ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ၈၀ ပတ်လည် မြေကွက် (၁၉၇) ကွက်များကို မဲနှိုက်နေရာချထားခြင်းအစီအစဉ်အား ၂၀၂၀ ဇန်နဝါရီ ၁၀ ရက်က nptdc Webportal နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook Page တွင် Live ထုတ်လွှင့်ပြသပေးခဲ့သည်။
အဆိုပါ မြေကွက်မဲနှိုက်ခြင်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးက မြေဂရန်ထုတ်ပေးဖို့ မူလကတိကဝတ်အတိုင်း သတင်းစာပါ ကျွန်တော်တို့ရဲ့စည်းကမ်းချက် (၉) ချက်ကို လိုက်နာဆောင်ရွက်ပြီးမှသာ မြေဂရန်ကို ထုတ်ပေးမှာဖြစ်ကြောင်း၊၆ လအတွင်း ခြံစည်းရိုးခတ်ဖို့၊၂ နှစ်အတွင်း အိမ်အပြီးဆောက်ဖို့က မြေကွက်ဝယ်ယူသူများ၏တာဝန်ဖြစ်ကြောင်း၊အိမ်ဆောက်သည့်အခါမှာလည်း အိမ်ဆောက်မယ့်ပုံစံကို စည်ပင်သာယာလုပ်ထုံးလုပ်နည်းအတိုင်း ဆောက်လုပ်ခွင့်တင်ပြရမည်ဖြစ်ကြောင်း၊သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ပုံစံကိုတင်ပြနိုင်မည်ဆိုလျှင် ကျွန်တော်တို့အနေဖြင့် အချိန်မဆိုင်းဘဲခွင့်ပြုပေးမှာဖြစ်ကြောင်း ပြောသည်။
နေပြည်တော်စည်ပင် အနေဖြင့် မြေကွက်များကိုရောင်းချပေးခြင်းသည်အမှန်တကယ် အခြေချနေထိုင်လိုသူများအတွက်သာရည်ရွယ်ကြောင်း နေပြည်တော်ဒုတိမြို့တော်ဝန်ဦးရဲမင်းဦးကပြောသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com