ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
### Unicode Version ###
မြန်မာနိုင်ငံအတွင်း ရွှေသန့်စင်လုပ်ငန်းလုပ်ဖို့ အင်္ဂလန်နိုင်ငံက လာရောက်ဆွေးနွေးထားတာရှိတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
ဒီလိုရွှေသန့်စင်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ပြီး ထွက်ရှိလာတဲ့ရွှေတွေကို အင်္ဂလန်နိုင်ငံဈေးကွက်အတွင်း ပြန်လည်ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယခုလာရောက်လုပ်ကိုင်မယ့် အင်္ဂလန်နိုင်ငံအခြေစိုက်ကုမ္ပဏီအနေနဲ့ စံချိန်မီရွှေ ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်းကိုလည်း ထုတ်နိုင်တဲ့အခြေအနေမှာ ရှိပြီး ရွှေထုတ်လုပ်ရာမှာ ကျန်ရှိနိုင်တဲ့ ဓာတုအကျွင်းအကျန်တွေကိုလည်း ကုန်စင်အောင်ဖယ်ရှာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေသန့်စင်လုပ်ငန်းကို နိုင်ငံတကာနဲ့ တွဲလုပ်မှသာ နည်းပညာတွေပါ ရရှိတိုးတက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
နေးရှင်းမြန် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com