ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
စီမံကိန်းအတွက် ရေအရင်းအမြစ် နှင့်ရေအရည်အသွေးကောင်းပြီးသား ဒုဋ္ဌဝတီမြစ်ရေကို ရယူပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ရေသန့်စင်ရေးစက်ရုံနှင့်သန့်စင်ပြီး သန့်ရှင်းသည့်ရေကို ပြည်ကြီးတံခွန်မြို့နယ်၏ လူဦးရေ ၂ သိန်းကျော်နှင့် စက်မှုဇုန် ၃ ခုအတွက် ရေဖြန့်ဖြူးနိုင်ရေး အတွက်ဖြစ်ကြောင်းသိရသည်။
### Unicode Version ###
ရေဖြန့်ဖြူးရေးကွန်ရက်တွင် မပါဝင်သေးသည့် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၏ ၇၀ ရာခိုင်နှုန်းအတွက် သောက်သုံးရေဖြန့်ဖြူးနိုင်ရေး စီမံချက် သဘောတူစာချုပ်ကို ၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်နေ့က ချုပ်ဆိုခဲ့ကြောင်း မန္တလေးမြို့တော်ဝန်၏ ဖေ့စ်ဘွတ်မှသိရသည်။
အဆိုပါစီမံချက်အတွက် နယ်သာလန်နိုင်ငံ၏ ပံ့ပိုးကူညီထောက်ပံမှု ၅၀ ရာခိုင်နှုန်းနှင့် ချေးငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။
စီမံကိန်းအတွက် ရေအရင်းအမြစ် နှင့်ရေအရည်အသွေးကောင်းပြီးသား ဒုဋ္ဌဝတီမြစ်ရေကို ရယူပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ရေသန့်စင်ရေးစက်ရုံနှင့်သန့်စင်ပြီး သန့်ရှင်းသည့်ရေကို ပြည်ကြီးတံခွန်မြို့နယ်၏ လူဦးရေ ၂ သိန်းကျော်နှင့် စက်မှုုဇုန် ၃ ခုအတွက် ရေဖြန့်ဖြူးနိုင်ရေး အတွက်ဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com