ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
တစ္ဦးခ်င္းကုန္သြယ္မႈလုပ္ငန္းရွင္မွတ္ပုံတင္ နဲ႔ တစ္ဦးခ်င္းကုန္သြယ္ခြင့္ပါမစ္မွတ္ပုံတင္ ကုဒ္နံပါတ္ေတြအစား TIN နံပါတ္ အျဖစ္ ျပင္ဆင္ေျပာင္းလဲမႈေဆာင္႐ြက္သြားမယ္လို႔ ကုန္သြယ္ေရးဦးစီးဌာန က ထုတ္ျပန္ပါတယ္။
ကုဒ္နံပါတ္ေတြ မျပင္ဆင္ရင္ေတာ့ လာမယ့္ ၂၀၂၀ ဇန္နဝါရီ ၅ ရက္ေန႔ေက်ာ္လြန္ရင္ ပို႔ကုန္၊ သြင္းကုန္နဲ႔ ဆက္စပ္လုပ္ငန္းေတြကို ေဆာင္႐ြက္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ဒီလိုေျပာင္းလဲေဆာင္႐ြက္မႈေတြထဲမွာ သမဝါယမအသင္းေတြ၊ အစိုးရဌာနေတြ၊ အစိုးရမဟုတ္တဲ့အဖြဲ႕အစည္းေတြလည္းပါဝင္တယ္လို႔ ဆိုပါတယ္။
ဒါဟာ ကုန္သြယ္မႈလုပ္ငန္းစဥ္ေတြကို အြန္လိုင္းေပၚကေန အသုံးျပဳေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ေဆာင္႐ြက္တာျဖစ္တယ္လို႔ သိရပါတယ္။
ဒီေျပာင္းလဲမႈကို ဒီဇင္ဘာလကုန္ ေနာက္ဆုံးေဆာင္႐ြက္ရမွာျဖစ္ၿပီး အရင္ကုဒ္နံပါတ္ေတြကို ပယ္ဖ်က္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
လက္ရွိမွာလည္း ကုန္သြယ္ေရးဦးစီးဌာနအေနနဲ႔ ပို႔ကုန္သြင္းကုန္လိုင္စင္၊ ပါမစ္ထုတ္ေပးတဲ့စနစ္ကို Myanmar Trade 2.0 စနစ္အျဖစ္ အဆင့္ျမင့္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
ဒီလိုေဆာင္႐ြက္ရာမွာ ကုန္သြယ္မႈ ဆက္စပ္ဌာနေတြျဖစ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ၊ အေကာက္ခြန္ဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနနဲ႔ ကုန္သြယ္ေရးဦးစီးဌနာနဲ႔ ဗဟိုစာရင္းအင္းဌာနေတြအတြင္း အေျခခံအခ်က္အလက္ေတြကို ၂၀၂၀ ဇန္နဝါရီ ၅ ရက္မွာ တူညီစြာအသုံးျပဳႏိုင္ေရး ေဆာင္႐ြက္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် နဲ့ တစ်ဦးချင်းကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင် ကုဒ်နံပါတ်တွေအစား TIN နံပါတ် အဖြစ် ပြင်ဆင်ပြောင်းလဲမှုဆောင်ရွက်သွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာန က ထုတ်ပြန်ပါတယ်။
ကုဒ်နံပါတ်တွေ မပြင်ဆင်ရင်တော့ လာမယ့် ၂၀၂၀ ဇန်နဝါရီ ၅ ရက်နေ့ကျော်လွန်ရင် ပို့ကုန်၊ သွင်းကုန်နဲ့ ဆက်စပ်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒီလိုပြောင်းလဲဆောင်ရွက်မှုတွေထဲမှာ သမဝါယမအသင်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။
ဒါဟာ ကုန်သွယ်မှုလုပ်ငန်းစဉ်တွေကို အွန်လိုင်းပေါ်ကနေ အသုံးပြုဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီပြောင်းလဲမှုကို ဒီဇင်ဘာလကုန် နောက်ဆုံးဆောင်ရွက်ရမှာဖြစ်ပြီး အရင်ကုဒ်နံပါတ်တွေကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ပို့ကုန်သွင်းကုန်လိုင်စင်၊ ပါမစ်ထုတ်ပေးတဲ့စနစ်ကို Myanmar Trade 2.0 စနစ်အဖြစ် အဆင့်မြင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ကုန်သွယ်မှု ဆက်စပ်ဌာနတွေဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ကုန်သွယ်ရေးဦးစီးဌနာနဲ့ ဗဟိုစာရင်းအင်းဌာနတွေအတွင်း အခြေခံအချက်အလက်တွေကို ၂၀၂၀ ဇန်နဝါရီ ၅ ရက်မှာ တူညီစွာအသုံးပြုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com