ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
### Unicode Version ###
ဇန်နဝါရီလ (၇)ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရထံသို့ Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန်က မိမိတို့ ကုမ္ပဏီနှင့် ဟန်ဂေရီနိုင်ငံမှ နည်းပညာရှင်များနှင့် ပူးပေါင်း၍ ပဲခူးဒေသတွင် EV Bus Car (လျှပ်စစ်မော်တော်ကား) ထုတ်လုပ်ဖြန့်ဖြူး ပြေးဆွဲခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ် စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်းက လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပြေးဆွဲခြင်းများသည် သဘာဝဂေဟစနစ်ပျက်စီးမှုကို လျော့ကျစေပြီး သယ်ယူပို့ဆောင်ရေးအတွက် အလွန်အသုံးဝင်မည်ဖြစ်ကြောင်း၊ တောင်သူအကျိုးပြု ဓာတုကင်းလွတ် သီးနှံစိုက်ခင်းများ ဖော်ဆောင်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖော်ဆောင်ရန် ရည်ရွယ်ချက်သည်လည်း ဒေသခံပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိနိုင်ပြီး စားသုံးသူများကိုလည်းကျန်းမာရေးအထောက်အကူဖြစ်စေနိုင်ကြောင်း၊ လုပ်ငန်းစဉ်(၂) ကို ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းစဉ်အသေးစိတ်အား ထပ်မံလာရောက်တင်ပြပေးစေလိုကြောင်းပြောကြားသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com