၂၀၁၈ ထက္ ၂၀၁၉ တြင္ ၂ ဒသမ ၁ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့ၿပီး တတိယသံုးလပတ္တြင္ ၂ ဒသမ ၄ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့သည္။
စကၤာပူစီးပြားေရးက်ဆင္းခဲ့ျခင္းသည္ တ႐ုတ္ႏွင့္ အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲျဖစ္ပြားေနျခင္းႏွင့္ လွ်ပ္စစ္ပစၥည္းက႑ က်ဆင္းခ်ိန္ကို ျပန္လည္ျဖတ္ေက်ာ္ေနရျခင္း ျဖစ္ပြားေနခိုက္ ႀကံဳေတြ႕ခဲ့ရျခင္းျဖစ္သည္။
၂၀၂၀ မွာလည္း ဂ်ီဒီပီဟာ ၂၀၁၉ ထက္ ၁ ကေန ၂ အၾကားပဲ ဆက္လက္ျမင့္တက္မယ္လုိ႔ ခန္႔မွန္းရပါတယ္။ ကုန္ထုတ္လုပ္မႈက႑ျပန္လည္နာလန္ထူမႈက ထံု႔ပိုင္းထံု႔ပိုင္းဆက္သြားေနမယ္ဆိုေပမဲ့ ဝန္ေဆာင္မႈနဲ႔ ေဆာက္လုပ္မႈက႑ေတြကေတာ့ ပိုၿပီးဖြံ႕ၿဖိဳးလာမွာပဲျဖစ္ပါတယ္။” ဟု OCBC ဘဏ္၏ ေငြတိုက္သုေတသနႏွင့္ မဟာဗ်ဴဟာေခါင္းေဆာင္ ဆလီနာလင္းက ေျပာၾကားခဲ့သည္။
စီးပြားေရးပညာရွင္မ်ားက ေဖေဖာ္ဝါရီ ၁၈ တြင္ စကၤာပူဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ဘ႑ာေရးဝန္ႀကီးျဖစ္သူ ဟန္ဆြီးကိ ထုတ္ျပန္ေၾကညာမည့္ ၂၀၂၀ ခုႏွစ္အသံုးစရိတ္ကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
### Unicode Version ###
စင်္ကာပူစီးပွားရေးသည် ပြီးခဲ့သည့်နှစ်တွင် ၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း အနှေးကွေးဆုံးဖွံ့ဖြိုးခဲ့သည်။ ၂၀၁၈ ဖွံ့ဖြိုးနှုန်း ၃ ဒသမ ၁ ရာခိုင်နှုန်းနှင့်ယှဉ်လျှင်ပင် သိသိသာသာကျဆင်းခဲ့ကြောင်း ဘလွန်းဘတ်အချက်အလက်များကို ကိုးကား၍ Channel News Asia သတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၁၉ စတုတ္ထသုံးလပတ်အတွင်း ဂျီဒီပီ(ပြည်တွင်းအသားတင်ထုတ်ကုန်)သည် ၂၀၁၈ စတုတ္ထသုံးလပတ်နှင့်အတူတူပင် ၀ ဒသမ ၈ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ကြောင်း၊ တတိယသုံးလပတ်ဖွံ့ဖြိုးနှုန်း ၀ ဒသမ ၇ ရာခိုင်နှုန်းထက် အနည်းငယ်ပိုမိုကောင်းမွန်ခဲ့ခြင်းဖြစ်ကြောင်း စင်္ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကုန်ထုတ်လုပ်မှုကဏ္ဍသည် စတုတ္ထသုံးလပတ်အတွင်း ၂၀၁၈ အောက် ၂၀၁၉ တွင် ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တတိယသုံးလပတ်တွင်လည်း ၀ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
စတုတ္ထသုံးလပတ်အတွင်း ဝန်ဆောင်မှုကဏ္ဍကမူ ၂၀၁၈ ခုနှစ်ထက် ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည်။ ၀ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည့် တတိယသုံးလပတ်ထက် ပိုမိုဖွံ့ဖြိုးခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးကဏ္ဍကလညး စတုတ္ထသုံးလပတ်အတွင်း ၂၀၁၈ ထက် ၂၀၁၉ တွင် ၂ ဒသမ ၁ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ပြီး တတိယသုံးလပတ်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည်။
စင်္ကာပူစီးပွားရေးကျဆင်းခဲ့ခြင်းသည် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေခြင်းနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ ကျဆင်းချိန်ကို ပြန်လည်ဖြတ်ကျော်နေရခြင်း ဖြစ်ပွားနေခိုက် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
၂၀၂၀ မှာလည်း ဂျီဒီပီဟာ ၂၀၁၉ ထက် ၁ ကနေ ၂ အကြားပဲ ဆက်လက်မြင့်တက်မယ်လို့ ခန့်မှန်းရပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍပြန်လည်နာလန်ထူမှုက ထုံ့ပိုင်းထုံ့ပိုင်းဆက်သွားနေမယ်ဆိုပေမဲ့ ဝန်ဆောင်မှုနဲ့ ဆောက်လုပ်မှုကဏ္ဍတွေကတော့ ပိုပြီးဖွံ့ဖြိုးလာမှာပဲဖြစ်ပါတယ်။” ဟု OCBC ဘဏ်၏ ငွေတိုက်သုတေသနနှင့် မဟာဗျူဟာခေါင်းဆောင် ဆလီနာလင်းက ပြောကြားခဲ့သည်။
စီးပွားရေးပညာရှင်များက ဖေဖော်ဝါရီ ၁၈ တွင် စင်္ကာပူဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဟန်ဆွီးကိ ထုတ်ပြန်ကြေညာမည့် ၂၀၂၀ ခုနှစ်အသုံးစရိတ်ကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com