ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ ေဘာနတ္ႀကီးေက်းရြာအနီး တည္ေဆာက္လ်က္ရွိသည့္ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းမ်ားၿပီးစီးပါက ေဒသခံျပည္သူ (၁)ေသာင္းေက်ာ္ အလုပ္အကိုင္အခြင့္အလမ္းမ်ားရမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ သိရသည္။
ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးသိန္းဝင္းကို ဒီဇင္ဘာ ၁၇ ရက္က တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံလုံးဆိုင္ရာ လႊတ္ေတာ္ ဒုတိယဥကၠ႒ႏွင့္ ျမန္မာနိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးေအာင္ဝင္း ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႔မွ ေဘာနတ္ႀကီးေက်းရြာအနီး တည္ေဆာက္လ်က္ရွိသည့္ လုပ္ငန္းမ်ားႏွင့္ပတ္သက္လာေရာက္ရွင္းလင္းတင္ျပခဲ့ၾကရာ အဆုိပါ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ သိုးေမႊး အထည္ခ်ဳပ္ (၆) ထပ္စက္႐ုံ(၃) ခုအား တည္ေဆာက္လ်က္ရွိၿပီး ေဆာက္လုပ္ၿပီးစီးပါက ေဒသခံျပည္သူ (၁)ေသာင္းေက်ာ္ခန႔္အား အလုပ္အကိုင္အခြင့္အလမ္းမ်ား ေပးနိုင္မည္ျဖစ္ၿပီး နိုင္ငံေတာ္အတြက္လည္း အခြန္ေငြမ်ား ပိုမိုတိုးတက္ရရွိလာနိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ ဘောနတ်ကြီးကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် အထည်ချုပ်စက်ရုံလုပ်ငန်းများပြီးစီးပါက ဒေသခံပြည်သူ (၁)သောင်းကျော် အလုပ်အကိုင်အခွင့်အလမ်းများရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးသိန်းဝင်းကို ဒီဇင်ဘာ ၁၇ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ဘောနတ်ကြီးကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်လာရောက်ရှင်းလင်းတင်ပြခဲ့ကြရာ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများတွင် သိုးမွှေး အထည်ချုပ် (၆) ထပ်စက်ရုံ(၃) ခုအား တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူ (၁)သောင်းကျော်ခန့်အား အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း အခွန်ငွေများ ပိုမိုတိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com