ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ခ်င္းျပည္နယ္ေတာင္ပိုင္း မတူပီေဒသက ပုဂၢလိကေလယာဥ္ကြင္းငယ္တစ္ခုကို အေကာင္အထည္ေဖာ္ေနၿပီး ေမလကုန္မွာ ဖြင့္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ Mission Aviation Fellowship (MAF) ရဲ႕ အေထြေထြမန္ေနဂ်ာ ေခါင္ဒီးရမ္ကေျပာပါတယ္။
ဒီေလယာဥ္ကြင္းငယ္ကို ၂၀၁၇ ႏွစ္ကုန္ပိုင္းမွာ စတင္အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ၿပီး ကုန္က်ေငြ အေမရိကန္ေဒၚလာ ၁ ဒႆမ ၃ သန္း အကုန္က်ခံထားတယ္လို႔ သိရပါတယ္။
အခုေလယာဥ္ကြင္းငယ္ ကုန္က်ေငြေတြကိုေတာ့ MAF က အလႉေငြရွာေဖြၿပီး ခ်င္းျပည္နယ္ေဒသဖြံ႕ၿဖိဳးေရးအတြက္ တည္ေဆာက္တာျဖစ္တယ္လို႔ ဆိုပါတယ္။
ေလယာဥ္ကြင္းတည္ေဆာက္ၿပီးစီးခ်ိန္မွာ ေလယာဥ္ဆင္းသက္ ေျပးဆြဲခြင့္ရဖို႔ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနကို တင္ျပညႇိႏႈိင္းေနတယ္လို႔ သိရပါတယ္။
ေလယာဥ္ကြင္းတည္ေဆာက္တာကို ျပည္နယ္အစိုးရထံ လာေရာက္ေဆြးေႏြးတင္ျပတာေတြရွိခဲ့ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕ထံ တင္ျပၿပီးအေကာင္းအထည္ ေဖာ္ေနတာလို႔ ခ်င္းျပည္နယ္ ၊အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးဦးစိုးထက္က ေျပာပါတယ္။
ခ်င္းျပည္နယ္ ရဲ႕ ပထမဆုံးေလဆိပ္ကိုေတာ့ အစိုးရက ဖလမ္းၿမိဳ႕နယ္မွာတည္ေဆာက္ေနတာျဖစ္ၿပီးလာမယ့္ ဇြန္လထဲမွာ ဖြင့္လွစ္သြားဖို႔ ရွိေနပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ချင်းပြည်နယ်တောင်ပိုင်း မတူပီဒေသက ပုဂ္ဂလိကလေယာဉ်ကွင်းငယ်တစ်ခုကို အကောင်အထည်ဖော်နေပြီး မေလကုန်မှာ ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ Mission Aviation Fellowship (MAF) ရဲ့ အထွေထွေမန်နေဂျာ ခေါင်ဒီးရမ်ကပြောပါတယ်။
ဒီလေယာဉ်ကွင်းငယ်ကို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်း အကုန်ကျခံထားတယ်လို့ သိရပါတယ်။
အခုလေယာဉ်ကွင်းငယ် ကုန်ကျငွေတွေကိုတော့ MAF က အလှူငွေရှာဖွေပြီး ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
လေယာဉ်ကွင်းတည်ဆောက်ပြီးစီးချိန်မှာ လေယာဉ်ဆင်းသက် ပြေးဆွဲခွင့်ရဖို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို တင်ပြညှိနှိုင်းနေတယ်လို့ သိရပါတယ်။
လေယာဉ်ကွင်းတည်ဆောက်တာကို ပြည်နယ်အစိုးရထံ လာရောက်ဆွေးနွေးတင်ပြတာတွေရှိခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီးအကောင်းအထည် ဖော်နေတာလို့ ချင်းပြည်နယ် ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ ပထမဆုံးလေဆိပ်ကိုတော့ အစိုးရက ဖလမ်းမြို့နယ်မှာတည်ဆောက်နေတာဖြစ်ပြီးလာမယ့် ဇွန်လထဲမှာ ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com