ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ( ၂၁ ၊ ၂၂ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) နှင့် IME Property တို့ ပူးပေါင်းကျင်းပသည့် လှည်းတန်းအနီးရှိ တန်ဖိုးသင့်ကွန်ဒို The Leaf Residence အရောင်းပြပွဲကြီးကို မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ အဆိုပါကွန်ဒိုတည်ရှိရာ လှိုင်မြို့နယ် ၊ ဓမ္မသုခကျောင်းလမ်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အရောင်းပြပွဲအတွင်း တစ်ခါမှမပေးဖူးသည့် အထူးအခွင့်အရေးများ ၊ ဘဏ်ဖြင့် နှစ်ရှည်အရစ်ကျစနစ်များအပြင် အခန်းအမျိုးအစားအလိုက် အထူးပရိုမိုးရှင်းလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
The Leaf Residence သည် သွားလာရလွယ်ကူ၍ အချက်အချာကျသော လှည်းတန်းလမ်းဆုံ ၊ MICT Park ၊ အင်းယားကန် ၊ ရန်ကုန်တက္ကသိုလ် ၊ ISM international school ၊ သုခကမ္ဘာဆေးရုံတို့၏ အနီးအနားတွင် တည်ရှိသည်။
စင်ကာပူနိုင်ငံ စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ထားပြီး Asia Property Award 2017 ပွဲတွင် Winner ဆုများဖြစ်သည့် Best Condo Design ၊ Best Residential Interior Design နှင့် Highly Commended ဆုများဖြစ်သည့် Best Condo Development နှင့် Best Landscape Design ဆုများရရှိထားသည်။
The Leaf Residence တွင် Facilities များအနေဖြင့် အားကစားရုံ (Gym) ၊ ကားပါကင် ၊ ရေကူးကန် ၊ အသားကင်လုပ်စားရန်နေရာ ၊ ကလေးကစားကွင်း ၊ ၂၄နာရီလုံခြုံရေး ၊ မီနီမတ် ၊ ဓာတ်လှေကား ၊ CCTV ကင်မရာ ၊ ဘုံရေပေးဝေရေးစနစ် ၊ ကိုယ်ပိုင်မီတာ ၊ ထရန်စဖော်မာ နှင့် မီးစက်တို့ပါဝင်သည်။
“ ဒီကနေ့ ကျင်းပတဲ့ The Leaf Residence ဟာအရည်အသွေးပြည့်ဝပြီး ဈေးနှုန်းလဲသက်သာတဲ့ ကွန်ဒိုဖြစ်ပါတယ်။ အခန်းအမျိုးအစား (၆) မျိုးရှိတဲ့အတွက်ကြောင့် မိမိရဲ့ မိသားစုဝင် အရေအတွက်ပေါ်မှာမူတည်ပြီးတော့ စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့နေရာမှာရှိပြီး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်လို့ ချက်ချင်းဝယ် ချက်ချင်းနေထိုင်နိုင်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanamrHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)