ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
သဘာဓာတ္ေငြ႕သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွစ္ခု ကို ရန္ကုန္နဲ႔ ေက်ာက္ျဖဴမွာ ေဆာက္လုပ္ဖို႔ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳေပးခဲ့တယ္လို႔ သတင္းရရွိပါတယ္။
အဲဒီလုပ္ငန္း ႏွစ္ခုရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးပမာဏ အေမရိကန္ေဒၚလာ ၅၀၃ သန္းဖိုး ရွိတယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္ကေျပာပါတယ္။
ဒီထဲက လုပ္ငန္းတစ္ခုဟာ ရန္ကုန္တိုင္းမွာ လွ်ပ္စစ္ဓာတ္အားတိုးေပးႏိုင္ဖို႔အတြက္ သဘာဝဓာတ္ေငြ႕ကို အသုံးျပဳၿပီး မဂၢါဝပ္ ၄၀၀ ထုတ္လုပ္ႏိုင္မယ့္သာေကတလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္တဲ့ စက္႐ုံျဖစ္တယ္ လို႔ သိရပါတယ္။
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္အနီးမွာ ေဆာက္လုပ္မယ့္စက္႐ုံကေတာ့ မဂၢါဝပ္ ၁၅၀ ထုတ္လုပ္ႏိုင္မယ့္ စက္႐ုံလို႔ သိရပါတယ္။
ဒီလုပ္ငန္းေတြကို ေဟာင္ေကာင္ႏိုင္ငံအေျခစိုက္ကုမၸဏီတစ္ခုက ေဆာင္႐ြက္တာျဖစ္ၿပီး သာေကတစက္႐ုံက ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၃၆၃ သန္းျဖစ္ၿပီး ေက်ာက္ျဖဴစက္႐ုံက အေမရိကန္ေဒၚလာ သန္း ၁၄၀ လို႔ ဦးသန႔္စင္လြင္က ေျပာခဲ့တာပါ၊
ဒီတစ္ပတ္အတြင္းမွာ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္က ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ၈၅၇ သန္းေက်ာ္ရွိတဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းေျခာက္ခုကို ခြင့္ျပဳေပးခဲ့ၿပီး ဒီလုပ္ငန္းေတြကေန အလုပ္အကိုင္အခြင့္အလမ္းေပါင္း သုံးေထာင္ေက်ာ္ ဖန္တီးေပးႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ဒ့ါအျပင္ ကန္ေဒၚလာ တစ္သန္းေက်ာ္နဲ႔ က်ပ္ေငြသန္းေပါင္း ႏွစ္သိန္းေက်ာ္ရွိတဲ့ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၇ ခုကို ခြင့္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
သဘာဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ခု ကို ရန်ကုန်နဲ့ ကျောက်ဖြူမှာ ဆောက်လုပ်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဲဒီလုပ်ငန်း နှစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၅၀၃ သန်းဖိုး ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။
ဒီထဲက လုပ်ငန်းတစ်ခုဟာ ရန်ကုန်တိုင်းမှာ လျှပ်စစ်ဓာတ်အားတိုးပေးနိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မယ့်သာကေတလျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ် လို့ သိရပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးမှာ ဆောက်လုပ်မယ့်စက်ရုံကတော့ မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်မယ့် စက်ရုံလို့ သိရပါတယ်။
ဒီလုပ်ငန်းတွေကို ဟောင်ကောင်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုက ဆောင်ရွက်တာဖြစ်ပြီး သာကေတစက်ရုံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၃ သန်းဖြစ်ပြီး ကျောက်ဖြူစက်ရုံက အမေရိကန်ဒေါ်လာ သန်း ၁၄၀ လို့ ဦးသန့်စင်လွင်က ပြောခဲ့တာပါ၊
ဒီတစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုပမာဏ ၈၅၇ သန်းကျော်ရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခြောက်ခုကို ခွင့်ပြုပေးခဲ့ပြီး ဒီလုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း သုံးထောင်ကျော် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒ့ါအပြင် ကန်ဒေါ်လာ တစ်သန်းကျော်နဲ့ ကျပ်ငွေသန်းပေါင်း နှစ်သိန်းကျော်ရှိတဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com