ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်နေမှု ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ၂၀၂၀ မတ်လလောက်တွင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းကိုဒလဘက်ခြမ်းတွင် မြတ်နိုးသူကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပြီး တည်ဆောက်ရေးအတွက် စီမံကိန်းဧရိယာဖြစ်သောဗိုလ် မင်းရောင်လမ်းမကြီးနာရီစင်မှကမ်းနားအထိ A-1 အပါအဝင် P-1 မှ P-14 ဘိုးပိုင်များတူးဖော်ရမည်ဖြစ်ကြောင်းသိရသည်။
ဘိုးပိုင်အမှတ်တစ်ခုလျှင် မြေကြီးအတွင်း၌ ပိုင်ကိုးလုံးတူးဖော် ရကြောင်း၊ A-1 တွင် ပိုင်ရှစ်လုံး၊ P-12 တွင် ပိုင် ၁၂ လုံး တူးဖော်ရ ကြောင်း၊ ဘိုးပိုင်ပေါင်း ၁၄၁ လုံးတူးဖော်ရမည် ဖြစ်ပြီး ၈၁ လုံး တူးဖော်ပြီးစီးနေပြီဖြစ်ကာ ဘိုးပိုင်တူးဖော် ခြင်းလုပ်ငန်းများ ရာခိုင်နှုန်း ၆ဝ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com