ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွ အသစ္ထုတ္လုပ္လိုက္သည့္ ဗိုလ္ခ်ဳပ္ပံုပါ ေငြစကၠဴတစ္ေထာင္က်ပ္တန္ မ်ားကုိ ဘဏ္မ်ားတြင္ ေပးထားသည့္ခြဲတမ္းကုန္သည္အထိ လဲလွယ္ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္ထံမွသိရသည္။
" တစ္ေထာင္တန္အသစ္လဲလွယ္ေပးတာေတြကုိ ျမန္မာနိုင္ငံအႏွံ ျဖန့္ေပးထားတဲ့ ဘဏ္ေတြရဲ့ ခြဲတမ္းအလိုက္ လဲလွယ္ေပးေနတယ္ တခ်ိဳ့ေနရာေတြမွာ လူတစ္ဦးကို ၁၀ရြက္ လဲေပးတာေတြရွိသလို ၅ ရြက္ပဲလဲေပးတာမ်ိဳးေတြ ရွိတယ္။ Stock ရွိသေလာက္ျဖန့္သြားမယ္ ဗဟိုဘဏ္ကထပ္ေပးတဲ့ အခ်ိန္ၾကရင္လည္းထပ္လဲလွယ္ေပးသြားမယ္"ဟု ျမန္မာ့စီးပြားေရးဘဏ္ ရွမ္းျပည္နယ္လာရႈိးဘဏ္ခြဲမွ လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးေအာင္မ်ိဳးထြန္းကရွင္းျပသည္။
ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ ဗိုလ္ခ်ဳပ္ပံုပါ တစ္ေထာင္က်ပ္တန္ ေငြစကၠဴမ်ားကုိ ဇန္န၀ါရီလ ၄ ရက္ေန႔က တရား၀င္စတင္ျဖန့္ခ်ီခဲ့့ျခင္းျဖစ္ျပီး အစိုးရနွင့္ ပုဂၢလိကဘဏ္မ်ားမွ ဇန္န၀ါရီလ ၇ ကစတင္လဲလွယ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါဘဏ္ထံမွသိရသည္။
ဗဟိုဘဏ္မွ တစ္ေထာင္က်ပ္တန္ ေငြစကၠဴအသစ္မ်ားကုိ ျမန္မာတစ္နိုင္ငံလံုးရွိ ဘဏ္မ်ားတြင္ ျဖန္႔ခ်ီခဲ့ေသာ္လည္း ပုဂလိကဘဏ္မ်ားမွ ရရွိသည့္ခြဲတမ္းနွင့္ ဘဏ္ခြဲအေရအတြက္ မ်ားျပားသည့္အတြက္ ဘဏ္ခြဲမ်ားမွ ေငြထုတ္ရာတြင္ ထည့္သြင္းေပးသြားမည္ျဖစ္ေၾကာင္း ကမၻာဇဘဏ္ထံမွသိရသည္။
" ခြဲတမ္းကေတာ့ရတယ္ အေရအတြက္ နည္းေသးတဲ့အတြက္ ဘဏ္မွာ ေငြထုတ္တဲ့ သူေတြမွာ ထည့္ေပးတာမ်ိဳးေတြလုပ္သြားမယ္။ ဗဟိုဘဏ္အေနနဲ႔ ဗိုလ္ခ်ဳပ္ပုိက္ဆံေတြကို ထပ္ထုတ္သြားမွာျဖစ္လို႔ ေနာက္ပုိင္းဘဏ္တုိင္းမွာ လဲလွယ္လို႔ရသြားမွာပါ"ဟု ကမၻာဇဘဏ္၏ အႀကီးတန္းအႀကံေပး ဦးသန္းလြင္ကေျပာၾကားသည္။
လက္ရွိတြင္ ဗိုလ္ခ်ဳပ္ပံုပါ တစ္ေထာင္က်ပ္တန္ လဲလွယ္မႈကို
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသစ်ထုတ်လုပ်လိုက်သည့် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတစ်ထောင်ကျပ်တန် များကို ဘဏ်များတွင် ပေးထားသည့်ခွဲတမ်းကုန်သည်အထိ လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှသိရသည်။
" တစ်ထောင်တန်အသစ်လဲလှယ်ပေးတာတွေကို မြန်မာနိုင်ငံအနှံ ဖြန့်ပေးထားတဲ့ ဘဏ်တွေရဲ့ ခွဲတမ်းအလိုက် လဲလှယ်ပေးနေတယ် တချို့နေရာတွေမှာ လူတစ်ဦးကို ၁၀ရွက် လဲပေးတာတွေရှိသလို ၅ ရွက်ပဲလဲပေးတာမျိုးတွေ ရှိတယ်။ Stock ရှိသလောက်ဖြန့်သွားမယ် ဗဟိုဘဏ်ကထပ်ပေးတဲ့ အချိန်ကြရင်လည်းထပ်လဲလှယ်ပေးသွားမယ်"ဟု မြန်မာ့စီးပွားရေးဘဏ် ရှမ်းပြည်နယ် လာရှိုးဘဏ်ခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်းကရှင်းပြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဗိုလ်ချုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို ဇန်နဝါရီလ ၄ ရက်နေ့က တရားဝင်စတင်ဖြန့်ချီခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ဇန်နဝါရီလ ၇ ကစတင်လဲလှယ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဘဏ်ထံမှသိရသည်။
ဗဟိုဘဏ်မှ တစ်ထောင်ကျပ်တန် ငွေစက္ကူအသစ်များကို မြန်မာတစ်နိုင်ငံလုံးရှိ ဘဏ်များတွင် ဖြန့်ချီခဲ့သော်လည်း ပုဂလိကဘဏ်များမှ ရရှိသည့်ခွဲတမ်းနှင့် ဘဏ်ခွဲအရေအတွက် များပြားသည့်အတွက် ဘဏ်ခွဲများမှ ငွေထုတ်ရာတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာဇဘဏ်ထံမှသိရသည်။
" ခွဲတမ်းကတော့ရတယ် အရေအတွက် နည်းသေးတဲ့အတွက် ဘဏ်မှာ ငွေထုတ်တဲ့ သူတွေမှာ ထည့်ပေးတာမျိုးတွေလုပ်သွားမယ်။ ဗဟိုဘဏ်အနေနဲ့ ဗိုလ်ချုပ်ပိုက်ဆံတွေကို ထပ်ထုတ်သွားမှာဖြစ်လို့ နောက်ပိုင်းဘဏ်တိုင်းမှာ လဲလှယ်လို့ရသွားမှာပါ"ဟု ကမ္ဘာဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောကြားသည်။
လက်ရှိတွင် ဗိုလ်ချုပ်ပုံပါ တစ်ထောင်ကျပ်တန် လဲလှယ်မှုကို လူစိတ်ဝင်စားလျက်ရှိပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ခွဲမှ စောင့်ဆိုင်းလဲလှယ်သူများရှိနေပြီး မြန်မာ့စီးပွားရေးဘဏ်မှ အဆိုပါ ပိုက်ဆံအသစ်များကို လူတစ်ဦးလျှင် ၁၀ ရွက်နှုန်းဖြင့် ဦးစားပေးလဲလှယ်ပေးလျက်ရှိကြောင်း ယင်းဘဏ်ခွဲများထံမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com