ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
လက္ျဖစ္ အမ်ဳိးသမီးဝတ္ ရွဴးဖိနပ္မ်ား ထုတ္လုပ္မႈျဖင့္ ကမၻာေက်ာ္ေသာ Jimmy Choo လိမိတက္ကို ပူးတြဲတည္ေထာင္သူ ဖက္ရွင္ဒီဇိုင္နာ တမားရာ မဲလန္သည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕ရွိ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၁၈ ဒသမ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။
Jimmy Choo လိမိတက္ကို မေလးရွားႏိုင္ငံဖြား အဂၤလန္ႏိုင္ငံသား Jimmy Choo က ကမၻာေက်ာ္ Vogue မဂၢဇင္းမွ အယ္ဒီတာတစ္ဦးျဖစ္သူ တမားရာ မဲလန္ႏွင့္အတူ ၁၉၉၆ ခုႏွစ္တြင္ ပူးတြဲတည္ေထာင္ခဲ့ျခင္း ျဖစ္သည္။
၂၀၀၁ ခုႏွစ္၊ ဧျပီလတြင္ Jimmy Choo က ၎ပိုင္ဆိုင္ထားေသာ ရွယ္ယာ ၅၀ ရာခိုင္ႏႈန္းကို ေပါင္ ၁၀ သန္းျဖင့္ ေရာင္းခ်သြားခဲ့သည္။
ယခုအခါ တမားရာ မဲလန္က နယူးေယာက္ျမိဳ႕၊ West Village ရွိ လူေနခန္းကို ေစ်းကြက္တင္ေရာင္းခ်လာသည္။
အသက္ ၅၂ ႏွစ္ရွိျပီျဖစ္ျပီး တန္ဖုိးၾကီး ရွဴးဖိနပ္ ကုမၸဏီ Jimmy Choo ကို ပူးတြဲတည္ေထာင္သူ တမားရာသည္ Greenwich Lane ရွိ အဆိုပါ ကြန္ဒိုခန္းကို ၂၀၁၆ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၁၈ ဒသမ ၃၅ သန္း ေပးခဲ့ရသည္။
ကြန္ဒိုခန္း တည္ရွိရာ ကြန္ပလက္စ္မွာ အေဆာက္အအံု ၅ လံုးပါဝင္ေသာ ကြန္ပလက္စ္တစ္ခုျဖစ္ျပီး ေရကူးကန္ႏွင့္ ေဂါက္ရိုက္ေလ့က်င့္သည့္ golf simulator ေနရာတစ္ခုတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။
အခန္းတြင္းတြင္ အိပ္ခန္း ၃ ခန္းပါဝင္ျပီး အက်ယ္အဝန္း စတုရန္းေပ ၄၀၀၀ ခန္႔ရွိကာ စားေသာက္ရန္ေနရာ တြဲဖက္ပါဝင္သည့္ မီးဖိုေဆာင္၊ ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား ပါဝင္သည္။
ေစ်းကြက္တင္ေပးသည္မွာ Corcoran အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ကဲရီ ခ်င္းႏွင့္ အယ္လိုဝစ္ရွက္ ကားလို႔စ္တို႔ ျဖစ္ၾကသည္။
နယူးေယာက္ျမိဳ႕ၾကီး၏ ရႈခင္းမ်ားကို ေတြ႔ျမင္ႏိုင္သည့္ အခန္းျပင္ပေနရာ စတုရန္းေပ ၁၂၀၀ ေက်ာ္ ပါဝင္ကာ အေဆာက္အအံုၾကီးတြင္ ထိုသို႔ေသာေနရာမ်ား ပိုင္ဆိုင္ထားသည့္ လူေနခန္း အနည္းငယ္သာရွိသည္ဟု ဆိုသည္။
ယခုအခန္းသည္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လကတည္းက အေရာင္းေစ်းကြက္သို႔ ေရာက္ရွိေနခဲ့ျခင္းျဖစ္ျပီး စတင္ေစ်းကြက္တင္စဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ ၁၉ ဒသမ ၈ သန္း ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
လက်ဖြစ် အမျိုးသမီးဝတ် ရှူးဖိနပ်များ ထုတ်လုပ်မှုဖြင့် ကမ္ဘာကျော်သော Jimmy Choo လိမိတက်ကို ပူးတွဲတည်ထောင်သူ ဖက်ရှင်ဒီဇိုင်နာ တမားရာ မဲလန်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၈ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
Jimmy Choo လိမိတက်ကို မလေးရှားနိုင်ငံဖွား အင်္ဂလန်နိုင်ငံသား Jimmy Choo က ကမ္ဘာကျော် Vogue မဂ္ဂဇင်းမှ အယ်ဒီတာတစ်ဦးဖြစ်သူ တမားရာ မဲလန်နှင့်အတူ ၁၉၉၆ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၁ ခုနှစ်၊ ဧပြီလတွင် Jimmy Choo က ၎င်းပိုင်ဆိုင်ထားသော ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပေါင် ၁၀ သန်းဖြင့် ရောင်းချသွားခဲ့သည်။
ယခုအခါ တမားရာ မဲလန်က နယူးယောက်မြို့၊ West Village ရှိ လူနေခန်းကို ဈေးကွက်တင်ရောင်းချလာသည်။
အသက် ၅၂ နှစ်ရှိပြီဖြစ်ပြီး တန်ဖိုးကြီး ရှူးဖိနပ် ကုမ္ပဏီ Jimmy Choo ကို ပူးတွဲတည်ထောင်သူ တမားရာသည် Greenwich Lane ရှိ အဆိုပါ ကွန်ဒိုခန်းကို ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၈ ဒသမ ၃၅ သန်း ပေးခဲ့ရသည်။
ကွန်ဒိုခန်း တည်ရှိရာ ကွန်ပလက်စ်မှာ အဆောက်အအုံ ၅ လုံးပါဝင်သော ကွန်ပလက်စ်တစ်ခုဖြစ်ပြီး ရေကူးကန်နှင့် ဂေါက်ရိုက်လေ့ကျင့်သည့် golf simulator နေရာတစ်ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
အခန်းတွင်းတွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး အကျယ်အဝန်း စတုရန်းပေ ၄၀၀၀ ခန့်ရှိကာ စားသောက်ရန်နေရာ တွဲဖက်ပါဝင်သည့် မီးဖိုဆောင်၊ မြင့်မားသော မျက်နှာကြက်များ ပါဝင်သည်။
ဈေးကွက်တင်ပေးသည်မှာ Corcoran အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ကဲရီ ချင်းနှင့် အယ်လိုဝစ်ရှက် ကားလို့စ်တို့ ဖြစ်ကြသည်။
နယူးယောက်မြို့ကြီး၏ ရှုခင်းများကို တွေ့မြင်နိုင်သည့် အခန်းပြင်ပနေရာ စတုရန်းပေ ၁၂၀၀ ကျော် ပါဝင်ကာ အဆောက်အအုံကြီးတွင် ထိုသို့သောနေရာများ ပိုင်ဆိုင်ထားသည့် လူနေခန်း အနည်းငယ်သာရှိသည်ဟု ဆိုသည်။
ယခုအခန်းသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လကတည်းက အရောင်းဈေးကွက်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စတင်ဈေးကွက်တင်စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၉ ဒသမ ၈ သန်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)