ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ဇန္နဝါရီ ၂ ရက္က ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ငမိုးရိပ္ေခ်ာင္းကူး သခင္ဖိုးလွႀကီး တံတားဖြင့္ပြဲတက္ေရာက္ဖြင့္လွစ္ေပးသည္။
အဆိုပါ ငမိုးရိပ္ေခ်ာင္းကူး သခင္ဖိုးလွႀကီး တံတားမွာ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္(၁၄) ရပ္ကြက္တြင္တည္ေဆာက္ထားျခင္း ျဖစ္သည္။
စီမံကိန္းအပိုင္း(၁)တြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ၂၀၁၈ -၂၀၁၉ ခုႏွစ္ ဘ႑ာေရးႏွစ္ ေငြလုံးေငြရင္း အသုံးစရိတ္ျဖင့္တည္ေဆာက္ျပီး၊ အရွည္(၁၁၀)ေပ ၊ ယာဥ္သြားလမ္းအက်ယ္ (၁၈) ေပ ရွိ ငမိုးရိပ္ေခ်ာင္းကူးတံတားျဖစ္သည္။
တံတားဖြင့္ပြဲတြင္ ဝန္ႀကီးခ်ဳပ္က မိမိတို႔အစိုးရသစ္တာဝန္ယူခဲ့သည့္ကာလအတြင္းမွာ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ လမ္းပန္းဆက္သြယ္ေရးကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနေၾကာင္း၊ ပိုၿပီးဖြံ့ၿဖိဳးတိုးတက္ဖို႔ အစိုးရ၊ လႊတ္ေတာ္၊ ျပည္သူလူထုတစ္ရပ္လုံး ပူးေပါင္းပါဝင္ ေဆာင္ရြက္ဖို႔ အေရးႀကီးေၾကာင္းေျပာၾကားသည္။
ထို႔အျပင္ အစိုးရ၊ ျပည္သူမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပူးေပါင္း ေဆာင္ရြက္မႈေၾကာင့္ ဒီတံတားတစ္စင္းကို ေဆာင္ရြက္နိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ေရွ႕ဆက္ၿပီး ေဒသဖြံ့ၿဖိဳးတိုးတက္ရန္ အတြက္ အတူတကြပူးေပါင္းေဆာင္ရြက္ၾကေစလိုေၾကာင္းေျပာၾကားသည္။
ထို႔ေနာက္ ဝန္ႀကီးခ်ဳပ္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားက သခင္ဖိုးလွႀကီးတံတားကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဇန်နဝါရီ ၂ ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ငမိုးရိပ်ချောင်းကူး သခင်ဖိုးလှကြီး တံတားဖွင့်ပွဲတက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ ငမိုးရိပ်ချောင်းကူး သခင်ဖိုးလှကြီး တံတားမှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်တွင်တည်ဆောက်ထားခြင်း ဖြစ်သည်။
စီမံကိန်းအပိုင်း(၁)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈ -၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်တည်ဆောက်ပြီး၊ အရှည်(၁၁၀)ပေ ၊ ယာဉ်သွားလမ်းအကျယ် (၁၈) ပေ ရှိ ငမိုးရိပ်ချောင်းကူးတံတားဖြစ်သည်။
တံတားဖွင့်ပွဲတွင် ဝန်ကြီးချုပ်က မိမိတို့အစိုးရသစ်တာဝန်ယူခဲ့သည့်ကာလအတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ၊ လွှတ်တော်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အရေးကြီးကြောင်းပြောကြားသည်။
ထို့အပြင် အစိုးရ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဒီတံတားတစ်စင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရန် အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သခင်ဖိုးလှကြီးတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com