ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ေရးအသင္း မွတ္ပုံတင္အမွတ္-၁၁၃၄၇၁၉၇၂ မွ “အသင္းသားစုံညီ အထူးေထြေထြ အစည္းအေဝး” ဖိတ္ၾကားထားေၾကာင္း ႏိုင္ငံပိုင္သတင္းစာေၾကာ္ျငာမွသိရသည္။
ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ေရးအသင္း၏ ဖြဲ႔စည္းပုံအေျခခံစည္းမ်ဥ္းကို ၂၀၁၇ ခုႏွစ္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒႏွင့္ ေလ်ာ္ညီစြာ ျပင္ဆင္ေရးဆြဲၿပီးျဖစ္ေသာေၾကာင့္ အဆိုပါဖြဲ႔စည္ပုံ အေျခခံစည္းမ်ဥ္းမ်ားကို အတည္ျပဳႏိုင္ေရးအတြက္ အသင္းသားစုံညီ အထူးေထြေထြ အစည္းအေဝးကို ၂၀၂၀ ျပည့္ႏွစ္ ေဖေဖၚဝါရီ ၄ ရက္ေန႔ မြန္းလြဲ ၁၂ နာရီခြဲမွစတင္ၿပီး တုံဂပူရီဟိုတယ္ Grand Ball Room ၊ ဟိုတယ္ဇုန္(၁)ရာဇသဂၤဟလမ္း၊ ေနျပည္ေတာ္တြင္က်င္းပမည္ျဖစ္သည္။
ထိုေၾကာ္ျငာစာေတြ႔ရွိပါက ဖိတ္စာကဲ့သို႔သေဘာထားၿပီး တက္ေရာက္မည့္ အသင္းသားမ်ားအေနျဖင့္ အသင္းသားျဖစ္ေၾကာင္း အေထာက္အထားအသင္းဝင္စမတ္ကတ္ကိုယူေဆာင္ၿပီး တက္ေရာက္ႏိုင္ေၾကာင္းဖိတ္ၾကားထားသည္ကိုေတြ႔ရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း မှတ်ပုံတင်အမှတ်-၁၁၃၄၇၁၉၇၂ မှ “အသင်းသားစုံညီ အထူးထွေထွေ အစည်းအဝေး” ဖိတ်ကြားထားကြောင်း နိုင်ငံပိုင်သတင်းစာကြော်ငြာမှသိရသည်။
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လျော်ညီစွာ ပြင်ဆင်ရေးဆွဲပြီးဖြစ်သောကြောင့် အဆိုပါဖွဲ့စည်ပုံ အခြေခံစည်းမျဉ်းများကို အတည်ပြုနိုင်ရေးအတွက် အသင်းသားစုံညီ အထူးထွေထွေ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှစတင်ပြီး တုံဂပူရီဟိုတယ် Grand Ball Room ၊ ဟိုတယ်ဇုန်(၁)ရာဇသင်္ဂဟလမ်း၊ နေပြည်တော်တွင်ကျင်းပမည်ဖြစ်သည်။
ထိုကြော်ငြာစာတွေ့ရှိပါက ဖိတ်စာကဲ့သို့သဘောထားပြီး တက်ရောက်မည့် အသင်းသားများအနေဖြင့် အသင်းသားဖြစ်ကြောင်း အထောက်အထားအသင်းဝင်စမတ်ကတ်ကိုယူဆောင်ပြီး တက်ရောက်နိုင်ကြောင်းဖိတ်ကြားထားသည်ကိုတွေ့ရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com