ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ပဲခူးတိုင္းအတြင္း တန္ဖိုးနည္း၊ တန္ဖိုးသင့္၊ တန္ဖိုးမၽွတ အိမ္ရာစီမံကိန္းမ်ား ေဆာက္လုပ္နိုင္ရန္အတြက္ ပဲခူတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းအား Pride Myanmar Development (PMD) Co., Ltd မွ Chairman ဦးမင္းေက်ာ္စန္းနိုင္ႏွင့္ တာဝန္ရွိသူမ်ားက ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၊ ေတာ္ဝင္ဟံသာခန္းမ၌ ဒီဇင္ဘာလ(၁၈)ရက္ေန႔ ေတြ႔ဆုံရွင္းလင္းတင္ျပခဲ့ေၾကာင္းသိရသည္။
ပဲခူတိုင္းဝန္ႀကီးခ်ဳပ္က ပဲခူးတိုင္းေဒသႀကီး အတြင္း ၿမိဳ႕ျပအိမ္ရာမ်ားႏွင့္ပတ္သက္၍ တိုင္းေဒသႀကီးၿမိဳ႕ျပဖြံ့ၿဖိဳးတိုးတက္ေရးေကာ္မတီကို ဖြဲ႕ စည္းထားၿပီးျဖစ္ေၾကာင္း၊ ၿမိဳ႕ျပတစ္ခု ဖြံ့ၿဖိဳးတိုးတက္ျခင္းသည္ အလုပ္အကိုင္အခြင့္လမ္းေပၚတြင္ မူတည္ေနေၾကာင္း၊အဓိကအားျဖင့္လူဦး ေရတိုးတက္မ်ားျပားလာျခင္းႏွင့္အတူ အိုးအိမ္လိုအပ္မႈလည္း ျဖစ္ေပၚလာနိုင္မည္ျဖစ္ေၾကာင္း၊ ပဲခူးေဒသည္ ကုန္တြင္းလမ္းဆုံ တစ္ခုျဖစ္ ၿပီး အနာဂတ္အတြက္ အလြန္အေရးပါသည့္ အိမ္ရာစီမံကိန္းမ်ား ေဆာက္လုပ္နိုင္ေရးလာေရာက္ကမ္းလွမ္းရွင္းျပမႈအေပၚ ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ေၾကာင္းသိရသည္။
(PMD) ကုမၸဏီမွ ရွင္းလင္းတင္ျပရာတြင္ တန္ဖိုးမၽွတအိမ္ရာအတြက္ (၈၀၀) စတုရန္းေပရွိသည့္ အခန္းတစ္ခန္းကို္ တစ္လလၽွင္ ေငြ ၂၂၆၀၀ဝ က်ပ္ ေပးသြင္း၍လည္းေကာင္း၊တန္ဖိုးသင့္အိမ္ရာအတြက္ (၆၀၀) စတုရန္းေပရွိ အခန္းတစ္ခန္းကို တစ္လလၽွင္ ေငြ ၁၉၈၀၀ဝ က်ပ္ေပးသြင္း၍ လည္းေကာင္း၊ တန္ဖိုးနည္းအိမ္ရာအတြက္ (၃၂၄)စတုရန္းေပရွိသည့္ အခန္းတစ္ခန္းကို္ တစ္လလၽွင္ ေငြ ၉၅၀၀ဝ က်ပ္ ေပးသြင္း၍လည္းေကာင္း (၁၅)ႏွစ္ၾကာလၽွင္ အိမ္ခန္းအပိုင္စနစ္ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ႀကိဳတင္ေငြေပးသြင္းရန္မလိုအပ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲမွသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သာ) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ပဲခူးတိုင်းအတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရန်အတွက် ပဲခူတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းအား Pride Myanmar Development (PMD) Co., Ltd မှ Chairman ဦးမင်းကျော်စန်းနိုင်နှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၈)ရက်နေ့ တွေ့ဆုံရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ပဲခူတိုင်းဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့ စည်းထားပြီးဖြစ်ကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုင်အခွင့်လမ်းပေါ်တွင် မူတည်နေကြောင်း၊အဓိကအားဖြင့်လူဦး ရေတိုးတက်များပြားလာခြင်းနှင့်အတူ အိုးအိမ်လိုအပ်မှုလည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးဒေသည် ကုန်တွင်းလမ်းဆုံ တစ်ခုဖြစ် ပြီး အနာဂတ်အတွက် အလွန်အရေးပါသည့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရေးလာရောက်ကမ်းလှမ်းရှင်းပြမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
(PMD) ကုမ္ပဏီမှ ရှင်းလင်းတင်ပြရာတွင် တန်ဖိုးမျှတအိမ်ရာအတွက် (၈၀၀) စတုရန်းပေရှိသည့် အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၂၂၆၀၀ဝ ကျပ် ပေးသွင်း၍လည်းကောင်း၊တန်ဖိုးသင့်အိမ်ရာအတွက် (၆၀၀) စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၁၉၈၀၀ဝ ကျပ်ပေးသွင်း၍ လည်းကောင်း၊ တန်ဖိုးနည်းအိမ်ရာအတွက် (၃၂၄)စတုရန်းပေရှိသည့် အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၉၅၀၀ဝ ကျပ် ပေးသွင်း၍လည်းကောင်း (၁၅)နှစ်ကြာလျှင် အိမ်ခန်းအပိုင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းရန်မလိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သာ) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com