ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီကေျမဧက (၆၀) ခန႔္တြင္နိုင္ငံ့ဝန္ထမ္း (အၿငိမ္းစား) မ်ားအတြက္ အိမ္ရာေဖာ္ေဆာင္မည္ျဖစ္ရာ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးက အဆိုပါအိမ္ရာမ်ား ေဖာ္ေဆာင္မည့္ ေျမေနရာအား ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း NPTDC မွသိရသည္။
စစ္ေဆးရာတြင္ ဒုတိယၿမိဳ႕ေတာ္ဝန္ႏွင့္အတူ ေကာ္မတီဝင္ ဦးဆန္းနိုင္၊ဌာနႀကီးမႉးဦးမင္းမင္းေဇာ္၊ဌာနႀကီးမႉး ဦးတင္ေအာင္ေငြႏွင့္ သက္ဆိုင္ရာဌာနမႉးမ်ားပါဝင္ခဲ့သည္။
နိုင္ငံ့ဝန္ထမ္း (အၿငိမ္းစား) အိမ္ရာမ်ားအတြက္လ်ာထားေျမေနရာသည္ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၶိရပ္ကြက္ အနီး ေျမဧက (၆၀) ခန႔္တြင္ျဖစ္ေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
နေပြည်တော်စည်ပင်သာယာရေးကော်မတီကမြေဧက (၆၀) ခန့်တွင်နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအတွက် အိမ်ရာဖော်ဆောင်မည်ဖြစ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက အဆိုပါအိမ်ရာများ ဖော်ဆောင်မည့် မြေနေရာအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် သွားရောက်စစ်ဆေးခဲ့ကြောင်း NPTDC မှသိရသည်။
စစ်ဆေးရာတွင် ဒုတိယမြို့တော်ဝန်နှင့်အတူ ကော်မတီဝင် ဦးဆန်းနိုင်၊ဌာနကြီးမှူးဦးမင်းမင်းဇော်၊ဌာနကြီးမှူး ဦးတင်အောင်ငွေနှင့် သက်ဆိုင်ရာဌာနမှူးများပါဝင်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အိမ်ရာများအတွက်လျာထားမြေနေရာသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် အနီး မြေဧက (၆၀) ခန့်တွင်ဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com