ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ျဗိတိန္တြင္ ေက်ာင္းသားအေဆာင္မ်ား တည္ေထာင္လည္ပတ္ေနသည့္ ကုမၸဏီၾကီးျဖစ္ေသာ iQStudent Accomodation လီမိတက္ကို ေရာင္းခ်ရန္ စီစဥ္လ်က္ရွိသည္။
ဝယ္ယူဖြယ္ရွိသူမ်ားတြင္ Brookfield Asset Management Inc ႏွင့္ Greystar Real Estate Partners LLC တို႔လည္း ပါဝင္ျပီး ေပါင္ ၄ ဘီလီယံ (ကန္ေဒၚလာ ၅ ဒသမ ၃ ဘီလီယံ) ခန္႔ က်သင့္ဖြယ္ရာရွိသည္။
အလားအလာရွိသည့္ ဝယ္လက္မ်ားတြင္ Blackstone Group လည္း ပါဝင္ေနသည္ဟူေသာ သတင္းမ်ားရွိသည္။
iQ Student ကို Goldman Sachs က ေက်ာေထာက္ေနာက္ခံေပးထားျခင္းျဖစ္ျပီး ယခုအခါ ေရာင္းခ်ရန္ ဝယ္လက္ရွာေဖြလ်က္ရွိသည့္နည္းတူ လာမည့္ႏွစ္အတြင္း လန္ဒန္တြင္အေရာင္းေစ်းကြက္တင္သြားရန္လည္း စီစဥ္ထားသည္။
အေမရိကန္ အိမ္ျခံေျမ developer ျဖစ္ေသာ Greystar သည္ iQ Student တြင္ ရွယ္ယာအခ်ဳိ႕ ပိုင္ဆိုင္ထားျပီးျဖစ္ကာ ယခုအခါ အဆိုပါလုပ္ငန္းနယ္အတြင္း ပိုမိုေျခခ်ရန္ စီစဥ္လာျခင္း ျဖစ္သည္။
ကမၻာလံုးဆိုင္ရာ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူမ်ားသည္ ဥေရာပရွိ ေက်ာင္းသားအေဆာင္လုပ္ငန္းနယ္အတြင္း ေျခခ်မႈမ်ား မ်ားစြာျပဳလုပ္လာေနသည္။
ရံုးခန္းႏွင့္ ဂိုေဒါင္မ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံသည္ထက္ ပိုမိုၾကီးမားသည့္ အျမတ္အစြန္းမ်ား ရွိေနျခင္းေၾကာင့္ ျဖစ္သည္။
စီးပြားေရးအတက္အက်သံသရာ၏ ထိခိုက္မႈမ်ား နည္းပါးသည့္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမ်ဳိး ရွာေဖြေနသည့္ ပင္စင္ရန္ပံုေငြႏွင့္ အစိုးရ ရန္ပံုေငြ အဖြဲ႔မ်ားအတြက္လည္း ေက်ာင္းသားေဆာင္ လုပ္ငန္းကဲ့သို႔ အိမ္ျခံေျမက႑မ်က္ႏွာစာမ်ဳိးမွာ အလြန္သင့္ေတာ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဗြိတိန်တွင် ကျောင်းသားအဆောင်များ တည်ထောင်လည်ပတ်နေသည့် ကုမ္ပဏီကြီးဖြစ်သော iQStudent Accomodation လိမိတက်ကို ရောင်းချရန် စီစဉ်လျက်ရှိသည်။
ဝယ်ယူဖွယ်ရှိသူများတွင် Brookfield Asset Management Inc နှင့် Greystar Real Estate Partners LLC တို့လည်း ပါဝင်ပြီး ပေါင် ၄ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ) ခန့် ကျသင့်ဖွယ်ရာရှိသည်။ အလားအလာရှိသည့် ဝယ်လက်များတွင် Blackstone Group လည်း ပါဝင်နေသည်ဟူသော သတင်းများရှိသည်။
iQ Student ကို Goldman Sachs က ကျောထောက်နောက်ခံပေးထားခြင်းဖြစ်ပြီး ယခုအခါ ရောင်းချရန် ဝယ်လက်ရှာဖွေလျက်ရှိသည့်နည်းတူ လာမည့်နှစ်အတွင်း လန်ဒန်တွင် အရောင်းဈေးကွက်တင်သွားရန်လည်း စီစဉ်ထားသည်။
အမေရိကန် အိမ်ခြံမြေ developer ဖြစ်သော Greystar သည် iQ Student တွင် ရှယ်ယာအချို့ ပိုင်ဆိုင်ထားပြီးဖြစ်ကာ ယခုအခါ အဆိုပါလုပ်ငန်းနယ်အတွင်း ပိုမိုခြေချရန် စီစဉ်လာခြင်း ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် ဥရောပရှိ ကျောင်းသားအဆောင်လုပ်ငန်းနယ်အတွင်း ခြေချမှုများ များစွာပြုလုပ်လာနေသည်။
ရုံးခန်းနှင့် ဂိုဒေါင်များတွင် ရင်းနှီးမြှုပ်နှံသည်ထက် ပိုမိုကြီးမားသည့် အမြတ်အစွန်းများ ရှိနေခြင်းကြောင့် ဖြစ်သည်။
စီးပွားရေးအတက်အကျသံသရာ၏ ထိခိုက်မှုများ နည်းပါးသည့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမျိုး ရှာဖွေနေသည့် ပင်စင်ရန်ပုံငွေနှင့် အစိုးရ ရန်ပုံငွေ အဖွဲ့များအတွက်လည်း ကျောင်းသားဆောင် လုပ်ငန်းကဲ့သို့ အိမ်ခြံမြေကဏ္ဍမျက်နှာစာမျိုးမှာ အလွန်သင့်တော်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)