ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ဝန္ႀကီးဌာနမ်ားမွ အသုံးမျပဳေတာ့သည္ ေျမႏွင့္အေဆာက္အဦးမ်ားကို ျပည္သူလူထုအတြက္ အက်ိဳးရွိ ေအာင္ေဆာင္႐ြက္ေပးရန္ လႊတ္ေတာ္တိုက္တြန္းခ်က္ ေအာင္ျမင္ခဲ့သည္။
ဒီဇင္ဘာ ၁၈ ရက္က က်င္းပသည့္ အမ်ိဳးသားလႊတ္ေတာ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးကိုကိုႏိုင္က ယင္းအဆိုတင္သြင္းခဲ့ၿပီးေနာက္ လႊတ္ေတာ္က မဲခြဲဆုံးျဖတ္အတည္ျပဳခဲ့သည္။
ျပည္ေထာင္စုအစိုးရအဖြဲ႕ သာ္ အစိုးရပိုင္ေျမမ်ားကို ပုဂၢလိကပိုင္ျပဳလုပ္ေရး ေကာ္မရွင္က ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး လႊတ္ေတာ္ကတိုက္တြန္းမႈသည္ အစိုးရ၏ ေဆာင္႐ြက္ခ်က္မ်ားသည္။ထိုေၾကာင့္ အဆိုကိုမွတ္တမ္းအျဖစ္ထားရန္ စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးခင္ေမာင္ဝင္းက တင္ျပခဲ့သည္။
‘‘ျပည္ေထာင္စုအဖြဲ႕အစည္းမ်ား၊ ဝန္ႀကီးဌာနမ်ားက သူတို႔ အသုံးျပဳရန္မလိုအပ္ေတာ့ဘဲ ေျမ၊ အေဆာက္အအုံ၊ တိုက္ခန္း ေျမကြက္မ်ားကိုအပ္ႏွံလာရင္ ေကာ္မရွင္ကလုပ္ထုံးလုပ္နည္း ေတြနဲ႔ စိစစ္ၿပီးေတာ့ အိတ္ဖြင့္တင္ဒါဖြင့္ၿပီး လႊဲေျပာင္းေရာင္းခ်ျခင္းကို ေဆာင္႐ြက္ေနပါတယ္’’ ဟု ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။
သို႔ေသာ္ အဆိုရွင္ဦးကိုကိုႏိုင္က ျမန္မာႏိုင္ငံတြင္ အစိုးရက လုံးဝအသုံးမျပဳဘဲထားရွိသည့္ ေျမေနရာႏွင့္ အေဆာက္အအုံမ်ားသည္ အလြန္မ်ားျပားစြာရွိေနသည္။ထိုေၾကာင့္ ဝန္ႀကီးဌာနက လည္း အဆိုပါေျမေနရာမ်ားကိုသက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားကို ျပည္သူမ်ားအ တြက္ အက်ိဳးရွိေအာင္ေဆာင္႐ြက္ ေပးႏိုင္ေရး စနစ္တက်လႊဲေျပာင္း ေပးႏိုင္မွသာလွ်င္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး အတြက္ ေကာင္းမြန္သည့္အရာျဖစ္ေၾကာင္း လႊတ္ေတာ္အစည္းအေဝးတြင္ ေျပာသည္။
‘‘ဒီလုပ္ငန္းစဥ္ဟာ ဘတ္ဂ်က္လည္းကုန္မယ့္လုပ္ငန္းစဥ္မဟုတ္ပါဘူး။ အစိုးရအတြက္လည္း ဝန္ထုပ္ဝန္ပိုးျဖစ္သြားမယ့္ ဝန္ထုပ္ဝန္ပိုးမဟုတ္ဘူးလို႔ ယုံၾကည္မိပါတယ္။ ပုဂၢလိကအက်ိဳးစီးပြားထက္၊ ဌာနအက်ိဳးစီး ပြားထက္ အမ်ားျပည္သူအက်ိဳးစီး ပြားကို ဦးတည္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အဆိုကို အတည္ျပဳေပးႏိုင္ေရး လႊတ္ေတာ္အဆုံးအျဖတ္ရယူေပးႏိုင္ရန္ တင္ျပအပ္ပါတယ္’’ဟု ဦးကိုကိုႏိုင္ကေျပာသည္။
အစိုးရအဆက္ဆက္ လက္ရွိအသုံးျပဳျခင္းမရွိသည့္ေျမႏွင့္ အေဆာက္အအုံမ်ားကို အမ်ားျပည္သူ အက်ိဳးရွိေအာင္ ေဆာင္႐ြက္ေပးရန္ အစိုးရကို တိုက္တြန္းေၾကာင္း အဆိုကို မဲေပးစနစ္ျဖင့္ ဆႏၵမဲေကာက္ခံခဲ့ရာ မဲေပးခြင့္ရွိသူ ကိုယ္စားလွယ္ ၁၈၉ ဦး၊ ေထာက္ခံဆႏၵမဲေပးသူ ၁၁၄ ဦး၊ ကန႔္ကြက္ဆႏၵမဲေပးသူ ၅၇ ဦး၊ ၾကားေနငါးဦးျဖစ္ရာ ေထာက္ခံဆႏၵမဲ ေပးသူမ်ားေသာေၾကာင့္ ယင္းအဆိုကို အတည္ျပဳေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္းက ေၾကညာသည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဝန်ကြီးဌာနများမှ အသုံးမပြုတော့သည် မြေနှင့်အဆောက်အဦးများကို ပြည်သူလူထုအတွက် အကျိုးရှိ အောင်ဆောင်ရွက်ပေးရန် လွှတ်တော်တိုက်တွန်းချက် အောင်မြင်ခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်က ကျင်း ပသည့် အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ယင်းအဆိုတင်သွင်းခဲ့ပြီးနောက် လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ သာ် အစိုးရပိုင်မြေများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ဆောင်ရွက်နေခြင်းဖြစ်ပြီး လွှတ်တော်ကတိုက်တွန်းမူသည် အစိုးရ၏ ဆောင်ရွက်ချက်များသည်။ထိုကြောင့် အဆိုကိုမှတ်တမ်းအဖြစ်ထားရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်ဝင်းက တင်ပြခဲ့သည်။
‘‘ပြည်ထောင်စုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများက သူတို့ အသုံးပြုရန်မလိုအပ်တော့ဘဲ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း မြေကွက်များကိုအပ်နှံလာရင် ကော်မရှင်ကလုပ်ထုံးလုပ်နည်း တွေနဲ့ စိစစ်ပြီးတော့ အိတ်ဖွင့်တင်ဒါဖွင့်ပြီး လွှဲပြောင်းရောင်းချခြင်းကို ဆောင်ရွက်နေပါတယ်’’ ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
သို့သော် အဆိုရှင်ဦးကိုကိုနိုင်က မြန်မာနိုင်ငံတွင် အစိုးရက လုံးဝအသုံးမပြုဘဲထားရှိသည့် မြေနေရာနှင့် အဆောက်အအုံများသည် အလွန်များပြားစွာရှိနေသည်။ထိုကြောင့် ဝန်ကြီးဌာနက လည်း အဆိုပါမြေနေရာများကိုသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ပြည်သူများအ တွက် အကျိုးရှိအောင်ဆောင်ရွက် ပေးနိုင်ရေး စနစ်တကျလွှဲပြောင်း ပေးနိုင်မှသာလျှင် မြို့ပြဖွံ့ဖြိုးရေး အတွက် ကောင်းမွန်သည့်အရာဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
‘‘ဒီလုပ်ငန်းစဉ်ဟာ ဘတ်ဂျက်လည်းကုန်မယ့်လုပ်ငန်းစဉ်မဟုတ်ပါဘူး။ အစိုးရအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်သွားမယ့် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။ ပုဂ္ဂလိကအကျိုးစီးပွားထက်၊ ဌာနအကျိုးစီး ပွားထက် အများပြည်သူအကျိုးစီး ပွားကို ဦးတည်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုကို အတည်ပြုပေးနိုင်ရေး လွှတ်တော်အဆုံးအဖြတ်ရယူပေးနိုင်ရန် တင်ပြအပ်ပါတယ်’’ဟု ဦးကိုကိုနိုင်ကပြောသည်။
အစိုးရအဆက်ဆက် လက်ရှိအသုံးပြုခြင်းမရှိသည့်မြေနှင့် အဆောက်အအုံများကို အများပြည်သူ အကျိုးရှိအောင် ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို မဲပေးစနစ်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာ မဲပေးခွင့်ရှိသူ ကိုယ်စားလှယ် ၁၈၉ ဦး၊ ထောက်ခံဆန္ဒမဲပေးသူ ၁၁၄ ဦး၊ ကန့်ကွက်ဆန္ဒမဲပေးသူ ၅၇ ဦး၊ ကြားနေငါးဦးဖြစ်ရာ ထောက်ခံဆန္ဒမဲ ပေးသူများသောကြောင့် ယင်းအဆိုကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com