ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အိမ္ၿခံေျမေဆာက္လုပ္ေရးလုပ္ငန္းေတြကို လုပ္ကိုင္ဖို႔လာေရာက္ေလွ်ာက္ထားတာေတြကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒနဲ႔ ကိုက္ညီရင္လုပ္ကိုင္ခြင့္ေပးမွာျဖစ္တယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္ကေျပာပါတယ္။
ဒါေပမယ့္ အိမ္ၿခံေျမလုပ္ငန္းေတြကို ခြင့္ျပဳေပးရာမွာလည္း သက္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ႕ ေထာက္ခံခ်က္ေတြရယူတာေတြျပဳလုပ္ၿပီး ဒီသက္ဆိုင္ရာအဖြဲ႕အစည္းေတြက ကန႔္ကြက္ရင္ေတာ့ ေကာ္မရွင္မကခြင့္ျပဳခ်က္မေပးဘူးလို႔ဆိုပါတယ္။
သဘာဝပတ္ဝန္းက်င္ထိခိုက္တာ၊ လူမႈပတ္ဝန္းက်င္ထိခိုက္တာနဲ႔ ေရွးေဟာင္း အေမြအႏွစ္ေတြပ်က္စီးေစမယ့္ ေဆာက္လုပ္ေရးလုပ္ငန္ေတြးကိုလုပ္ငန္းလုပ္ကိုင္ခြင့္မေပးဘူးလို႔ ဦးသန႔္စင္လြင္က ေျပာပါတယ္။
ဒါ့အျပင္ ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္ထားတဲ့လမ္းၫႊန္ခ်က္ေတြ၊ အမိန႔္ေၾကညာစာေတြနဲ႔ မကိုက္ညီရင္လည္း ခြင့္ျပဳမွာမဟုတ္ပါဘူးလို႔ဆိုပါတယ္။
လက္ရွိမွာ ျမန္မာႏိုင္ငံအတြင္း ေနာက္ဆုံးဝင္ေရာက္ထားတဲ့ အိမ္ၿခံေျမလုပ္ငန္းကေတာ့ ေဟာင္ေကာင္အေျခစိုက္ ကုမၸဏီတစ္ခုျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏက ေဒၚလာသန္း ၁၄၀ ျဖစ္တယ္လို႔ သိရပါတယ္။
ဒီကုမၸဏီဟာ အိမ္ၿခံေျမလုပ္ငန္းအျပင္ သယ္ယူပို႔ေဆာင္ေရးနဲ႔ ဆက္စပ္တဲ့လုပ္ငန္းေတြလည္း ပါဝင္ၿပီး တာဝန္ယူမႈရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းတစ္ခုအျဖစ္ သတ္မွတ္တာေၾကာင့္ ခြင့္ျပဳေပးခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့လာရောက်လျှောက်ထားတာတွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကိုက်ညီရင်လုပ်ကိုင်ခွင့်ပေးမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။
ဒါပေမယ့် အိမ်ခြံမြေလုပ်ငန်းတွေကို ခွင့်ပြုပေးရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေရယူတာတွေပြုလုပ်ပြီး ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေက ကန့်ကွက်ရင်တော့ ကော်မရှင်မကခွင့်ပြုချက်မပေးဘူးလို့ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်တာ၊ လူမှုပတ်ဝန်းကျင်ထိခိုက်တာနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးစေမယ့် ဆောက်လုပ်ရေးလုပ်ငန်တွေးကို လုပ်ငန်းလုပ်ကိုင်ခွင့်မပေးဘူးလို့ ဦးသန့်စင်လွင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေ၊ အမိန့်ကြေညာစာတွေနဲ့ မကိုက်ညီရင်လည်း ခွင့်ပြုမှာမဟုတ်ပါဘူးလို့ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်း နောက်ဆုံးဝင်ရောက်ထားတဲ့ အိမ်ခြံမြေလုပ်ငန်းကတော့ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာသန်း ၁၄၀ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကုမ္ပဏီဟာ အိမ်ခြံမြေလုပ်ငန်းအပြင် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေလည်း ပါဝင်ပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်တာကြောင့် ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com