ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ကန်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် စက်မှုဇုန်တစ်ခု တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ တောထွက်ကြီး ကျေးရွာတွင် Golden Myeik Development ကုမ္ပဏီမှ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
### Unicode Version ###
ကန်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုုပ်နှံမည့် စက်မှုဇုန်တစ်ခု တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ တောထွက်ကြီး ကျေးရွာတွင် Golden Myeik Development ကုမ္ပဏီမှ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် ငါးသိုလှောင်ရေးစခန်း၊ ငှက်သိုက်မွေးမြူရေး၊ အအေးခန်း၊ ရေခဲစက်၊ ငါးအသားလွှာတန်ဖိုးမြှင့် ထုတ်ကုန်စက်မှုလက်မှုလုပ်ငန်းများ၊ လူနေအဆောက်အအုံများနှင့် ရေ၊ မီးပေးဝေရေး လုပ်ငန်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြိတ်ရှိ ဧက ၁၉၁၈ ဧရိယာမြေပေါ်မှာ မြို့သစ်စီမံကိန်းပြုလုပ်မှဖြစ်ကြောင်း၊တရုတ်ပြည်က လုပ်ငန်းတစ်ခုနှင့် MoU ထိုးထားကြောင်း၊ စီမံ ကိန်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်က စပြီးတော့ ၁၅ နှစ်စာချုပ် ချုပ်ထားကြောင်း လက်ရှိတွင် တိုင်းဒေသကြီး အစိုးရနှင့် သဘော တူညီ ချက် ယူထားပြီး ပြည်ထောင်စုအဆင့်သို့ တင်ပြရန် ဆောင်ရွက်နေကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com