ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတြင္ပါဝင္သည့္ တံတားအမွတ္ (၁) ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ကမ္းနာလမ္း၊ ဗားကရာလမ္း မွ ရန္ကုန္ၿမိဳ႕သစ္အထိ လိႈင္ျမစ္ေပၚတြင္တည္ေဆာက္မည့္ ေျခာက္လမ္းသြားတံတားအတြက္ မၾကာမီတင္ဒါေခၚမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
ၿပီးခဲ့သည့္အစိုးရလက္ထက္တြင္ အေကာင္အထည္ေဖာ္ရန္ျပင္ဆင္ေနသည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို အမ်ိဳးသားဒီမိုကေရစီအစိုးရဖြဲ႕ခ်ဳပ္လက္ထက္တြင္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက စတင္အေကာင္အထည္လၽွက္ရွိသည္။
“ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ဗားကရာကေန တံတားတစ္စင္းထိုးဖို႔ မၾကာခင္မွာတင္ဒါေခၚမယ္။ ဆက္လက္ ေဆာင္ရြက္ဖို႕ျပည္ေထာင္စုစီးပြားေရးေကာ္မတီကိုတင္ျပထားၿပီးျဖစ္ပါတယ္။ သေဘာတူညီခ်က္ရရင္ တင္ဒါေခၚမယ္” ဟု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဆက္လက္ေျပာၾကားသည္။
လက္ရွိတြင္ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းထဲတြင္ပါဝင္သည့္ တြံ့ေတးၿမိဳ့နယ္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တို႔မွ သိမ္းဆည္ထားသည့္ လယ္ယာေျမမ်ားအစား ျပန္ေပးအပ္သည့္ေျမေနရာမ်ားကို ေဒသခံမ်ားက မဲႏိႈက္ေရြးခ်ယ္လၽွက္ရွိေၾကာင္း NYDC ကုမၸဏီမွတ္တမ္းမ်ားအရသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့သစ်စီမံကိန်းတွင်ပါဝင်သည့် တံတားအမှတ် (၁) ကြည့်မြင်တိုင်မြို့နယ် ကမ်းနာလမ်း၊ ဗားကရာလမ်း မှ ရန်ကုန်မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင်တည်ဆောက်မည့် ခြောက်လမ်းသွားတံတားအတွက် မကြာမီတင်ဒါခေါ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို အမျိုးသားဒီမိုကရေစီအစိုးရဖွဲ့ချုပ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စတင်အကောင်အထည်လျှက်ရှိသည်။
“ ရန်ကုန်မြို့သစ်စီမံကိန်း ဗားကရာကနေ တံတားတစ်စင်းထိုးဖို့ မကြာခင်မှာတင်ဒါခေါ်မယ်။ ဆက်လက် ဆောင်ရွက်ဖို့ပြည်ထောင်စုစီးပွားရေးကော်မတီကိုတင်ပြထားပြီးဖြစ်ပါတယ်။ သဘောတူညီချက်ရရင် တင်ဒါခေါ်မယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင်ရန်ကုန်မြို့သစ်စီမံကိန်းထဲတွင်ပါဝင်သည့် တွံ့တေးမြို့နယ် ကြည့်မြင်တိုင်မြို့နယ်တို့မှ သိမ်းဆည်ထားသည့် လယ်ယာမြေများအစား ပြန်ပေးအပ်သည့်မြေနေရာများကို ဒေသခံများက မဲနှိုက်ရွေးချယ်လျှက်ရှိကြောင်း NYDC ကုမ္ပဏီမှတ်တမ်းများအရသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com