ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ဒီဇင္ဘာ ၁၆ ရက္က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၆ ) ရက္ ေျမာက္ေန႔တြင္ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီဝင္ ဗိုလ္မႉးခ်ဳပ္တင့္လြင္ က ျပည္သူ႔လႊတ္ေတာ္က ျပင္ဆင္ခ်က္ျဖင့္အတည္ျပဳၿပီး ေပးပို႔လာ ေသာ စက္မႈဇုန္ ဥပေဒၾကမ္း ႏွင့္ စပ္လ်ဥ္း၍ ဥပေဒၾကမ္းေကာ္မတီ၏ အစီရင္ခံစာကို လႊတ ္ေတာ္၌ ျပန္လည္ဖတ္ၾကား ရွင္းလင္းခဲ့သည္။
ယင္းေနာက္ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္း က အဆိုပါ စက္မႈဇုန္ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္၏ အဆုံးအျဖတ္ရယူအတည္ျပဳခဲ့ေၾကာင္းသိရသည္။
စက္မႈဇုန္ဥပေဒၾကမ္းတြင္ရင္းႏွီးျမႇုဳပ္ႏွံသူ သို႔မဟုတ္ ရင္းႏွီးတည္ေဆာက္သူမည္သူမဆို ဥပေဒပါ ျပ႒ာန္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း မျပဳရဟု ျပ႒ာန္းထားၿပီး လိုက္နာမႈမရွိပါက ေျမအသုံးျပဳခြင့္ ပါမစ္ သို႔မဟုတ္ ဂရန္ကို ျပန္လည္႐ုပ္သိမ္းျခင္းခံရမည္ျဖစ္ၿပီး ေနထိုင္အသုံးျပဳျခင္းႏွင့္ လုပ္ငန္းဆက္လက္လုပ္ေဆာင္ျခင္းတို႔ကို ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆ ) ရက် မြောက်နေ့တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီး ပေးပို့လာ သော စက်မှုဇုန် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို လွှတ ်တော်၌ ပြန်လည်ဖတ်ကြား ရှင်းလင်းခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ စက်မှုဇုန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုခဲ့ကြောင်းသိရသည်။
စက်မှုဇုန်ဥပဒေကြမ်းတွင်ရင်းနှီးမြှုုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူမည်သူမဆို ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပြီး လိုက်နာမှုမရှိပါက မြေအသုံးပြုခွင့် ပါမစ် သို့မဟုတ် ဂရန်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်ဖြစ်ပြီး နေထိုင်အသုံးပြုခြင်းနှင့် လုပ်ငန်းဆက်လက်လုပ်ဆောင်ခြင်းတို့ကို ခွင့်ပြုတော့မည်မဟုတ်ကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com