ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
### Unicode Version ###
ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည် ဖော်ဆောင်ရေး စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာကို ရခိုင်ပြည်နယ် အစိုးရကဖိတ်ခေါ်ထား ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရပိုင်ဆိုင်၍ စီမံပိုင်ခွင့်ရှိသော မြေဧရိယာ ၁၈၀၀ ဧကခန့်တွင် ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည်ဖော်တည်ဆောက်ခြင်းလုပ်ငန်းအား အစိုးရကဖိတ်ခေါ်ခြင်းမရှိဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကမှ စီမံကိန်းအဆိုပြုလွှာရေးဆွဲတင်ပြခဲ့ကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော်နိုင်ရေး အတွက် မူလအဆိုပြုလွှာနှင့်ယှဉ်ပြိုင်ရွေးချယ်နိုင်ရန် စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာဖိတ်ခေါ်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာအား ဘဏ္ဍာရေးအခွန်၊စီမံကိန်းနှင့်စီပွားရေးဝန်ကြီးဌာနရုံးခန်း၊ရခိုင်ပြည်နယ်၊အစိုးရအဖွဲရုံးတွင် ၁၈-၁၂-၂၀၁၉(ဗုဒ္ဓဟူးနေ့)တွင် တစ်စောင်ကို(၁၀၀၀၀)ကျပ်ဖြင့် ရောင်းချမှာဖြစ်ပြီး ၁၇-၁-၂၀၂၀ တွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com