ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဧရာဝတီကမ္းလြန္ရွိ A-6 သဘာဝဓါတ္ေငြ႕သိုက္ကို စီးပြားျဖစ္တူးေဖာ္ထုတ္လုပ္ႏိုင္ေရးအတြက္ ၾသစေၾတးလ်ေရနံကုမၸဏီ woodsideႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဉီးေသာင္းထြန္းတို႔ေဆြးေႏြးေၾကာင္း အဆိုပါဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။
Woodsideသည္ ၾသစေၾတးလ်ႏိုင္ငံ၏အႀကီးဆုံး ေရနံႏွင့္သဘာဝဓါတ္ေငြ႕ ထုတ္လုပ္ေရးကုမၸဏီျဖစ္ၿပီး ထိုကုမၸဏီမွ Executive Vice President ျဖစ္သူ Ms. Meg O’ Neill ဉီးေဆာင္ေသာ စီးပြားေရးကိုယ္စားလွယ္အဖြဲ႕ႏွင့္ ျပည္ေထာင္စုဝန္ႀကီးသည္ ဒီဇင္ဘာ ၁၆ရက္တြင္ေနျပည္ေတာ္၌ ေတြ႕ဆုံျခင္းျဖစ္သည္။
A-6 လုပ္ကြက္သည္ စီးပြားျဖစ္ထုတ္လုပ္ႏိုင္ေၾကာင္း ျမန္မာအစိုးရႏွင့္ လုပ္ကိုင္ခြင့္ရကုမၸဏီတို႔က ၂၀၁၈ စက္တင္ဘာအတြင္း ေၾကညာခဲ့သည္။
အဆိုပါ လုပ္ကြက္သည္ ဧရာဝတီတိုင္းေဒသႀကီး ၊ပုသိမ္ၿမိဳ႕အေနာက္ေျမာက္ဘက္ ၁ဝ၂ ကီလိုမီတာခန္႔ အကြာတြင္ ရွိသည္။
၂၀၁၈ ၾသဂုတ္လတြင္ အနက္ ၄၃၇၃ မီတာခန္႔တြင္ သဘာဝဓါတ္ေငြ႕သိုက္ႀကီးတခုကိုေတြ႕ရွိခဲ့သည္ဟု ေၾကညာခဲ့သည္။
ထိုဓါတ္ေငြ႕သိုက္တြင္ သဘာဝဓာတ္ေငြ႕ခိုေအာင္းေနေသာသဲေၾကာအထူ မီတာ ၄ဝ ခန္႔ကို စမ္းသပ္ ေတြ႕ရွိခဲ့သည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။
ကမ္းလြန္လုပ္ကြက္ A-6 တြင္ Woodside Energy company က ၄၀ ရာခိုင္ႏႈန္း ၊ ျပည္တြင္းမွ MPRL E&P က ၂၀ ရာခိုင္ႏႈန္း၊ ျပင္သစ္စြမ္းအင္ ကုမၸဏီ TOTAL မွ ၄၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားသည္၊၊
Woodside ကုမၸဏီသည္ ရခိုင္ကမ္းလြန္ႏွင့္ ဧရာဝတီကမ္းလြန္တြင္ A-4, A-6, A-7, AD-2, AD-5, AD-7 ေရနံႏွင့္သဘာဝဓါတ္ေငြ႕လုပ္ကြက္မ်ား စမ္းသပ္ရွာေဖြခြင့္ရရွိထားသည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဧရာဝတီကမ်းလွန်ရှိ A-6 သဘာဝဓါတ်ငွေ့သိုက်ကို စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်ရေးအတွက် သြစတြေးလျရေနံကုမ္ပဏီ woodsideနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းတို့ဆွေးနွေးကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
Woodsideသည် သြစတြေးလျနိုင်ငံ၏အကြီးဆုံး ရေနံနှင့်သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီမှ Executive Vice President ဖြစ်သူ Ms. Meg O’ Neill ဉီးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၆ရက်တွင်နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်သည်။
A-6 လုပ်ကွက်သည် စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း မြန်မာ အစိုးရနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတို့က ၂၀၁၈ စက်တင်ဘာအတွင်း ကြေညာခဲ့သည်။
အဆိုပါ လုပ်ကွက်သည် ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့အနောက်မြောက်ဘက် ၁ဝ၂ ကီလိုမီတာခန့် အကွာတွင် ရှိသည်။
၂၀၁၈ သြဂုတ်လ တွင် အနက် ၄၃၇၃ မီတာခန့်တွင် သဘာဝဓါတ်ငွေ့သိုက်ကြီးတခုကိုတွေ့ရှိခဲ့သည်ဟု ကြေညာခဲ့သည်။
ထိုဓါတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ခိုအောင်းနေသောသဲကြောအထူ မီတာ ၄ဝ ခန့်ကို စမ်းသပ် တွေ့ရှိခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကမ်းလွန်လုပ်ကွက် A-6 တွင် Woodside Energy company က ၄၀ ရာခိုင်နှုန်း ၊ ပြည်တွင်းမှ MPRL E&P က ၂၀ ရာခိုင်နှုန်း၊ ပြင်သစ်စွမ်းအင် ကုမ္ပဏီ TOTAL မှ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်၊၊
Woodside ကုမ္ပဏီသည် ရခိုင်ကမ်းလွန်နှင့် ဧရာဝတီကမ်း လွန်တွင် A-4, A-6, A-7, AD-2, AD-5, AD-7 ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်များ စမ်းသပ်ရှာဖွေခွင့်ရရှိထားသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com