ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းေတြကို ေခ်းေငြေပးရာမွာ အလားအလာရွိတဲ့လုပ္ငန္းေတြကို ပိုမိုဦးစားေပးသြားမွာျဖစ္တယ္လို႔ စက္မႈႀကီးၾကပ္ေရးနဲ႔ ၫႊန္ၾကားေရးဦးစီးဌာနၫႊန္ခ်ဳပ္ ေဒၚေအးေအးဝင္း ကေျပာပါတယ္။
ဒါ့ေၾကာင့္ ေခ်းေငြေပးရာမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ MSME လုပ္ငန္းအားလုံးအေပၚ လႊမ္းၿခဳံႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။
လက္ရွိမွာေတာ့ အလတ္စားနဲ႔အလတ္စားအထက္ လုပ္ငန္းေတြက ေခ်းေငြေတြကို ရရွိေနၿပီး အေသးစားနဲ႔ အငယ္စားလုပ္ငန္းေတြမွာေတာ့ ေခ်းေငြရရွိမႈမွာ အျခားႏိုင္ငံေတြရရွိတာထက္ ေလ်ာ့နည္းေနတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ အာဆီယံေဒသတြင္း အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အာဆီယံေဒသတြင္း အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္း ေတြဖြံ႕ၿဖိဳးတိုးတက္ေရးမဟာဗ်ဴဟာလုပ္ငန္းစဥ္ ၂၀၁၆-၂၀၂၅ နဲ႔ ၆ လအတြင္း ေရးဆြဲထားတဲ့ Action Plan ေတြကို ျမန္မာႏိုင္ငံမွ လိုက္ပါအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတယ္လို႔ ဒုသမၼတ ဦးျမင့္ေဆြက ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ေျပာခဲ့ပါေသးတယ္။
ဒါ့ေၾကာင့္ Action Plan ေတြမွာ ပါရွိတဲ့ စီမံကိန္းေတြကို ထိေရာက္စြာပူးေပါင္းေဆာင္႐ြက္ သြားၾကဖို႔ တိုက္တြန္းလိုတယ္လို႔ ဒုသမၼတက ေျပာခဲ့တာပါ။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ချေးငွေပေးရာမှာ အလားအလာရှိတဲ့လုပ်ငန်းတွေကို ပိုမိုဦးစားပေးသွားမှာဖြစ်တယ်လို့ စက်မှုကြီးကြပ်ရေးနဲ့ ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ် ဒေါ်အေးအေးဝင်း ကပြောပါတယ်။
ဒါ့ကြောင့် ချေးငွေပေးရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ MSME လုပ်ငန်းအားလုံးအပေါ် လွှမ်းခြုံနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အလတ်စားနဲ့အလတ်စားအထက် လုပ်ငန်းတွေက ချေးငွေတွေကို ရရှိနေပြီး အသေးစားနဲ့ အငယ်စားလုပ်ငန်းတွေမှာတော့ ချေးငွေရရှိမှုမှာ အခြားနိုင်ငံတွေရရှိတာထက် လျော့နည်းနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာလုပ်ငန်းစဉ် ၂၀၁၆-၂၀၂၅ နဲ့ ၆ လအတွင်း ရေးဆွဲထားတဲ့ Action Plan တွေကို မြန်မာနိုင်ငံမှ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောခဲ့ပါသေးတယ်။
ဒါ့ကြောင့် Action Plan တွေမှာ ပါရှိတဲ့ စီမံကိန်းတွေကို ထိရောက်စွာပူးပေါင်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုတယ်လို့ ဒုသမ္မတက ပြောခဲ့တာပါ။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com