ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
=### Zawgyi Version ###
### Unicode Version ###
မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီ MAPCO က စပါးခွံကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ မြောင်းမြမြို့နယ်နဲ့ နေပြည်တော်မှာ ဆောင်ရွက်သွားဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။
မြောင်းမြပရောဂျက်ကိုတော့ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဟန်သော်ဇေကပြောပါတယ်။
ဒီလုပ်ငန်းကို ၂၀၂၀ နှစ်ဆန်းပိုင်းမှာ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားရောင်းချနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လှည်းကူးမြို့နယ်က မြန်မာ-စင်္ကာပူ စက်မှုဥယျာဉ်စီမံကိန်းကိုလည်း MAPCO နဲ့ စင်္ကာပူနိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၊ ပထမဂရုကုမ္ပဏီတို့ ပူးပေါင်းပြီး မြေဧက ၁၄၀၀ ကျော်ပေါ်မှာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ခန့်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းတွေအတွက်လည်းပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com