ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးပိုင်ဆိုင်ခြင်း ဗဟိုဘဏ်မှ ခွင့်ပြုချက်ယူရန် ဥပဒေကြမ်းတွင် ပါဝင်

ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးပိုင်ဆိုင်ခြင်း ဗဟိုဘဏ်မှ ခွင့်ပြုချက်ယူရန် ဥပဒေကြမ်းတွင် ပါဝင် - Property News in Myanmar from iMyanmarHouse.com
2 Jan 2020 10:06 am တွင် တင်ခဲ့သည်
12150 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###









### Unicode Version ###

စံချိန်မီ ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးပိုင်ဆိုင်ထားသူများ ဗဟိုဘဏ်၏ ခွင့်ပြုချက်ယူရမည်ဖြစ်သည်။

စံချိန်မီရွှေဟု သတ်မှတ်ထားသော ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးကို ပိုင်ဆိုင်ခြင်းအတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ယူရမည်ဟု နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထား သည်။

ထိုဥပဒေကြမ်းတွင် သန့်စင်မှု ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထက် ရှိ ရွှေများကို စံချိန်မီရွှေဟု သတ် မှတ်ပြီး ပိုင်ဆိုင်ခြင်းကို ကန့်သတ်ခြင်းဖြစ်ကာ ကျန်ရွှေများကို တစ်ကိုယ်ရေသုံးအတွက် ကန့်သတ်ခြင်းမရှိဟု ဆိုထားသည်။

ယခု ဥပဒေကြမ်းတွင် စံချိန် မီရွှေကို နိုင်ငံခြားငွေအဖြစ် သတ်မှတ်ခဲ့ပြီး ပိုင်ဆိုင်ခြင်းအပြင် ဝယ် ယူခြင်း၊ ရောင်းချခြင်း၊ ချေးငှား ခြင်းတို့ကို ဗဟိုဘဏ်က ကန့်သတ်ခြင်းဖြစ်သည်။

ထို့ကြောင့် သတ်မှတ်ကာလအတွင်း ကိုင်ဆောင်ခွင့်ရှိပြီး သတ်မှတ်ကာလကုန်ဆုံးပါက ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမည်ဟု ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

စံချိန်မမီရွှေဟုခေါ်သော အခြားရွှေများကို လက်ရောက်ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ သို့သော် တင်သွင်းခြင်းကိုဗဟိုဘဏ်၏ ခွင့်ပြုချက်ယူရမည်ဟုဆိုထားသည်။ ချေးယူခြင်းနှင့် ချေးငှား ခြင်းများကိုလည်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service