ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ ႀကီးမွဴး၍ ေစ်းခ်ိဳေတာ္ပလာဇာ ( Night Bazaar ) ဆိုင္ခန္းမ်ား အငွားဖြင့္ပြဲကို ၂ဝ၁၉ ခုႏွစ္ ၊ ဒီဇင္ဘာလ ( ၁၁ ၊ ၁၂ ၊ ၁၃ ) ဗုဒၶဟူး ၊ ၾကာသပေတး ၊ ေသာၾကာ ေန႔မ်ားတြင္ မႏၱေလးျမိဳ႕ ေစ်းခ်ိဳေတာ္ပလာဇာတြင္ ေအာင္ျမင္စြာ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ေစ်းခ်ိဳေတာ္ညေစ်း မိတ္ဆက္ပြဲ အခမ္းအနားတြင္ နာမည္ေက်ာ္ ပန္းခ်ီဆရာ (၇) ဦး၏ ပန္းခ်ီကားမ်ား ၊ ေက်ာက္ပန္းခ်ီကားမ်ား ၊ ပန္းပုလက္ရာမ်ား ၊ ေၾကးသြန္းထည္မ်ား ၊ ကိုရီးယားစတိုင္ဝတ္စံုမ်ား ပါဝင္ျပသေရာင္းခ်ေပးသြားခဲ့သည္။ အထူးအစီအစဥ္မ်ားအေနျဖင့္ ၁၁ ရက္ေန႔ ဒီဇင္ဘာလ ( ဗုဒၶဟူးေန႔ ) ညေနတြင္ ရုပ္ေသးနွင့္ ျခင္းလံုးအကမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ ေပးသြားခဲ့ေၾကာင္း သိရသည္။
မႏၱေလးေစ်းခ်ိဳေတာ္ပလာဇာသည္ မႏၱေလးျမိဳ႕၏ ပထမဆံုး Night Bazaar ( ညေစ်း ) တစ္ခုျဖစ္္သည္။ ဆိုင္ခန္းမ်ားကို ေန႔လည္ ၁၁ နာရီ မွ ည ၁၁ နာရီ အထိ ဖြင့္လွစ္နိုင္ျပီး အပတ္စဥ္ စေန ၊ တနဂၤေႏြ ေန႔မ်ားတြင္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ပါဝင္မည္ျဖစ္သည္။ အဝတ္အထည္မ်ား ၊ အလွကုန္ပစၥည္းမ်ား ၊ လက္ဝတ္ရတနာပစၥည္းမ်ား ၊ ဖန္စီပစၥည္းမ်ား ၊ ပရိေဘာဂပစၥည္းမ်ား ၊ မီးဖိုေခ်ာင္သံုးပစၥည္းမ်ား ႏွင့္ ရုပ္ရွင္ရံုမ်ား ဖြင့္လွစ္ႏိုင္မည္ျဖစ္သည္။
ဆိုင္ခန္းတစ္ခန္းစီအတြက္ အက်ယ္အဝန္း ၁၀ ေပ ပတ္လည္မွစတင္ငွားရမ္းနုိင္သည္။ အဆိုပါပြဲအတြင္းတြင္ ငွားရမ္းျဖစ္ပါက ၃ လအထိ ဆိုင္ခန္းမ်ား အခမဲ့ ဖြင့္လွစ္ခြင့္ ၊ ဆိုင္ခန္းငွားခ၏ ၅၀% အထိ အထူးသက္သာခြင့္မ်ားျဖင့္ ငွားရမ္းခြင့္မ်ားေပးခဲ့ေၾကာင္း သိရသည္။
“ အခုက်င္းပေနတဲ့ပြဲဟာ မႏၱေလးေစ်းခ်ိဳေတာ္ပလာဇာမွာ Night Bazzar (ညေစ်း)အျဖစ္ ဆိုင္ခန္းမ်ား ငွားရမ္းနိုင္ရန္အတြက္ က်င္းပျပဳလုပ္ေပးတဲ့ပြဲပါ။ ေစ်းခ်ိဳေတာ္ပလာဇာက မႏၲေလးၿမိဳ႕ရဲ႕ ပထမဆံုးညေစ်းတစ္ခုျဖစ္ၿပီး အခ်က္အခ်ာက်တဲ့ ျမဳိ႕လည္မွာတည္ရွိတာျဖစ္တဲ့အတြက္ ဆိုင္ခန္းငွားရမ္းသူမ်ားအေနျဖင့္ အလုပ္အကိုင္ေတြ အဆင္ေျပေစမယ္လို႔ ယံုၾကည္မိပါတယ္ " ဟု iMyanmarHouse.com ၏ Managing Director ျဖစ္သူ ဦးေနမင္းသူမွ ေျပာၾကားသြားခဲ့သည္။
iMyanmarHouse.com
အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္
ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ဈေးချိုတော်ပလာဇာ ( Night Bazaar ) ဆိုင်ခန်းများ အငှားဖွင့်ပွဲကို ၂ဝ၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ( ၁၁ ၊ ၁၂ ၊ ၁၃ ) ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ နေ့များတွင် မန္တလေးမြို့ ဈေးချိုတော်ပလာဇာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဈေးချိုတော်ညဈေး မိတ်ဆက်ပွဲ အခမ်းအနားတွင် နာမည်ကျော် ပန်းချီဆရာ (၇) ဦး၏ ပန်းချီကားများ ၊ ကျောက်ပန်းချီကားများ ၊ ပန်းပုလက်ရာများ ၊ ကြေးသွန်းထည်များ ၊ ကိုရီးယားစတိုင်ဝတ်စုံများ ပါဝင်ပြသရောင်းချပေးသွားခဲ့သည်။ အထူးအစီအစဉ်များအနေဖြင့် ၁၁ ရက်နေ့ ဒီဇင်ဘာလ ( ဗုဒ္ဓဟူးနေ့ ) ညနေတွင် ရုပ်သေးနှင့် ခြင်းလုံးအကများဖြင့် ဖျော်ဖြေတင်ဆက် ပေးသွားခဲ့ကြောင်း သိရသည်။
မန္တလေးဈေးချိုတော်ပလာဇာသည် မန္တလေးမြို့၏ ပထမဆုံး Night Bazaar ( ညဈေး ) တစ်ခုဖြစ်သည်။ ဆိုင်ခန်းများကို နေ့လည် ၁၁ နာရီ မှ ည ၁၁ နာရီ အထိ ဖွင့်လှစ်နိုင်ပြီး အပတ်စဉ် စနေ ၊ တနင်္ဂနွေ နေ့များတွင် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ အဝတ်အထည်များ ၊ အလှကုန်ပစ္စည်းများ ၊ လက်ဝတ်ရတနာပစ္စည်းများ ၊ ဖန်စီပစ္စည်းများ ၊ ပရိဘောဂပစ္စည်းများ ၊ မီးဖိုချောင်သုံးပစ္စည်းများ နှင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
ဆိုင်ခန်းတစ်ခန်းစီအတွက် အကျယ်အဝန်း ၁၀ ပေ ပတ်လည်မှစတင်ငှားရမ်းနိုင်သည်။ အဆိုပါပွဲအတွင်းတွင် ငှားရမ်းဖြစ်ပါက ၃ လအထိ ဆိုင်ခန်းများ အခမဲ့ ဖွင့်လှစ်ခွင့် ၊ ဆိုင်ခန်းငှားခ၏ ၅၀% အထိ အထူးသက်သာခွင့်များဖြင့် ငှားရမ်းခွင့်များပေးခဲ့ကြောင်း သိရသည်။
“ အခုကျင်းပနေတဲ့ပွဲဟာ မန္တလေးဈေးချိုတော်ပလာဇာမှာ Night Bazzar (ညဈေး)အဖြစ် ဆိုင်ခန်းများ ငှားရမ်းနိုင်ရန်အတွက် ကျင်းပပြုလုပ်ပေးတဲ့ပွဲပါ။ ဈေးချိုတော်ပလာဇာက မန္တလေးမြို့ရဲ့ ပထမဆုံးညဈေးတစ်ခုဖြစ်ပြီး အချက်အချာကျတဲ့ မြို့လည်မှာတည်ရှိတာဖြစ်တဲ့အတွက် ဆိုင်ခန်းငှားရမ်းသူများအနေဖြင့် အလုပ်အကိုင်တွေ အဆင်ပြေစေမယ်လို့ ယုံကြည်မိပါတယ် " ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)