ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေဟာင္ေကာင္ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ PAG သည္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္၏ အထင္ကရ Grand Hyatt Seoul ဟိုတယ္ၾကီးကို ကိုရီးယားကုမၸဏီတစ္ခုႏွင့္ ပူးေပါင္းကာ ကိုရီးယားဝမ္ေငြ ၅၆၀ ဘီလီယံျဖင့္ ဝယ္ယူလိုက္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
ဆိုးလ္ျမိဳ႕ေတာ္၏ ဟိုတယ္က႑သည္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူတုိ႔ကို ဆက္လက္ဆြဲေဆာင္ႏိုင္ေနသည့္ ကာလမ်ဳိးတြင္ PAG သည္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္အေျခစိုက္ Inmark Asset Management ကုမၸဏီႏွင့္ ပူးေပါင္းကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
အခန္းေပါင္း ၆၁၅ ခန္းပါဝင္သည့္ Grand Hyatt Seoul ဟိုတယ္ကို ေဟာင္ေကာင္ကုမၸဏီက ၎၏ မိတ္ဖက္ႏွင့္အတူ ဝမ္ေငြ ၅၆၀ ဘီလီယံ (ကန္ေဒၚလာ သန္း ၄၈၀ ) ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း The Korea Herald သတင္းစာတြင္ ေဖာ္ျပသည္။
ေရရွည္စီမံခန္႔ခြဲမႈ သေဘာတူစာခ်ဳပ္အရ Grand Hyatt Seoul ဟိုတယ္သည္ Grand Hyatt အမွတ္တံဆိပ္ေအာက္တြင္ ဆက္လက္ လည္ပတ္သြားမည္ျဖစ္ေၾကာင္း ယခုအေရာင္းအဝယ္အတြက္ အတိုင္ပင္ခံအျဖစ္ ေဆာင္ရြက္ခဲ့သည့္ JLL ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
“အခုလို အရင္က မရွိခဲ့ဖူးတဲ့ အခြင့္အလမ္းအေပၚ (ဟိုတယ္ေရာင္းခ်မည့္ ကိစၥအေပၚ) ျပည္တြင္းနဲ႔ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံသူ ႏွစ္ခုလံုးထံက စိတ္ဝင္စားမႈ အမ်ားအျပားရရွိခဲ့ပါတယ္။ ဒါဟာ အခုအေဆာက္အအံုၾကီးရဲ႕ တမူထူးျခားမႈ၊ ခိုင္မာတဲ့ ေစ်းကြက္ အေျခခံေတြရွိမႈနဲ႔ ဆိုးလ္ျမိဳ႕ေတာ္္ရဲ႕ ဧည့္ဝန္ေဆာင္မႈေစ်းကြက္အေပၚ အျမင္ေကာင္းေတြရွိေနမႈတို႔ေၾကာင့္ ျဖစ္ပါတယ္”ဟု JLL ၏ ဟိုတယ္ႏွင့္ ဧည့္အုပ္စုမွ ဒုတိယဥကၠဌ ကိုေရး ဟာမာဘာတာက ေျပာၾကားသည္။
ယခုႏွစ္အတြင္း ဆိုးလ္ျမိဳ႕ေတာ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံဖုိးခန္႔ ဟိုတယ္က႑တြင္ လက္ေျပာင္းလက္လႊဲျဖစ္ခဲ့ျပီး ယင္းပမာဏမွာ ၂၀၁၂ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္ၾကားကာလ ႏွစ္စဥ္ပွ်မ္းမွ်ႏႈန္းထက္ ၃ ဆေက်ာ္ မ်ားျပားသည့္ ပမာဏျဖစ္ေၾကာင္း JLL ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
Grand Hyatt Seoul ဟိုတယ္သည္ ဆိုးလ္ျမိဳ႕ေတာ္၏ အခ်မ္းသာဆံုး လူကံုထံရပ္ကြက္မ်ားတြင္ တစ္ခုျဖစ္ေသာ ဟန္နန္ေဒါင္အရပ္တြင္ တည္ရွိျပီး ဟိုတယ္၏ အက်ယ္အဝန္းမွာ စတုရန္းမီတာ ၇၃၀၀၀ (၇၈၅၇၆၅ စတုရန္းေပ) ရွိသည္။
၁၉၇၈ ခုႏွစ္လက္ရာ အေဆာက္အအံုၾကီးကို ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ ယခုႏွစ္ ေမလအတြင္း အျပီးသတ္ခဲ့သည္။
ျပန္လည္မြမ္းမံရာတြင္ အခန္းေပါင္း ၁၄ ခု ထပ္မံျဖည့္စြက္ခဲ့ျပီး စားေသာက္ဆိုင္ႏွင့္ အရက္ဘား ၁၂ ခု၊ ေရပူေခၽြးထုတ္ခန္းတစ္ခု၊ အစည္းအေဝးခန္းေနရာ ၁၉ ခုတို႔ ပါဝင္သည္။
Grand Hyatt Seoul ဟိုတယ္ၾကီးတြင္ ႏိုင္ငံအၾကီးအကဲမ်ား တည္းခိုရန္အတြက္ ရည္ရြယ္ထားေသာ အခန္းမွာ ဟန္ျမစ္ႏွင့္ နမ္ဆန္ေတာင္ၾကီး၏ အလွကို ေတြ႔ျမင္ရသည့္ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားျပီး အက်ယ္အဝန္း ၃၃၇ စတုရန္းမီတာရွိကာ ျဗိတိန္ေတာ္ဝင္ မင္းသမီး ဒိုင္ယာနာ အလြန္ႏွစ္သက္ေသာေနရာတစ္ခု ျဖစ္ခဲ့သည္ဟု ဆိုသည္။
အာရွတစ္လႊားရွိ အျမတ္အစြန္းျမင့္မားေသာ အိမ္ျခံေျမစီမံကိန္းမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ ရည္ရြယ္ကာ ဘ႑ာေငြ ကန္ေဒၚလာ ၂ ဘီလီယံ မတည္လိုက္ျပီး ၄ လအၾကာတြင္ ဆိုးလ္ရွိ ဟိုတယ္ကို PAG က ဝယ္ယူလိုက္ျခင္းလည္း ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဟောင်ကောင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ PAG သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၏ အထင်ကရ Grand Hyatt Seoul ဟိုတယ်ကြီးကို ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ကိုရီးယားဝမ်ငွေ ၅၆၀ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆိုးလ်မြို့တော်၏ ဟိုတယ်ကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ကို ဆက်လက်ဆွဲဆောင်နိုင်နေသည့် ကာလမျိုးတွင် PAG သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အခြေစိုက် Inmark Asset Management ကုမ္ပဏီနှင့် ပူးပေါင်းကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အခန်းပေါင်း ၆၁၅ ခန်းပါဝင်သည့် Grand Hyatt Seoul ဟိုတယ်ကို ဟောင်ကောင်ကုမ္ပဏီက ၎င်း၏ မိတ်ဖက်နှင့်အတူ ဝမ်ငွေ ၅၆၀ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၈၀ ) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း The Korea Herald သတင်းစာတွင် ဖော်ပြသည်။
ရေရှည်စီမံခန့်ခွဲမှု သဘောတူစာချုပ်အရ Grand Hyatt Seoul ဟိုတယ်သည် Grand Hyatt အမှတ်တံဆိပ်အောက်တွင် ဆက်လက် လည်ပတ်သွားမည်ဖြစ်ကြောင်း ယခုအရောင်းအဝယ်အတွက် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည့် JLL ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“အခုလို အရင်က မရှိခဲ့ဖူးတဲ့ အခွင့်အလမ်းအပေါ် (ဟိုတယ်ရောင်းချမည့် ကိစ္စအပေါ်) ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ နှစ်ခုလုံးထံက စိတ်ဝင်စားမှု အများအပြားရရှိခဲ့ပါတယ်။ ဒါဟာ အခုအဆောက်အအုံကြီးရဲ့ တမူထူးခြားမှု၊ ခိုင်မာတဲ့ ဈေးကွက် အခြေခံတွေရှိမှုနဲ့ ဆိုးလ်မြို့တော်ရဲ့ ဧည့်ဝန်ဆောင်မှုဈေးကွက်အပေါ် အမြင်ကောင်းတွေရှိနေမှုတို့ကြောင့် ဖြစ်ပါတယ်”ဟု JLL ၏ ဟိုတယ်နှင့် ဧည့်အုပ်စုမှ ဒုတိယဥက္ကဌ ကိုရေး ဟာမာဘာတာက ပြောကြားသည်။
ယခုနှစ်အတွင်း ဆိုးလ်မြို့တော်တွင် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးခန့် ဟိုတယ်ကဏ္ဍတွင် လက်ပြောင်းလက်လွှဲဖြစ်ခဲ့ပြီး ယင်းပမာဏမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကြားကာလ နှစ်စဉ်ပျှမ်းမျှနှုန်းထက် ၃ ဆကျော် များပြားသည့် ပမာဏဖြစ်ကြောင်း JLL ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Grand Hyatt Seoul ဟိုတယ်သည် ဆိုးလ်မြို့တော်၏ အချမ်းသာဆုံး လူကုံထံရပ်ကွက်များတွင် တစ်ခုဖြစ်သော ဟန်နန်ဒေါင်အရပ်တွင် တည်ရှိပြီး ဟိုတယ်၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၃၀၀၀ (၇၈၅၇၆၅ စတုရန်းပေ) ရှိသည်။
၁၉၇၈ ခုနှစ်လက်ရာ အဆောက်အအုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ယခုနှစ် မေလအတွင်း အပြီးသတ်ခဲ့သည်။
ပြန်လည်မွမ်းမံရာတွင် အခန်းပေါင်း ၁၄ ခု ထပ်မံဖြည့်စွက်ခဲ့ပြီး စားသောက်ဆိုင်နှင့် အရက်ဘား ၁၂ ခု၊ ရေပူချွေးထုတ်ခန်းတစ်ခု၊ အစည်းအဝေးခန်းနေရာ ၁၉ ခုတို့ ပါဝင်သည်။
Grand Hyatt Seoul ဟိုတယ်ကြီးတွင် နိုင်ငံအကြီးအကဲများ တည်းခိုရန်အတွက် ရည်ရွယ်ထားသော အခန်းမှာ ဟန်မြစ်နှင့် နမ်ဆန်တောင်ကြီး၏ အလှကို တွေ့မြင်ရသည့်မြင်ကွင်းများ ပိုင်ဆိုင်ထားပြီး အကျယ်အဝန်း ၃၃၇ စတုရန်းမီတာရှိကာ ဗြိတိန်တော်ဝင် မင်းသမီး ဒိုင်ယာနာ အလွန်နှစ်သက်သောနေရာတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုသည်။
အာရှတစ်လွှားရှိ အမြတ်အစွန်းမြင့်မားသော အိမ်ခြံမြေစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်ကာ ဘဏ္ဍာငွေ ကန်ဒေါ်လာ ၂ ဘီလီယံ မတည်လိုက်ပြီး ၄ လအကြာတွင် ဆိုးလ်ရှိ ဟိုတယ်ကို PAG က ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)