စကၤာပူ၌ ဝယ္လိုအားရွိသည့္ ေဆာက္လုပ္မႈပမာဏ ၂၀၂၀ ျပည့္ႏွစ္တြင္ ဆက္လက္အားေကာင္းမည္

စကၤာပူ၌ ဝယ္လိုအားရွိသည့္ ေဆာက္လုပ္မႈပမာဏ ၂၀၂၀ ျပည့္ႏွစ္တြင္ ဆက္လက္အားေကာင္းမည္ - Property News in Myanmar from iMyanmarHouse.com
13 Jan 2020 11:33 am တွင် တင်ခဲ့သည်
783 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူတြင္ ၂၀၁၉ ခုႏွစ္အတြင္း ဝယ္လုိအားရွိသည့္ စုစုေပါင္းေဆာက္လုပ္မႈပမာဏသည္ ၉ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး စကၤာပူေဒၚလာ ၃၃ ဒသမ ၄ ဘီလ်ံ ရွိခဲ့ကာ အေဆာက္အအံုႏွင့္ ေဆာက္လုပ္မႈအာဏာပိုင္အဖြဲ႕ (BCA) ၏ ၂၀၁၉ ႀကိဳတင္ခန္႔မွန္းခ်က္ (စကၤာပူေဒၚလာ ၂၇ ဘီလ်ံမွ ၃၂ ဘီလ်ံအၾကား) ၏ အျမင့္ဆံုးပမာဏထက္ ၁ ဒသမ ၄ ဘီလ်ံခန္႔ ပိုမိုျမင့္မားခဲ့သည္။

ယင္းမွာ ကုန္ထုတ္လုပ္မႈက႑ဖြံ႕ၿဖိဳးမႈက်ဆင္းေနေသာ္လည္း ေရနံဓာတုစက္႐ံုမ်ားအတြက္ စက္မႈလုပ္ငန္းဆုိင္ရာေဆာက္လုပ္မႈပာမဏသည္ခန္႔မွန္းခဲ့သည္ထက္ ပိုမိုအားေကာင္းခဲ့ျခင္းေၾကာင့္ အဓိကျဖစ္ေၾကာင္း သိရသည္။

အမ်ားျပည္သူက႑ေဆာက္လုပ္မႈဆုိင္ရာ ဝယ္လိုအားေကာင္းျခင္းေၾကာင့္ ဝယ္လိုအားရွိသည့္ စုစုေပါင္းေဆာက္လုပ္မႈပမာဏသည္ ၂၀၂၀ တြင္ ဆက္လက္ျမင့္မားမည္ဟု BCA က ခန္႔မွန္းထားသည္။

ယခု ၂၀၂၀ ျပည့္ႏွစ္တြင္ ဝယ္လိုအားရွိသည့္ စုစုေပါင္းေဆာက္လုပ္မႈပမာဏသည္ စကၤာပူေဒၚလာ ၂၈ ဘီလ်ံမွ ၃၃ ဘီလ်ံဝန္းက်င္အၾကားရွိမည္ဟု ခန္႔မွန္းရေၾကာင္း BCA ၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အမ်ားျပည္သူက႑ဆိုင္ရာေဆာက္လုပ္မႈပမာဏက ထိုစုစုေပါင္းေဆာက္လုပ္မႈပမာဏ၏ ၆၀ ရာခိုင္ႏႈန္း၊ ပမာဏအားျဖင့္ ေဒၚလာ ၁၇ ဒသမ ၅ ဘီလ်ံမွ ၂၀ ဒသမ ၅ ဘီလ်ံအၾကား ရွိမည္ဟုလည္း ခန္႔မွန္းထားသည္။

Jurong Region MRT Line ႏွင့္ Changi Airport Terminal 5 တို႔အတြက္ အေျခခံအေဆာက္အအံုလုပ္ငန္းမ်ားႏွင့္ Integrated Waste Management Facility တို႔ကဲ့သို႔ေသာ အေျခခံအေဆာက္အအံုစီမံကိန္းႀကီးမ်ားက အမ်ားျပည္သူက႑ေဆာက္လုပ္မႈပမာဏကို ျမင့္တက္ေစမည္ဟု အာဏာပိုင္မ်ားက ခန္႔မွန္းေနၾကသည္။

ပုဂၢလိကက႑ဆိုင္ရာ ေဆာက္လုပ္မႈပမာဏကမူ ၁၀ ဒသမ ၅ ဘီလ်ံမွ ၁၂ ဒသမ ၅ ဘီလ်ံအၾကား ရွိမည္ဟု BCA က ခန္႔မွန္းထားသည္။

၂၀၁၉ ခုႏွစ္တြင္ ပုဂၢလိကႏွင့္ အမ်ားျပည္သူဆုိင္ရာက႑မ်ားအတြက္ စုစုေပါင္းအႀကိဳေဆာက္လုပ္မႈ (ေဆာက္လုပ္ခြင့္ေလွ်ာက္ထားခ်က္) ပမာဏသည္ ေဒၚလာ ၁၄ ဒသမ ၄ ဘီလ်ံႏွင့္ ၁၉ ဘီလ်ံ စီ အသီသီး ရွိခဲ့သည္။

ဝယ္လိုအားရွိသည့္ ေဆာက္လုပ္မႈပမာဏသည္ ကာလလတ္အတြင္း တည္ၿငိမ္မည္ျဖစ္သည္ဟုလည္း BCA က ခန္႔မွန္းထားသည္။ ဝယ္လုိအားရွိသည့္ ေဆာက္လုပ္မႈပမာဏသည္ ၂၀၂၁ ခုႏွစ္ႏွင့္ ၂၀၂၂ ခုႏွစ္တြင္ ေဒၚလာ ၂၇ ဘီလ်ံမွ ေဒၚလာ ၃၄ ဘီလ်ံအၾကားႏွင့္ ၂၀၂၃ ခုႏွစ္ႏွင့္ ၂၀၂၄ ခုႏွစ္တို႔တြင္ ေဒၚလာ ၂၈ ဘီလ်ံမွ ေဒၚလာ ၃၅ ဘီလ်ံအၾကား ရွိမည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

စင်္ကာပူတွင် ၂၀၁၉ ခုနှစ်အတွင်း ဝယ်လိုအားရှိသည့် စုစုပေါင်းဆောက်လုပ်မှုပမာဏသည် ၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စင်္ကာပူဒေါ်လာ ၃၃ ဒသမ ၄ ဘီလျံ ရှိခဲ့ကာ အဆောက်အအုံနှင့် ဆောက်လုပ်မှုအာဏာပိုင်အဖွဲ့ (BCA) ၏ ၂၀၁၉ ကြိုတင်ခန့်မှန်းချက် (စင်္ကာပူဒေါ်လာ ၂၇ ဘီလျံမှ ၃၂ ဘီလျံအကြား) ၏ အမြင့်ဆုံးပမာဏထက် ၁ ဒသမ ၄ ဘီလျံခန့် ပိုမိုမြင့်မားခဲ့သည်။

ယင်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးမှုကျဆင်းနေသော်လည်း ရေနံဓာတုစက်ရုံများအတွက် စက်မှုလုပ်ငန်းဆိုင်ရာဆောက်လုပ်မှုပာမဏသည် ခန့်မှန်းခဲ့သည်ထက် ပိုမိုအားကောင်းခဲ့ခြင်းကြောင့် အဓိကဖြစ်ကြောင်း သိရသည်။

အများပြည်သူကဏ္ဍဆောက်လုပ်မှုဆိုင်ရာ ဝယ်လိုအားကောင်းခြင်းကြောင့် ဝယ်လိုအားရှိသည့် စုစုပေါင်းဆောက်လုပ်မှုပမာဏသည် ၂၀၂၀ တွင် ဆက်လက်မြင့်မားမည်ဟု BCA က ခန့်မှန်းထားသည်။

ယခု ၂၀၂၀ ပြည့်နှစ်တွင် ဝယ်လိုအားရှိသည့် စုစုပေါင်းဆောက်လုပ်မှုပမာဏသည် စင်္ကာပူဒေါ်လာ ၂၈ ဘီလျံမှ ၃၃ ဘီလျံဝန်းကျင်အကြားရှိမည်ဟု ခန့်မှန်းရကြောင်း BCA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အများပြည်သူကဏ္ဍဆိုင်ရာဆောက်လုပ်မှုပမာဏက ထိုစုစုပေါင်းဆောက်လုပ်မှုပမာဏ၏ ၆၀ ရာခိုင်နှုန်း၊ ပမာဏအားဖြင့် ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံမှ ၂၀ ဒသမ ၅ ဘီလျံအကြား ရှိမည်ဟုလည်း ခန့်မှန်းထားသည်။

Jurong Region MRT Line နှင့် Changi Airport Terminal 5 တို့အတွက် အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် Integrated Waste Management Facility တို့ကဲ့သို့သော အခြေခံအဆောက်အအုံစီမံကိန်းကြီးများက အများပြည်သူကဏ္ဍဆောက်လုပ်မှုပမာဏကို မြင့်တက်စေမည်ဟု အာဏာပိုင်များက ခန့်မှန်းနေကြသည်။

ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ဆောက်လုပ်မှုပမာဏကမူ ၁၀ ဒသမ ၅ ဘီလျံမှ ၁၂ ဒသမ ၅ ဘီလျံအကြား ရှိမည်ဟု BCA က ခန့်မှန်းထားသည်။

၂၀၁၉ ခုနှစ်တွင် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာကဏ္ဍများအတွက် စုစုပေါင်းအကြိုဆောက်လုပ်မှု (ဆောက်လုပ်ခွင့်လျှောက်ထားချက်) ပမာဏသည် ဒေါ်လာ ၁၄ ဒသမ ၄ ဘီလျံနှင့် ၁၉ ဘီလျံ စီ အသီသီး ရှိခဲ့သည်။

ဝယ်လိုအားရှိသည့် ဆောက်လုပ်မှုပမာဏသည် ကာလလတ်အတွင်း တည်ငြိမ်မည်ဖြစ်သည်ဟုလည်း BCA က ခန့်မှန်းထားသည်။ ဝယ်လိုအားရှိသည့် ဆောက်လုပ်မှုပမာဏသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂၇ ဘီလျံမှ ဒေါ်လာ ၃၄ ဘီလျံအကြားနှင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ဒေါ်လာ ၂၈ ဘီလျံမှ ဒေါ်လာ ၃၅ ဘီလျံအကြား ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service