ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
၂၀၂၀ ျပည့္ႏွစ္ မတ္လတြင္ လွည္းကူး စက္မႈဥယ်ာဥ္စီမံကိန္း အေကာင္အထည္ေဖာ္မႈ စတင္မည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ လွည္းကူးစက္မႈဥယ်ာဥ္စီမံကိန္းကို ေျမဧက ၁၄၈၇ ဒသမ ၅ တြင္ စင္ကာပူ-ျမန္မာ ႏွစ္ႏိုင္ငံပူးေပါင္းတည္ေထာင္မည္ျဖစ္ေၾကာင္း သိရသည္။
စီမံကိန္းတည္ေထာင္သူမ်ားအျဖစ္ ျပည္တြင္းမွ City Mart Holding Co.,Ltd.(CMHL) ,Myanmar Agribusiness Public Co.,Ltd. (MAPCO)ႏွင့္ စင္ကာပူမွ Sembcrop CSSD Myanmar Co.,Ltd. တို႔က ၂၀၁၉ ခုႏွစ္ဇူလိုင္ ၃၀ ရက္က လက္မွတ္ေရးထိုးခဲ့ၾကသည္။
ယင္းကုမၸဏီ ၃ ခု ပူးေပါင္းၿပီး MSIP(Hlegu) JV ကုမၸဏီကိုတည္ေထာင္ဖြဲ႔စည္းၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္တြင္ မွတ္ပုံတင္ထားကာ ေကာ္မရွင္၏ ခြင့္ျပဳခ်က္ေစာင့္ဆိုင္းေနေၾကာင္းသိရသည္။
ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ၂၃၁ သန္း ေက်ာ္မည္ျဖစ္ၿပီး ရွယ္ယာပိုင္ဆိုင္မႈအေနျဖင့္ Sembcrop က ၆၇ ရာခိုင္ႏႈန္း၊City Mart Holding ပိုင္ဆိုင္ေသာ Patama Group က ၁၈ ရာခိုင္ႏႈန္းႏွင့္ (MAPCO) က ၁၅ ရာခိုင္ႏႈန္း အသီးသီးပါဝင္ရင္းႏွီးျမွဳပ္ႏွံၾကမည္ ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ စီမံကိန္းသည္ ရန္ကုန္တိုင္းအစိုးရပိုင္ေျမေပၚတြင္ အေကာင္အထည္ေဖာ္မည္ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကလည္း အတည္ျပဳထားၿပီးျဖစ္ေၾကာင္းသိရသည္။
အေကာင္အထည္ေဖာ္မည့္ စီမံကိန္းအတြင္း အေထြေထြက႑စက္ရုံမ်ား၊အစားအေသာက္ႏွင့္ပတ္သက္ေသာ စက္ရုံမ်ား၊ေထာက္ပံ႔ပို႔ ေဆာင္ေရးသိုေလွာင္ရုံမ်ားအျပင္ လွ်ပ္စစ္မီး၊လမ္းႏွင့္အေျခခံအေဆာက္အအုံအားလုံးအတြက္စီစဥ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
၂၀၂၀ ပြည့်နှစ် မတ်လတွင် လှည်းကူး စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်မှု စတင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လှည်းကူးစက်မှုဥယျာဉ်စီမံကိန်းကို မြေဧက ၁၄၈၇ ဒသမ ၅ တွင် စင်ကာပူ-မြန်မာ နှစ်နိုင်ငံပူးပေါင်းတည်ထောင်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတည်ထောင်သူများအဖြစ် ပြည်တွင်းမှ City Mart Holding Co.,Ltd.(CMHL) ,Myanmar Agribusiness Public Co.,Ltd. (MAPCO)နှင့် စင်ကာပူမှ Sembcrop CSSD Myanmar Co.,Ltd. တို့က ၂၀၁၉ ခုနှစ်ဇူလိုင် ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းကုမ္ပဏီ ၃ ခု ပူးပေါင်းပြီး MSIP(Hlegu) JV ကုမ္ပဏီကိုတည်ထောင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားကာ ကော်မရှင်၏ ခွင့်ပြုချက်စောင့်ဆိုင်းနေကြောင်းသိရသည်။
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ၂၃၁ သန်း ကျော်မည်ဖြစ်ပြီး ရှယ်ယာပိုင်ဆိုင်မှုအနေဖြင့် Sembcrop က ၆၇ ရာခိုင်နှုန်း၊City Mart Holding ပိုင်ဆိုင်သော Patama Group က ၁၈ ရာခိုင်နှုန်းနှင့် (MAPCO) က ၁၅ ရာခိုင်နှုန်း အသီးသီးပါဝင်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရပိုင်မြေပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကလည်း အတည်ပြုထားပြီးဖြစ်ကြောင်းသိရသည်။
အကောင်အထည်ဖော်မည့် စီမံကိန်းအတွင်း အထွေထွေကဏ္ဍစက်ရုံများ၊အစားအသောက်နှင့်ပတ်သက်သော စက်ရုံများ၊ထောက်ပံ့ပို့ ဆောင်ရေးသိုလှောင်ရုံများအပြင် လျှပ်စစ်မီး၊လမ်းနှင့်အခြေခံအဆောက်အအုံအားလုံးအတွက်စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com