တရုတ်သမ္မတခရီးစဉ်မှာ စီးပွားရေးနဲ့ ကုန်သွယ်ရေးစာချုပ်တွေလက်မှတ်ရေးထိုးမယ်

တရုတ်သမ္မတခရီးစဉ်မှာ စီးပွားရေးနဲ့ ကုန်သွယ်ရေးစာချုပ်တွေလက်မှတ်ရေးထိုးမယ် - Property News in Myanmar from iMyanmarHouse.com
13 Jan 2020 11:22 am တွင် တင်ခဲ့သည်
1839 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###





ကုန်သွယ်ရေးပတ်သတ်ပြီး ညွှန်ကြားရေးမှူးချုပ်အဆင့် ကော်မတီအဖွဲ့၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း ရေးထိုးမယ်လို့ ပြောပါတယ်။




### Unicode Version ###

မကြာခင်လာရောက်မယ့် တရုတ်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တွေ နှစ်နိုင်ငံလက်မှတ်ရေးထိုးကြမယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ဒုတိယမြောက် အထူးစီးပွားရေးဇုန်ဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီ Frame Work အောက်မှာရှိတဲ့ အချက် ၇ ချက်ထဲက ၂ ချက်လက်မှတ်ထိုးမယ်လို့ သိရပါတယ်။

အဲဒီ ၂ချက်မှာ ရေနက်ဆိပ်ကမ်းကိစ္စတွေပါဝင်ပြီး အဲဒီအချက်တွေပြီးရင် စက်မှုဇုန်တည်ထောင်ရေးအပိုင်း တွေဆက်လက်ညှိနှိုင်းရမယ်လို့လည်းဦးအောင်ထူးကပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာအရင်အစိုးရလက်ထက်ကမြန်မာဘက်က ၁၅ ရာခိုင်နှုန်းသာပိုင်ဆိုင်ခွင့်ရပေမယ့်ဒီချုပ်အစိုးရလက်ထက်မှာ ၃၀ ရာခိုင်နှုန်းအထိရအောင် ပြန်လည်ညှိနှိုင်းထားတာဖြစ်သလိုကုန်ကျစရိတ်တွေလည်းလျှော့ချထားတာပါ။

ကုန်သွယ်ရေးပတ်သတ်ပြီး ညွှန်ကြားရေးမှူးချုပ်အဆင့် ကော်မတီအဖွဲ့၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တခုကိုလည်း ရေးထိုးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ စပါး၊ ကျွဲနွားအရှင်တင်ပို့မှုတွေ အပါအဝင် ကုန်သွယ်မှုဆိုင်ရာကိစ္စ ၃ ချက်ကိုလည်း စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့လည်း ဒုတိယဝန်ကြီးဦးအောင်ထူးကဆိုပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service