ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ပုဂံ-ေညာင္ဦးေလဆိပ္ကို နိုင္ငံတကာခရီးစဥ္ပ်ံသန္းသည့္ေလယာဥ္မ်ား ဝင္ထြက္သြားလာနိုင္ေသာ အေကာက္ခြန္ေလဆိပ္အျဖစ္ သတ္မွတ္လိုက္ေၾကာင္း နိုင္ငံေတာ္သမၼတ႐ုံးမွ ထုတ္ျပန္ခဲ့သည္။
ျမန္မာနိုင္ငံ ပုဂံၿမိဳ႕ႏွင့္ ကေမၻာဒီးယားနိုင္ငံဆီရမ္ရိၿမိဳ႕သို႔ တိုက္ရိုက္ေလေၾကာင္းလိုင္းေျပးဆြဲနိုင္မည့္ ေလဆိပ္တစ္ခုလည္းျဖစ္လာမည္ျဖစ္ကာအျခားေသာ ခရီးစဥ္မ်ားပါရွိလာမည္ဟု သိရသည္။
ေလေၾကာင္းခရီးသြားလာမႈလိုအပ္ခ်က္၊ ေဘး အႏၲရာယ္ကင္းရွင္းေရးႏွင့္လုံျခဳံေရးလိုအပ္ခ်က္ႏွင့္ အေျခခံအေဆာက္အအုံႏွင့္အေထာက္အကူပစၥည္းျပည့္စုံမႈတို႔အေပၚမူတည္၍ နိုင္ငံတကာခရီးစဥ္ ပုံမွန္ပ်ံသန္းေသာေလယာဥ္မ်ားကိုျဖစ္ေစ၊ ပုံမွန္ပ်ံသန္းျခင္းမျပဳေသာ ေလယာဥ္မ်ားကိုျဖစ္ေစ၊ ႏွစ္မ်ိဳး စလုံးကိုျဖစ္ေစ အမိန္႔ေၾကညာစာထုတ္ ျပန္သတ္မွတ္၍ ဝင္ေရာက္ထြက္ခြာခြင့္ျပဳနိုင္သည္ဟု သိရသည္။
လက္ရွိတြင္ (Customs, Immigration and Quarantine-CIQ) ေလဆိပ္အျဖစ္ သတ္မွတ္နိုင္ေရးအတြက္ လိုအပ္သည့္ MRTD စက္ႀကီးမ်ား၊ အမည္မည္းစာရင္းစစ္သည့္ စက္ပစၥည္းမ်ား၊ X-ray Machine စက္မ်ား၊ က်န္းမာေရးစစ္ေဆးရန္ ဝန္ထမ္းမ်ားႏွင့္ International Arrival ဧည့္သည္မ်ား တိုက္ရိုက္ဝင္ေရာက္ရန္ အခန္းငယ္တို႔ကို ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း၊အဆင့္ျမႇင့္ျခင္းကို ၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလကုန္ တြင္ အၿပီးသတ္မွာျဖစ္ကာ နိုင္ငံတကာေလယာဥ္မ်ားတိုက္ရိုက္ဆင္းသက္နိုင္ေသာ စတုတၳေျမာက္ ေလဆိပ္ျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ပုဂံ-ညောင်ဦးလေဆိပ်ကို နိုင်ငံတကာခရီးစဉ်ပျံသန်းသည့်လေယာဉ်များ ဝင်ထွက်သွားလာနိုင်သော အ ကောက်ခွန်လေဆိပ်အဖြစ် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ပုဂံမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံဆီရမ်ရိမြို့သို့ တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲနိုင်မည့် လေဆိပ်တစ်ခုလည်းဖြစ်လာမည်ဖြစ်ကာအခြားသော ခရီးစဉ်များပါရှိလာမည်ဟု သိရသည်။
လေကြောင်းခရီးသွားလာမှုလိုအပ်ချက်၊ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးလိုအပ်ချက်နှင့် အခြေခံအဆောက်အအုံနှင့်အထောက်အကူပစ္စည်းပြည့်စုံမှုတို့အပေါ်မူတည်၍ နိုင်ငံတကာခရီးစဉ် ပုံမှန်ပျံသန်းသောလေယာဉ်များကိုဖြစ်စေ၊ ပုံမှန်ပျံသန်းခြင်းမပြုသော လေယာဉ်များကိုဖြစ်စေ၊ နှစ်မျိုး စလုံးကိုဖြစ်စေ အမိန့်ကြေညာစာထုတ် ပြန်သတ်မှတ်၍ ဝင်ရောက်ထွက်ခွာခွင့်ပြုနိုင်သည်ဟု သိရသည်။
လက်ရှိတွင် (Customs, Immigration and Quarantine-CIQ) လေဆိပ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လိုအပ်သည့် MRTD စက်ကြီးများ၊ အမည်မည်းစာရင်းစစ်သည့် စက်ပစ္စည်းများ၊ X-ray Machine စက်များ၊ ကျန်းမာရေးစစ်ဆေးရန် ဝန်ထမ်းများနှင့် International Arrival ဧည့်သည်များ တိုက်ရိုက်ဝင်ရောက်ရန် အခန်းငယ်တို့ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊အဆင့်မြှင့်ခြင်းကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလကုန် တွင် အပြီးသတ်မှာဖြစ်ကာ နိုင်ငံတကာလေယာဉ်များတိုက်ရိုက်ဆင်းသက်နိုင်သော စတုတ္ထမြောက် လေဆိပ်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com