ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
တာမွေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတိုးဝင်းက ရန်ကုန်မှ အန္တရာယ်ရှိအဆောက်အအုံများပြန်လည်တည်ဆောက်ရာတွင် တိုက်ခန်းပိုင်ရှင်များ ရပိုင်ခွင့်မဆုံးရှုံးစေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားကြောင်း ပြည်သူ့လွှတ်တော်တွင်မေးခွန်းထုတ်ခဲ့သည်။
အဆိုပါမေးခွန်းအပေါ်တွင် ဆောက်လုပ်ရေးဒုတိယဝန်ကြီးဦးကျော်လင်းက အဆောက်အအုံများတည်ဆောက်မှုကို ကြပ်မတ်နိုင်ရေး နှင့်ပြည်သူများနစ်နာမှုမရှိစေရန် အဆောက်အအုံနှင့်ဆောက်လုပ်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဥပဒေရေးဆွဲနေဟုဖြေကြားခဲ့သည်။
သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတိုးဝင်းက ရန်ကုန်တွင် တိုက်ခန်း၊ကွန်ဒို၊တိုက်ခန်းတွဲအရေအတွက် ၂ သိန်း ၆ သောင်းကျော်ရှိရာ အချို့သော တိုက်များသည် ပျက်စီးယိုယွင်းမှုများ၊ကြံ့ခိုင်မှုအားနည်းနေခြင်းများရှိနေကြောင်း၊ တည်ဆောက်ရေးကိစ္စတွင် ရေရှည်ခိုင်ခန့်မှုရှိစေရေးကိုပါ ကြပ်မတ်ရန် တိုက်တွန်းထားသည်။
ဆောက်လုပ်ရေးဒုတိယဝန်ကြီးက အဆောက်အအုံနှင့်ဆောက်လုပ်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဥပဒေရေးဆွဲပြီးပါက သက်ဆိုင်ရာက အဆောက်အအုံတည်ဆောက်မှု စသည်တို့ကို ကြပ်မတ်သွားနိုင်မည်ဟု ဆိုသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com