တရုတ်ပြည်က လူသူကင်းမဲ့နေသော ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီး
တရုတ်ပြည်က လူသူကင်းမဲ့နေသော ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီး - Property News in Myanmar from iMyanmarHouse.com
30 Dec 2019 11:47 am တွင် တင်ခဲ့သည်
31585 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
 ### Unicode Version ###
တရုတ်ပြည်၊ တုံကွမ်းမြို့တွင် ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီး တည်ရှိသည်။
အဆိုပါစင်တာကြီးသည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံးဈေးဝယ်စင်တာကြီးဖြစ်သော The Mall of America ထက် ၃ ဆကြီးမားသည်။
South China Mall ဟု အမည်ပေးထားသည့် တရုတ်ပြည်မှ ဈေးဝယ်စင်တာကြီးမှာ ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီးဖြစ် သော်လည်း ဖွင့်လှစ်ပြီး ၁၀ နှစ်ကျော်ကြာခဲ့ပြီးနောက် လူသူကင်းမဲ့သော ခြောက်ခြားဖွယ်နေရာတစ်ခု ဖြစ်နေလေပြီ။ South China ဈေးဝယ်စင်တာကို စတင်အကောင်အထည်ဖော် ဆောက်လုပ်ခဲ့သည့် ပထမဆုံးပိုင်ရှင်မှာ အသင့်စား ခေါက်ဆွဲခြောက်လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် သူဌေးကြီး ဟူကွေ့ရောင် ဖြစ်သည်။
ဟူကွေ့ရောင်သည် တုံကွမ်းဇာတိတစ်ဦးဖြစ်ရာ သူ၏ ဇာတိမြေကို အမှတ်တရ တစ်ခုခုလုပ်ပေးရန် ရည်ရွယ်ကာ အလွန်ခမ်းနားကြီးကျယ်လှသော ဈေးဝယ်စင်တာကြီးတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
South China ဈေးဝယ်စင်တာကို ၂၀၀၅ ခုနှစ်တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။
အငှားချထားနိုင်သည့် စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ စတုရန်းမီတာ ၆၅၉၆၁၂ (၇,၀၉၉,၉၉၀ စတုရန်းပေ) ရှိပြီး လက်လီ အရောင်းဆိုင်ပေါင်း ၂၃၅၀ ခန့်အထိ ဖွင့်လှစ်နိုင်သည့် နေရာဖြစ်သည်။
တမူထူးခြားရန်နှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်မည့်သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ကာ ဈေးဝယ်စင်တာကြီးကို ဇုန် ၇ ခု ပိုင်းခြား တည်ဆောက်ခဲ့သည်။
ဇုန်တစ်ခုချင်းစီသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် နေရာတစ်ခုစီကို ကိုယ်စားပြုပြိး အမ်စတာဒမ်၊ ပဲရစ်၊ ရောမ၊ ဗင်းနစ်၊ အီဂျစ်၊ ကာရစ်ဘီယန်နှင့် ကယ်လီဖိုးနီးယားတို့ ဖြစ်ကြသည်။
ဈေးဝယ်စင်တာဝန်းကြီးတွင် ပဲရစ်မှ ကမ္ဘာကျော် Arc de Triomphe ……….ပုံတူတစ်ခု (၂၅ မီတာ) ၊ အီဂျစ်မှ Sphinx ၊ ၅၅၃ မီတာ ရှည်လျားသော ရိုလာကိုစတာကြီးတစ်ခုနှင့် ရေတံခွန်ကြီးတစ်ခုတို့ ပါဝင်သည်။
South China ဈေးဝယ်စင်တာကြီးသို့ တစ်ရက်လျှင် လာရောက်လည်ပတ်သူ ၂၀၀၀၀၀ ခန့်အထိ ဆွဲဆောင်နိုင်ရန် မျှော်မှန်းခဲ့သည်။
ဈေးဝယ်စင်တာကြီးတွင် အထပ် ၅ ထပ်ပါဝင်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအထိ သုံးစွဲဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် နေရာရွေးချယ်မှု မှားယွင်းခဲ့သောကြောင့် အလွန်တရာကြီးကျယ်ခမ်းနားလှသော ဈေးဝယ်စင်တာကြီး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
South China ဈေးဝယ်စင်တာကြီးသည် တုံကွမ်းမြို့လယ်မှ ၅၅ ကီလိုမီတာ (၃၄ မိုင်) ဝေးကွာလှသော အရပ်တွင် ဆောက်လုပ်ထားပြီး လယ်ကွင်းပြင်များအတွင်း ဆောက်လုပ်ထားခြင်းဖြစ်ကာ တိုက်ရိုက်သယ်ယူပို့ဆောင်ရေးလိုင်းများ မရှိချေ။ ဈေးဝယ်စင်တာဆောက်လုပ်ထားသည့် အနီးဝန်းကျင်မှာ ရှန်ကျန်းနှင့် ကွမ်ကျိုးတို့ဖြစ်ရာ ဈေးဝယ်စင်တာများ အလွန်ပေါများသည့် ဒေသများဖြစ်သောကြောင့် တုံကွမ်းဒေသခံများမှာ အလွန်ဝေးကွာလှသည့် South China ဈေးဝယ်စင်တာသို့ သွားရန်စိတ်ကူး မပေါ်ကြချေ။
၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင်ကား ပိုင်ရှင်က ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပီကင်းတက္ကသိုလ်၏ လုပ်ငန်းတစ်ခုဖြစ်သော Founder Group ထံ ရောင်းချခဲ့သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာတွင် New South China Mall ဟု အမည်ပြောင်းလဲခဲ့ပြန်သည်။
၂၀၀၉ ခုနှစ်တွင်ကား အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ဆမ် ဂရင်းက South China ဈေးဝယ်စင်တာကြီးအကြောင်းကို Utopia Part 3: The World’s Largest Shopping Mall ဟူသောအမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။
အဆိုပါရုပ်ရှင်ကို ၂၀၀၉ ခုနှစ်အတွင်းတွင်ပင် Sundance ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည်။
ဈေးဝယ်စင်တာကြီးဖွင့်လှစ်စဉ်က ငှားရမ်းရမှုပမာဏမှာ စုစုပေါင်းအကျယ်အဝန်း၏ ၁၀ ရာခိုင်နှုန်းပင်မရှိခဲ့။ ၂၀၁၁ ခုနှစ်တွင်မူ ၁ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။
အတွင်းပိုင်းအလှဆင်မွမ်းမံထားမှုများမှာ တစထက်တစ ခေတ်ကုန်လာနေပြီး ဆိုင်ခန်းနေရာ ၉၉ ရာခိုင်နှုန်းခန့်မှာ လူသူကင်းမဲ့လျက်ရှိသည်။
မကြာသေးမီကမူ အဆိုပါဈေးဝယ်စင်တာကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ကာ အထက်တန်းလွှာများထက် လူလတ်တန်းစားများကို ဆွဲဆောင်နိုင်ရန် ပြန်လည်ပစ်မှတ်ထားလာသည်။
ရုပ်ရှင်ရုံနှင့် အခြားဖျော်ဖြေရေးနေရာများ ထည့်သွင်းမည့် စီမံကိန်းများ စီစဉ်လာနေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Car Expo and Networking
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service