ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
မႏၱေလးၿမိဳ႕ေတာ္ဝန္ဦးရဲလြင္က Precast ကြန္ကရစ္စက္ရုံ စြမ္းအားျပည့္လည္ပတ္ေနၿပီျဖစ္၍ ကြန္ကရစ္ေရႏုတ္ေျမာင္း ( precast drains)မ်ားကို အရွိန္အဟုန္နဲ႔တည္ေဆာက္ေနေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ေျပာထားသည္။
ကြန္ကရစ္ေရႏုတ္ေျမာင္း တည္ေဆာက္မႈနည္းပညာက အသစ္ျဖစ္သျဖင့္ ကြင္းဆင္းစစ္ေဆးၿပီး လိုအပ္ခ်က္မ်ားကို ျပင္ဆင္ခိုင္းခဲ့ေၾကာင္း ေျပာထားသည္။
ကြန္ကရစ္စက္ရုံမွ precast ေျမာင္း ၃ေပအရွည္ ၃၆,၁၆၂ ခု၊ box culvert ၁၃၀၁ ခု၊collection pit ၂၈၁၄ ခု၊drain cover ၁၁၄,၇၀၅ ခု၊ ၆ေပ ေျမာင္း ၁,၆၁၃ ခု ထုတ္လုပ္သြားပါမည္ဟု ၎ကဆိုသည္။
ေျမာင္းဖုံးမ်ား စတင္ထုတ္လုပ္ေနျပီး လိုအပ္ခ်က္မ်ားလို႔ ပုံသြန္းေလာင္းရန္ mould အသစ္ေတြထပ္မွာထားေၾကာင္း၊ကြန္ကရစ္ေရႏုတ္ ေျမာင္းမ်ားခ်ၿပီး ေျမာင္းဖုံးၿပီးလွ်င္ ေရစီးဆင္းမႈေကာင္းၿပီး၊ အမွိုက္က်မႈ မရွိေတာ့၍ ေျမာင္းမ်ား ခဏခဏဆည္စရာမလိုေတာ့ေၾကာင္း ေျပာထားသည္။
ကြန္ကရစ္ေရႏုတ္ေျမာင္မ်ားတည္ေဆာက္ရာတြင္ အုတ္စီေျမာင္းတည္ေဆာက္ျခင္းထက္ အခ်ိန္အမ်ားႀကီးတိုေတာင္းၿပီး မိုးတြင္းကာ လမ်ားတြင္လည္း တည္ေဆာက္နိုင္မည္ျဖစ္ေၾကာင္းေျပာထားသည္။
ေရနီေျမာင္းလမ္း ၃၅ ႏွင့္ ၇၃ လမ္းၾကား၊ ၆၂ လမ္း ၃၂ ႏွင့္ ၃၅လမ္းၾကား၊ ၅၃ လမ္း ၃၀ နဲ႔ ၂၆ ၾကား၊၃၀ လမ္း ၆၂လမ္း မွ အေရွ႕ၿမိဳ႕ပတ္ လမ္းမ်ားတြင္ တည္ေဆာက္ေနမႈကို စစ္ေဆးခဲ့ ေၾကာင္းသိရသည္။ မႏၱေလးၿမိဳ့ေတာ္ဝန္က စီမံခ်က္ေရးဆြဲၿပီး တစ္ၿမိဳ႕လုံးအတိုင္းအတာႏွင့္ လႊမ္းျခဳံနိုင္ေအာင္ႀကိဳးစားေနေၾကာင္းေျပာထားသည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မန္တလေးမြို့တော်ဝန်ဦးရဲလွင်က Precast ကွန်ကရစ်စက်ရုံ စွမ်းအားပြည့်လည်ပတ်နေပြီဖြစ်၍ ကွန်ကရစ်ရေနုတ်မြောင်း ( precast drains)များကို အရှိန်အဟုန်နဲ့တည်ဆောက်နေကြောင်း လူမှုကွန်ရက်စာမျက်နှာတွင်ပြောထားသည်။
ကွန်ကရစ်ရေနုတ်မြောင်း တည်ဆောက်မှုနည်းပညာက အသစ်ဖြစ်သဖြင့် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ပြင်ဆင်ခိုင်းခဲ့ ကြောင်း ပြောထားသည်။
ကွန်ကရစ်စက်ရုံမှ precast မြောင်း ၃ပေအရှည် ၃၆,၁၆၂ ခု၊ box culvert ၁၃၀၁ ခု၊collection pit ၂၈၁၄ ခု၊drain cover ၁၁၄,၇၀၅ ခု၊ ၆ပေ မြောင်း ၁,၆၁၃ ခု ထုတ်လုပ်သွားပါမည်ဟု ၎င်းကဆိုသည်။
မြောင်းဖုံးများ စတင်ထုတ်လုပ်နေပြီး လိုအပ်ချက်များလို့ ပုံသွန်းလောင်းရန် mould အသစ်တွေထပ်မှာထားကြောင်း၊ကွန်ကရစ်ရေနုတ် မြောင်းများချပြီး မြောင်းဖုံးပြီးလျှင် ရေစီးဆင်းမှုကောင်းပြီး၊ အမှိုက်ကျမှု မရှိတော့၍ မြောင်းများ ခဏခဏဆည်စရာမလိုတော့ကြောင်း ပြောထားသည်။
ကွန်ကရစ်ရေနုတ်မြောင်များတည်ဆောက်ရာတွင် အုတ်စီမြောင်းတည်ဆောက်ခြင်းထက် အချိန်အများကြီးတိုတောင်းပြီး မိုးတွင်းကာ လများတွင်လည်း တည်ဆောက်နိုင်မည်ဖြစ်ကြောင်းပြောထားသည်။
ရေနီမြောင်းလမ်း ၃၅ နှင့် ၇၃ လမ်းကြား၊ ၆၂ လမ်း ၃၂ နှင့် ၃၅လမ်းကြား၊ ၅၃ လမ်း ၃၀ နဲ့ ၂၆ ကြား၊၃၀ လမ်း ၆၂လမ်း မှ အရှေ့မြို့ပတ် လမ်းများတွင် တည်ဆောက်နေမှုကို စစ်ဆေးခဲ့ ကြောင်းသိရသည်။ မန္တလေးမြို့တော်ဝန်က စီမံချက်ရေးဆွဲပြီး တစ်မြို့လုံးအတိုင်းအတာနှင့် လွှမ်းခြုံနိုင်အောင်ကြိုးစားနေကြောင်းပြောထားသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com