ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ႏိုဝင္ဘာလအတြင္း ကုမၸဏီအသစ္ ၁၆၀၀ေက်ာ္ မွတ္ပုံတင္ခဲ့ၿပီး မွတ္ပုံတင္ထားသည့္ ကုမၸဏီ ၆၇၀၀၀ ေက်ာ္ရွိၿပီဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ေသာစာရင္းမ်ားတြင္ ေဖာ္ျပထားသည္။
လက္ရွိ ကုမၸဏီမွတ္ပုံတင္ထားျခင္းသည္ စုစုေပါင္း ၆၇,၀၀၀ ေက်ာ္ရွိၿပီး ယင္းတို႔အနက္မွ ကုမၸဏီ ၃,၈၀၀ ေက်ာ္ကို မွတ္ပုံတင္ရန္စိစစ္ဆဲျဖစ္သည္ဟု ဆိုသည္။
၂၀၁၉ အတြင္း ကုမၸဏီအသစ္မွတ္ပုံတင္မႈသည္ တစ္လလွ်င္ ကုမၸဏီအသစ္ ၁,၀၀၀ ေက်ာ္မွ ၁,၇၀၀ ေက်ာ္အထိရွိသည္ဟု အဆိုပါဌာနစာရင္းမ်ားတြင္ ေဖာ္ျပထားသည္။
၂၀၁၉ေအာက္တိုဘာသည္ ၂၀၁၈ စက္တင္ဘာေနာက္ပိုင္း ကုမၸဏီမွတ္ပုံတင္အမ်ားဆုံး တင္ သည့္လျဖစ္သည္ဟုဆိုသည္။
ကုမၸဏီမ်ား အြန္လိုင္းမွတ္ပုံတင္စနစ္ျဖင့္ မွတ္ပုံတင္ျခင္းကို ၂၀၁၈ ဩဂုတ္ကစတင္ခဲ့သည္။ ထိုစနစ္ေျပာင္းလဲၿပီးေနာက္တစ္လလွ်င္ ပ်မ္းမွ်ကုမၸဏီအသစ္ ၁,၄၀၀ ေက်ာ္ မွတ္ပုံတင္သည္ ဟု အထက္ပါဌာနကထုတ္ျပန္ထားသည္။
မွတ္ပုံတင္ရာတြင္ ကုမၸဏီ အမ်ိဳးအစားခြဲျခားထားမႈမရွိျခင္း ႏွင့္ ဥပေဒအသစ္၌ ကုမၸဏီ၏ စီးပြားေရးရည္မွန္းခ်က္ကို ထည့္ သြင္းရန္မလိုျခင္း၊ ျပည္တြင္း၊ ျပည္ပကုမၸဏီဟူ၍ မခြဲျခားျခင္း တို႔ေၾကာင့္ ကုမၸဏီကလုပ္ငန္းအစီရင္ခံစာတင္ျပမွသာ စီးပြားေရးလုပ္ငန္းကို ခြဲျခားႏိုင္မည္ဟု အဆိုပါဌာနၫႊန္ၾကားေရးမႉး ဦးမ်ိဳးမင္းက ေျပာထားသည္။
ႏွစ္ ၁၀၀ ေက်ာ္ၾကာျမင့္ေနသည့္ ကုမၸဏီဥပေဒကို ၂၀၁၄ တြင္ အသစ္ျပင္ဆင္ေရးဆြဲၿပီး ၂၀၁၇ ၌ အတည္ျပဳျပ႒ာန္းႏိုင္ခဲ့သည္။ ထိုဥပေဒ၌ စီးပြားေရးလုပ္သာကိုင္သာရွိေရး ေျဖေလွ်ာ့မႈ အမ်ားအျပားျပဳလုပ္ထား ေၾကာင္း ယင္းဌာနကဆိုသည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
နိုဝင်ဘာလအတွင်း ကုမ္ပဏီအသစ် ၁၆၀၀ကျော် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၆၇၀၀၀ကျော်ရှိပြီဟုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိ ကုမ္ပဏီမှတ်ပုံတင်ထားခြင်းသည် စုစုပေါင်း၆၇,၀၀၀ ကျော်ရှိပြီး ယင်းတို့အနက်မှ ကုမ္ပဏီ ၃,၈၀၀ ကျော်ကို မှတ်ပုံတင်ရန် စိစစ်ဆဲဖြစ်သည်ဟုဆိုသည်။
၂၀၁၉ အတွင်း ကုမ္ပဏီအ သစ်မှတ်ပုံတင်မှုသည် တစ်လလျှင် ကုမ္ပဏီအသစ် ၁,၀၀၀ ကျော်မှ ၁,၇၀၀ ကျော်အထိရှိသည်ဟု အဆိုပါဌာနစာရင်း များတွင် ဖော်ပြထားသည်။
၂၀၁၉အောက်တိုဘာသည် ၂၀၁၈ စက်တင်ဘာနောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်အများဆုံး တင် သည့်လဖြစ်သည်ဟု ဆိုသည်။
ကုမ္ပဏီများ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်ခြင်းကို ၂၀၁၈ ဩဂုတ်ကစတင်ခဲ့သည်။ ထိုစနစ်ပြောင်းလဲပြီးနောက်တစ်လလျှင် ပျမ်းမျှကုမ္ပဏီအသစ် ၁,၄၀၀ ကျော် မှတ်ပုံတင်သည် ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။
မှတ်ပုံတင်ရာတွင် ကုမ္ပဏီ အမျိုးအစားခွဲခြားထားမှုမရှိခြင်း နှင့် ဥပဒေအသစ်၌ ကုမ္ပဏီ၏ စီးပွားရေးရည်မှန်းချက်ကို ထည့် သွင်းရန်မလိုခြင်း၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီဟူ၍ မခွဲခြားခြင်း တို့ကြောင့် ကုမ္ပဏီကလုပ်ငန်းအစီရင်ခံစာတင်ပြမှသာ စီးပွားရေးလုပ်ငန်းကို ခွဲခြားနိုင်မည်ဟု အဆိုပါဌာနညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောထားသည်။
နှစ် ၁၀၀ ကျော်ကြာမြင့်နေသည့် ကုမ္ပဏီဥပဒေကို ၂၀၁၄ တွင် အသစ်ပြင်ဆင်ရေးဆွဲပြီး ၂၀၁၇ ၌ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုဥပဒေ၌ စီးပွားရေးလုပ်သာကိုင်သာရှိရေး ဖြေလျှော့မှု အများအပြားပြုလုပ်ထား ကြောင်း ယင်းဌာနကဆိုသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com