ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
၉၂ ထပ္ျမင့္ေသာ လူေနႏွင့္ ကုန္သြယ္ေရးအေဆာက္အအံုတည္ေဆာက္မႈကို လာမည့္ႏွစ္တြင္ စတင္၍ ၂၀၂၃ ခုႏွစ္တြင္ အၿပီးသတ္မည္ဟု The One Transworks Square ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) ႏွင့္ ဒါ႐ိုက္တာ (ညႊန္ၾကားေရးမွဴး) ဂ်နာကီ သီရိဝါဒါနာက ဒီဇင္ဘာ ၁၅ တြင္ ေၾကညာခဲ့ေၾကာင္း Eurasia Review က ေဖာ္ျပခဲ့သည္။
ေဆာက္လုပ္ၿပီးစီးပါက The One တာဝါသည္ ေတာင္အာရွတြင္ ဆ႒မေျမာက္အျမင့္ဆံုးျဖစ္လာမည္ျဖစ္သည္။
၈၂ ထပ္ျမင့္သည့္ Ritz-Carlton Tower တြင္ Ritz-Carlton Hotel and Residences ပါဝင္မည္ျဖစ္ၿပီး ၂၀၂၁ ဒီဇင္ဘာတြင္ စတင္လည္ပတ္မည္ျဖစ္ေၾကာင္းႏွင့္ The One tower တြင္ ၇၇ ထပ္ကို လႊမ္းၿခံဳထားေသာ JW Marriott Hotel and Residences ပါဝင္မည္ျဖစ္ေၾကာင္းလည္း သူမက ေျပာၾကားခဲ့သည္။
The One Transworks Square သည္ The One tower စီမံကိန္းအတြက္ အေမရိကန္ေဒၚလာ သန္း ၁၈၀ အသံုးျပဳၿပီးျဖစ္ကာ သန္း ၅၆၀ ခန္႔အထိ သံုးစြဲသြားမည္ဟု ခန္႔မွန္းရသည္။
ႏိုဝင္ဘာတြင္ ၎တို႔သည္ PropertyGuru Asia Property Awards ဆုေပးပြဲ၌ ေဒသတြင္း ၿပိဳင္ဘက္ဆန္ခါတင္စာရင္းဝင္မ်ားကို သာလြန္၍ Best Mixed-Use Development (Asia) 2019 ဆုကို ရရွိခဲ့သည္။
၎တို႔ကုမၸဏီသည္ ၿမိဳ႕ေတာ္ကိုလံဘိုအား ျပန္လည္ပံုေဖာ္ေပးၿပီး ႏိုင္ငံအား စီးပြားေရးခရီးသြားမ်ားႏွင့္ အပန္းေျဖခရီးသြားမ်ားအတြက္ ခရီးသြားအခ်က္အခ်ာေနရာတစ္ခုအျဖစ္ ကူညီတြန္းပို႔ေပးမည္ျဖစ္ေၾကာင္း The One Transworks Square ၏ ေဈးကြက္ရွာေဖြေရးအရာရွိခ်ဳပ္ ေဂ်ဒိဝါဟီကလည္း ေျပာၾကားခဲ့သည္။
Ritz-Carlton Residential tower သည္ သီရိလကၤာ၏ ပထမဆံုးႏိုင္ငံတကာအသိအမွတ္ျပဳလူေနအေဆာက္အအံုျဖစ္သည္ႏွင့္အညီ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ား (အထူးသျဖင့္ ၾသစေၾတးလ်ႏွင့္ တ႐ုတ္တို႔မွ) ကို ပိုမိုဆြဲေဆာင္ႏုိင္မည္ျဖစ္သည္ဟုလည္း ေျပာၾကားခဲ့ေၾကာင္းသိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
၉၂ ထပ်မြင့်သော လူနေနှင့် ကုန်သွယ်ရေးအဆောက်အအုံတည်ဆောက်မှုကို လာမည့်နှစ်တွင် စတင်၍ ၂၀၂၃ ခုနှစ်တွင် အပြီးသတ်မည်ဟု The One Transworks Square ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) နှင့် ဒါရိုက်တာ (ညွှန်ကြားရေးမှူး) ဂျနာကီ သီရိဝါဒါနာက ဒီဇင်ဘာ ၁၅ တွင် ကြေညာခဲ့ကြောင်း Eurasia Review က ဖော်ပြခဲ့သည်။
ဆောက်လုပ်ပြီးစီးပါက The One တာဝါသည် တောင်အာရှတွင် ဆဋ္ဌမမြောက်အမြင့်ဆုံးဖြစ်လာမည်ဖြစ်သည်။
၈၂ ထပ်မြင့်သည့် Ritz-Carlton Tower တွင် Ritz-Carlton Hotel and Residences ပါဝင်မည်ဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာတွင် စတင်လည်ပတ်မည်ဖြစ်ကြောင်းနှင့် The One tower တွင် ၇၇ ထပ်ကို လွှမ်းခြုံထားသော JW Marriott Hotel and Residences ပါဝင်မည်ဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။
The One Transworks Square သည် The One tower စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ အသုံးပြုပြီးဖြစ်ကာ သန်း ၅၆၀ ခန့်အထိ သုံးစွဲသွားမည်ဟု ခန့်မှန်းရသည်။
နိုဝင်ဘာတွင် ၎င်းတို့သည် PropertyGuru Asia Property Awards ဆုပေးပွဲ၌ ဒေသတွင်း ပြိုင်ဘက်ဆန်ခါတင်စာရင်းဝင်များကို သာလွန်၍ Best Mixed-Use Development (Asia) 2019 ဆုကို ရရှိခဲ့သည်။
၎င်းတို့ကုမ္ပဏီသည် မြို့တော်ကိုလံဘိုအား ပြန်လည်ပုံဖော်ပေးပြီး နိုင်ငံအား စီးပွားရေးခရီးသွားများနှင့် အပန်းဖြေခရီးသွားများအတွက် ခရီးသွားအချက်အချာနေရာတစ်ခုအဖြစ် ကူညီတွန်းပို့ပေးမည်ဖြစ်ကြောင်း The One Transworks Square ၏ ဈေးကွက်ရှာဖွေရေးအရာရှိချုပ် ဂျေဒိဝါဟီကလည်း ပြောကြားခဲ့သည်။
Ritz-Carlton Residential tower သည် သီရိလင်္ကာ၏ ပထမဆုံးနိုင်ငံတကာအသိအမှတ်ပြုလူနေအဆောက်အအုံဖြစ်သည်နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ (အထူးသဖြင့် သြစတြေးလျနှင့် တရုတ်တို့မှ) ကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့ကြောင်းသိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)