ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ယာဥ္အစီးေရ ႏွစ္ရာေက်ာ္ရပ္နားလို႔ရတဲ့ ယာဥ္ရပ္နားဝင္းတစ္ခုကို ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) က ဒီေန႔မွာ ဖြင့္လိုက္ပါတယ္။
အဲဒီ့ယာဥ္ရပ္နားဝင္းမွာ အစိုးရက ေျပးဆြဲေနတဲ့ ေက်ာင္းကားေတြထားရွိၿပီး YBS ေတြပါ ရပ္ႏိုင္ဖို႔ စီစဥ္တာလို႔ YRTAရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာင္က ေျပာပါတယ္။
အဲဒီ့ယာဥ္ရပ္နားဝင္းကို ေငြက်ပ္ ၂၉၅သန္း ကုန္က်ခံတည္ေဆာက္ထားတာျဖစ္ၿပီး ပုဇြန္ေတာင္ၿမိဳ႕နယ္ မဟာဗႏၶဳလတံတားေအာက္မွာတည္ရွိတာပါ။
တိုင္းအစိုးရအေနနဲ႔ ျပည္သူေတြရဲ႕ ကားေတြပါထားလို႔ရတဲ့ ယာဥ္ရပ္နားဝင္းေတြကို တည္ေဆာက္သြားမယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။
ဒီေန႔ဖြင့္လိုက္တဲ့ ယာဥ္ရပ္နားဝန္းက YRTA အေနနဲ႔ ပထမဆုံးဖြင့္လွစ္လိုက္တာျဖစ္ၿပီး ေနာက္ထပ္လည္း ယာဥ္ရပ္နားဝင္းေတြ ထပ္ဖြင့္ဖို႔ရွိတယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ယာဉ်အစီးရေ နှစ်ရာကျော်ရပ်နားလို့ရတဲ့ ယာဉ်ရပ်နားဝင်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ဒီနေ့မှာ ဖွင့်လိုက်ပါတယ်။
အဲဒီ့ယာဉ်ရပ်နားဝင်းမှာ အစိုးရက ပြေးဆွဲနေတဲ့ ကျောင်းကားတွေထားရှိပြီး YBS တွေပါ ရပ်နိုင်ဖို့ စီစဉ်တာလို့ YRTAရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမောင်က ပြောပါတယ်။
အဲဒီ့ယာဉ်ရပ်နားဝင်းကို ငွေကျပ် ၂၉၅သန်း ကုန်ကျခံတည်ဆောက်ထားတာဖြစ်ပြီး ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလတံတားအောက်မှာတည်ရှိတာပါ။
တိုင်းအစိုးရအနေနဲ့ ပြည်သူတွေရဲ့ ကားတွေပါထားလို့ရတဲ့ ယာဉ်ရပ်နားဝင်းတွေကို တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ဒီနေ့ဖွင့်လိုက်တဲ့ ယာဉ်ရပ်နားဝန်းက YRTAအနေနဲ့ ပထမဆုံးဖွင့်လှစ်လိုက်တာဖြစ်ပြီး နောက်ထပ်လည်း ယာဉ်ရပ်နားဝင်းတွေ ထပ်ဖွင့်ဖို့ရှိတယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com