ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ( ၆ ၊ ၇ ၊ ၈ ) ရက်များတွင် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင်“ ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး " ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲတွင် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ ၊ Main Sponsor အဖြစ် ပါဝင်ပြသသော Golden City မှ Sales Manager ဒေါ်ဖြူဖြူသင်း ၊ Official Banking Partners များအဖြစ်ပါဝင်ပြသပါသော AYA Bank ၏ Director of Retail ဦးသူရမောင် ၊ KBZ Bank ၏ Smart Secure Consumer Department Head ဦးဌေးအောင်ကျော် နှင့် Yoma Bank ၏ Business Development Manager ဦးဇေယျာသိန်းထွဋ် ၊ CB Bank ၏ Deputy General Manager ဒေါ်သိမ့်သိမ့် ၊ Diamond Sponsor အဖြစ် ပါဝင်ပြသသော City Loft Project ၏ Deputy Sales Manager ဦးစချစ်စမ်းမောင် ၊ Gold Sponsor အဖြစ် ပါဝင်ပြသသော Sae Paing Development ၏ Senior General Manager ဦးစိန်ကြူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ပြပွဲ (၃) ရက်အတွင်းတွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်ပါဝင်ပြသပြီး ၊ ရန်ကုန် ၊ ပုသိမ် ၊ တောင်ကြီး ၊ ကလောနှင့် ဘန်ကောက်မြို ့များရှိသိန်း (၂၀၀) ကျော်မှစသော ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီးတိုက်ခန်းများ ၊ မီနီကွန်ဒို ၊ နိုင်ငံတကာအဆင့်မီကွန်ဒို ၊ မြေကွက်နှင့် လုံးချင်းအိမ်ရာများကိုအထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ ဘဏ်ချေးငွေများဖြင့် ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ ကျပ်ငွေ (၁၃.၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ သန်းကျော်) တန်ဖိုးရှိသောအိမ်ခြံမြေများကို ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရသည်။
“ အခုပြပွဲဟာ iMyanmarHouse.com အနေနဲ့ရန်ကုန်မြို့မှာကျင်းပတဲ့ (၁၂)ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com ဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ယခုလို အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ကျင်းပပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အများပြည်သူများအားလုံး တတ်နိုင်တဲ့နှုန်းထားတွေအပြင် ဝယ်ယူသူတွေ ပိုမိုအဆင်ပြေစေဖို့ ဘဏ်များနဲ့ ချိတ်ဆက်ပြီး အိမ်ရာချေးငွေဝန်ဆောင်မှုများနဲ့လည်း ရောင်းချပေးလျက်ရှိပါတယ်” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
ပြပွဲ(၃)ရက်အတွင်းတွင် စီးပွားရေးနှင့် အိမ်ခြံမြေအကြောင်းအရာများကို အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော ဦးဝင်းနိုင် ( ဒုတိယညွှန်ကြားရေးမှူး - မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ) ၊ ဦးမြတ်သူဝင်း ( ဥက္ကဌ - ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ) ၊ ဦးစိုင်းခွန်နောင် ( ဥက္ကဌ - ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ) ၊ ဦးမျိုးမြင့် ( Chairman - M.K.T Construction ) ၊ ဦးကျော်စွာဟိန်း ( MD – Myanmar Art Construction ) ၊ ဒေါ်သိမ့်သိမ့် ( Deputy General Manager - CB Bank ) ၊ ဦးမျိုးမြင့်အောင် ( MD- Zalat Pwint Co.,Ltd ) ၊ ဦးပီတာ ( အတိုင်ပင်ခံ / စီးပွားရေးအကြံပေး- အောင်သမာဓိအကျိုးဆောင် နှင့် ဆောက်လုပ်ရေးကုမ္ပဏီ ) ၊ ဦးစိုးဟိန်း ( SMEBi - President , AEA-ASEAN Advisory Board ) ၊ ဦးသက်နိုင်ဦး ( CEO - Maverick Management Co., Ltd ) ၊ ဦးဇင်ဖြိုးပိုင် ( CEO and Principal – MESI Business Institute ) နှင့် လွှတ်တော်ရှေ့နေမောင်ကောင်းဖေတို့မှ ဆွေးနွေးဟောပြောပေးသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)