ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴတြင္တ႐ုတ္၏ မဂၢါဝပ္ ၁၃၅ သဘာဝ ဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံကို ခြင့္ျပဳလိုက္ေၾကာင္း ရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္က ထုတ္ျပန္ေၾကညာသည္။
ယခုစီမံကိန္းသည္ ၂၀၂၀ တြင္ ပထမဦးဆုံးခြင့္ျပဳသည့္ ရင္းႏွီးျမႇပ္ႏွံမႈ ၆ ခုအနက္မွ တစ္ခုျဖစ္ၿပီး ေကာ္မရွင္က ခြင့္ျပဳရာတြငစုစုေပါင္း ေဒၚလာသန္း ၂၆၀ ခန႔္ရွိသည္ဟုဆိုသည္။
ေကာ္မရွင္က ခြင့္ျပဳရာတြင္ အဆိုပါစီမံကိန္းကို ေက်ာက္ျဖဴၿမိဳ႕နယ္ ဂုံးခြၽိန္ကြင္းေက်း႐ြာအုပ္စုတြင္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈအျဖစ္ခြင့္ျပဳသည္ဟု ဆိုသည္။ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံးဓာတ္အားေပးစက္႐ုံဟု ေကာ္မရွင္ကဆိုသည္။
ထိုစီမံကိန္းကို တ႐ုတ္ကုမၸဏီ Sinohydro ကုမၸဏီႏွင့္ ျပည္တြင္း စူပရင္းကုမၸဏီတို႔ အက်ိဳးတူပူးေပါင္းၿပီး စုစုေပါင္း ေဒၚလာသန္း ၁၈၀ ရင္းႏွီးျမႇပ္ႏွံမည္ ျဖစ္သည္။
၂၀၂၁ ႏွစ္ကုန္းပိုင္းတြင္ လွ်ပ္စစ္ဓာတ္အား စတင္ထုတ္လုပ္မည္ျဖစ္ၿပီး လွ်ပ္စစ္တစ္ယူနစ္ကို က်ပ္ ၄၀ ျဖင့္အစိုးရကို ေရာင္းခ်မည္ဟုဆိုသည္။
Sinohydro ကုမၸဏီသည္ တ႐ုတ္အစိုးရပိုင္ ကုမၸဏီတစ္ခုျဖစ္ၿပီး တ႐ုတ္ႏိုင္ငံတြင္ ဆဌမေျမာက္အႀကီးဆုံး ကုမၸဏီျဖစ္သည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင်တရုတ်၏ မဂ္ဂါဝပ် ၁၃၅ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှပ်နှံမှုကော်မရှင်က ထုတ်ပြန်ကြေညာသည်။
ယခုစီမံကိန်းသည် ၂၀၂၀ တွင် ပထမဦးဆုံးခွင့်ပြုသည့် ရင်းနှီးမြှပ်နှံမှု ၆ ခုအနက်မှ တစ်ခုဖြစ်ပြီး ကော်မရှင်က ခွင့်ပြုရာတွငစုစုပေါင်း ဒေါ်လာသန်း ၂၆၀ ခန့်ရှိသည်ဟုဆိုသည်။
ကော်မရှင်က ခွင့်ပြုရာတွင် အဆိုပါစီမံကိန်းကို ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကွင်းကျေးရွာအုပ်စုတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအဖြစ်ခွင့်ပြုသည်ဟု ဆိုသည်။ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံဟု ကော်မရှင်ကဆိုသည်။
ထိုစီမံကိန်းကို တရုတ်ကုမ္ပဏီ Sinohydro ကုမ္ပဏီနှင့် ပြည်တွင်း စူပရင်းကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး စုစုပေါင်း ဒေါ်လာသန်း ၁၈၀ ရင်းနှီးမြှပ်နှံမည် ဖြစ်သည်။
၂၀၂၁ နှစ်ကုန်းပိုင်းတွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်မည်ဖြစ်ပြီး လျှပ်စစ်တစ်ယူနစ်ကို ကျပ် ၄၀ ဖြင့်အစိုးရကို ရောင်းချမည်ဟုဆိုသည်။
Sinohydro ကုမ္ပဏီသည် တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင် ဆဌမမြောက်အကြီးဆုံး ကုမ္ပဏီဖြစ်သည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com