ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
အခြန္ထမ္းသူေတြအေနနဲ႔ အခြန္စည္းၾကပ္မႈကို မေက်နပ္ရင္ လြတ္လပ္စြာ အယူခံဝင္ႏိုင္တဲ့ အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒအေၾကာင္းကို ဒီကေန႔မွာ မိတ္ဆက္လိုက္ပါတယ္။
အရင္က အခြန္စည္းၾကပ္မႈနဲ႔ ပတ္သက္ၿပီး အယူခံဝင္ပါက က်သင့္ခြန္ေတြအကုန္ေပးေဆာင္ၿပီးမွသာ အယူခံဝင္ခြင့္ရွိတာေၾကာင့္ ကန႔္သတ္ထားသလိုျဖစ္ေနတာေတြကို အခုဥပေဒထဲမွာ ေျဖေလ်ာ့ေပးလိုက္တယ္လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနဒုၫႊန္မႉး ဦးမ်ိဳးမင္းလတ္ကေျပာပါတယ္။
ဒီဥပေဒမွာ အခြန္ထမ္းသူေတြ ရရွိမယ့္အခြင့္အေရးနဲ႔ ျပစ္ဒဏ္ေတြကိုလည္း ထည့္သြင္းေရးဆြဲထားတာျဖစ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ ယခုႏွစ္အတြင္းက အတည္ျပဳျပထားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ေနာက္ပိုင္းကာလေတြမွာ ေဆာင္႐ြက္သြားမယ့္ အခြန္ဆိုင္ရာျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ လက္ရွိေဆာင္႐ြက္ေနတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဖိတ္ေခၚႏိုင္မယ့္ အခြန္ဆိုင္ရာဥပေဒအတြက္ ယခုဥပေဒက အေျခခံျဖစ္တယ္လို႔ သိရပါတယ္။
ယခုဥပေဒကို အခြန္ထမ္းျပည္သူေတြအေနနဲ႔လည္း လိုက္နာက်င့္သုံးဖို႔လိုတယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အခွန်ထမ်းသူတွေအနေနဲ့ အခွန်စည်းကြပ်မှုကို မကျေနပ်ရင် လွတ်လပ်စွာ အယူခံဝင်နိုင်တဲ့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအကြောင်းကို ဒီကနေ့မှာ မိတ်ဆက်လိုက်ပါတယ်။
အရင်က အခွန်စည်းကြပ်မှုနဲ့ ပတ်သက်ပြီး အယူခံဝင်ပါက ကျသင့်ခွန်တွေအကုန်ပေးဆောင်ပြီးမှသာ အယူခံဝင်ခွင့်ရှိတာကြောင့် ကန့်သတ်ထားသလိုဖြစ်နေတာတွေကို အခုဥပဒေထဲမှာ ဖြေလျော့ပေးလိုက်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနဒုညွှန်မှူး ဦးမျိုးမင်းလတ်ကပြောပါတယ်။
ဒီဥပဒေမှာ အခွန်ထမ်းသူတွေ ရရှိမယ့်အခွင့်အရေးနဲ့ ပြစ်ဒဏ်တွေကိုလည်း ထည့်သွင်းရေးဆွဲထားတာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ယခုနှစ်အတွင်းက အတည်ပြုပြထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းကာလတွေမှာ ဆောင်ရွက်သွားမယ့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်မယ့် အခွန်ဆိုင်ရာဥပဒေအတွက် ယခုဥပဒေက အခြေခံဖြစ်တယ်လို့ သိရပါတယ်။
ယခုဥပဒေကို အခွန်ထမ်းပြည်သူတွေအနေနဲ့လည်း လိုက်နာကျင့်သုံးဖို့လိုတယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com