ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
အေဆာက္အအုံျပင္ဆင္စရိတ္ကို ကန္ထရိုက္တိုက္ ေခၚဆိုေသာ စုေပါင္းပိုင္တိုက္မ်ားတြင္ ေနထိုင္ၾကသူမ်ား အားလုံးတြင္တာဝန္ရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ဒီဇင္ဘာ ၁၈ ရက္ တြင္က်င္းပေသာ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၇)ရက္ေျမာက္ေန႔ တြင္ေျပာသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ကန္ထရိုက္တိုက္ဟု ေခၚဆိုေသာ စုေပါင္းပိုင္တိုက္မ်ားတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ မိမိတို႔ အေဆာက္အဦျပင္ဆင္ေရးႏွင့္ပတ္သက္၍ ေနထိုင္ၾကသူမ်ားအားလုံး တြင္ တာဝန္ရွိၿပီး ေနထိုင္သူအားလုံးမွ ျပင္ဆင္စရိတ္ကို အညီအမၽွက်ခံရမည္ ျဖစ္ေၾကာင္း၊ အဆိုပါ အေဆာက္အအုံမ်ားကို ျပင္ဆင္နိုင္ရန္အတြက္ BCID ေကာ္မတီအဖြဲ႕ မ်ား အျမန္ဆုံးထူေထာင္သြားၿပီး အဆိုပါ BCID ေကာ္မတီ အဖြဲ႕မ်ားမွ အႀကံျပဳခ်က္မ်ား၊ လမ္းညႊန္ခ်က္မ်ားကို ထုတ္ျပန္ေၾကညာၿပီး ေဆာင္ ရြက္ သြားမည္ျဖစ္ပါေၾကာင္း၊ဝန္ႀကီးဌာနအေနျဖင့္ BCID Law ႏွင့္ Estate Management Law မ်ားကို ေရးဆြဲလ်က္ရွိၿပီး အဆိုပါဥပေဒမ်ား ျပ႒ာန္းၿပီးပါက ေဆာက္လုပ္မႈက႑ႀကီးတစ္ခုလုံးကို လႊမ္းျခဳံ၍တစ္နိုင္ငံလုံး အတိုင္းအတာအရ ပုဂၢလိကက႑ႏွင့္ နိုင္ငံပိုင္အေဆာက္အအုံက႑ တြင္ပါ စံခ်ိန္စံညႊန္း ျပည့္မီသည့္ အေဆာက္အအုံမ်ားကို တည္ေဆာက္နိုင္ရန္အတြက္ ေဆာင္ရြက္သြားနိုင္မည္ ျဖစ္ေၾကာင္းေျပာသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အဆောက်အအုံပြင်ဆင်စရိတ်ကို ကန်ထရိုက်တိုက် ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများ အားလုံးတွင်တာဝန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒီဇင်ဘာ ၁၈ ရက် တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ တွင်ပြောသည်။
ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ အဆောက်အဦပြင်ဆင်ရေးနှင့်ပတ်သက်၍ နေထိုင်ကြသူများအားလုံး တွင် တာဝန်ရှိပြီး နေထိုင်သူအားလုံးမှ ပြင်ဆင်စရိတ်ကို အညီအမျှကျခံရမည် ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံများကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့ များ အမြန်ဆုံးထူထောင်သွားပြီး အဆိုပါ BCID ကော်မတီ အဖွဲ့များမှ အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ဆောင် ရွက် သွားမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့် BCID Law နှင့် Estate Management Law များကို ရေးဆွဲလျက်ရှိပြီး အဆိုပါဥပဒေများ ပြဋ္ဌာန်းပြီးပါက ဆောက်လုပ်မှုကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းခြုံ၍တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင်အဆောက်အအုံကဏ္ဍ တွင်ပါ စံချိန်စံညွှန်း ပြည့်မီသည့် အဆောက်အအုံများကို တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းပြောသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သာ) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com