ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
တရုတ္ျပည္၏ အၾကီးမားဆံုး ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမ developer ျဖစ္ေသာ Dalian Wanda က ယခု ဒီဇင္ဘာလအတြင္း Wanda Plaza ေစ်းဝယ္စင္တာ ၁၇ ခု ထပ္မံဖြင့္လွစ္မည္ျဖစ္ေၾကာင္း ကုမၸဏီ၏ေၾကညာခ်က္တြင္ ေဖာ္ျပသည္ဟု ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
Dalian Wanda သည္ ျပီးခဲ့ေသာ ႏိုဝင္ဘာ လကုန္ပိုင္းက ဟူေဘးျပည္နယ္၊ ရွန္းနင္ျမိဳ ႔တြင္ အလံုး ၃၀၀ ေျမာက္ ေစ်းဝယ္စင္တာ ဖြင့္ပြဲအခမ္းအနားကို က်င္းပခဲ့ေသးသည္။
အဆိုပါဖြင့္ပြဲတြင္ ဖြင့္လွစ္ခဲ့ေသာ စတုရန္းမီတာ ၁၀၅၀၀၀ ရွိ ေစ်းဝယ္စင္တာႏွင့္ ပတ္သက္ျပီး Dalian Wanda က အနည္းငယ္သာ ေျပာၾကားခဲ့ျပီး အဓိက ေျပာၾကားခဲ့သည္မွာ ကုမၸဏီအေနျဖင့္ ေစ်းဝယ္စင္တာမ်ားကို ၂၀၀၀ ျပည့္ႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ခ်ိန္မွ စတင္ျပီး ယေန႔အထိ အလုပ္အကိုင္ေနရာေပါင္း ၁ ဒသမ ၃ သန္းေက်ာ္ ဖန္တီးေပးႏိုင္ခဲ့ေၾကာင္းကို အထူးျပဳေျပာၾကားသြားသည္။
ႏိုင္ငံေရးပါးနပ္ေသာ Dalian Wanda က ထပ္မံမီးေမာင္းထုိးျပသည္မွာ ကုမၸဏီ၏ ေစ်းဝယ္စင္တာမ်ားသည္ တရုတ္ျပည္၏ ဝန္ေဆာင္မႈက႑ ဖြံ႔ျဖိဳးတိုးတက္ေရးအတြက္ အေရးပါလွေၾကာင္းလည္း ေထာက္ျပသြားသည္။
ဝန္ေဆာင္မႈက႑ ဖြံ႔ျဖိဳးေရးသည္ ဗဟိုအစိုးရ၏ အဓိက ဦးစားေပးလုပ္ငန္းစဥ္တစ္ခု ျဖစ္သည္။
ယခုဒီဇင္ဘာအကုန္ ၃၁ ရက္ေန႔တြင္ တရုတ္ျပည္၌ စုစုေပါင္း Wanda Plaza ေစ်းဝယ္စင္တာေပါင္း ၃၂၃ ခု ရွိလာလိမ့္မည္ျဖစ္ေၾကာင္းလည္း ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
Dalian Wanda ကုမၸဏီကို ဘီလ်ံနာ ဝမ္က်န္းလင္က တည္ေထာင္ခဲ့ျပီး ၂၀၁၄ ခုႏွစ္တြင္ အလံုး ၁၀၀ ေျမာက္ ေစ်းဝယ္စင္တာကို ဖြင့္လွစ္ခဲ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
တရုတ်ပြည်၏ အကြီးမားဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေ developer ဖြစ်သော Dalian Wanda က ယခု ဒီဇင်ဘာလအတွင်း Wanda Plaza ဈေးဝယ်စင်တာ ၁၇ ခု ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ကြေညာချက်တွင် ဖော်ပြသည်ဟု ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Dalian Wanda သည် ပြီးခဲ့သော နိုဝင်ဘာ လကုန်ပိုင်းက ဟူဘေးပြည်နယ်၊ ရှန်းနင်မြို့တွင် အလုံး ၃၀၀ မြောက် ဈေးဝယ်စင်တာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သေးသည်။
အဆိုပါဖွင့်ပွဲတွင် ဖွင့်လှစ်ခဲ့သော စတုရန်းမီတာ ၁၀၅၀၀၀ ရှိ ဈေးဝယ်စင်တာနှင့် ပတ်သက်ပြီး Dalian Wanda က အနည်းငယ်သာ ပြောကြားခဲ့ပြီး အဓိက ပြောကြားခဲ့သည်မှာ ကုမ္ပဏီအနေဖြင့် ဈေးဝယ်စင်တာများကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ချိန်မှ စတင်ပြီး ယနေ့အထိ အလုပ်အကိုင်နေရာပေါင်း ၁ ဒသမ ၃ သန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်းကို အထူးပြုပြောကြားသွားသည်။
နိုင်ငံရေးပါးနပ်သော Dalian Wanda က ထပ်မံမီးမောင်းထိုးပြသည်မှာ ကုမ္ပဏီ၏ ဈေးဝယ်စင်တာများသည် တရုတ်ပြည်၏ ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှကြောင်းလည်း ထောက်ပြသွားသည်။
ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးရေးသည် ဗဟိုအစိုးရ၏ အဓိက ဦးစားပေးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ယခုဒီဇင်ဘာအကုန် ၃၁ ရက်နေ့တွင် တရုတ်ပြည်၌ စုစုပေါင်း Wanda Plaza ဈေးဝယ်စင်တာပေါင်း ၃၂၃ ခု ရှိလာလိမ့်မည်ဖြစ်ကြောင်းလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Dalian Wanda ကုမ္ပဏီကို ဘီလျံနာ ဝမ်ကျန်းလင်က တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အလုံး ၁၀၀ မြောက် ဈေးဝယ်စင်တာကို ဖွင့်လှစ်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)