ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ဂ်ပန္နိုင္ငံ ဖူကူအိုကာၿမိဳ႕ေတာ္ႏွင့္ပူးေပါင္းၿပီး ရန္ကုန္ၿမိဳ႕ရွိ အမိႈက္မ်ားမွ စြမ္းအင္ထုတ္လုပ္ျခင္းေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ဒီဇင္ဘာ ၉ ရက္တြင္ေျပာၾကားသည္။
ရန္ကုန္ၿမိဳ႕တြင္ တစ္ေန႔လၽွင္ အမိႈက္တန္ခ်ိန္ ၂၅၀၀ ခန႔္ထြက္ရွိေၾကာင္း၊အမွိုက္မ်ားကို စြမ္းအင္ျပဳလုပ္ရာတြင္ ေလာင္စာ၊ လၽွပ္စစ္ႏွင့္ ဂတ္စ္ထုတ္လုပ္နိုင္ေရးအတြက္ ဖူကူအိုကာၿမိဳ႕ေတာ္၏ အစီအစဥ္ျဖင့္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ကေျပာသည္။
ရန္ကုန္တြင္ လူဦးေရခုနစ္သန္းေက်ာ္မွ ထြက္သည့္အမွိုက္ကို လၽွပ္စစ္ထုတ္ဖို႔ စဥ္းစားေၾကာင္း၊စဥ္းစားသည့္အခါ ၾကာသြားေၾကာင္း၊ ၾကာရျခင္းမွာ လၽွပ္စစ္ကိုေရာင္းနိုင္မည့္အားႏွင့္ National grid က ဝယ္နိုင္သည့္အား နည္းနည္းကြာေၾကာင္း၊ ေရာင္းေစ်းကနည္းနည္း ျမင့္ၿပီး ဝယ္နိုင္သည့္ေစ်းကနိမ့္ေနသည့္အတြက္ National grid ကို တင္မေရာင္းနိုင္သည့္အတြက္ နည္းနည္းၾကာသြားေၾကာင္း၊ ေနာက္ပိုင္း လၽွပ္စစ္မရလ်င္ေလာင္စာႏွင့္ ဂက္စ္ေျပာင္းထုတ္မည္ဆိုေတာ့ ယခုေလာင္စာ ၊ဂတ္စ္ႏွင့္ လၽွပ္စစ္သုံးမ်ိဳးစလုံးအတြက္ စီစဥ္ထားေၾကာင္း ယင္းအပိုင္းမ်ားကို ဖူကိုအိုကာႏွင့္အေကာင္အထည္ေဖာ္ေနေၾကာင္း ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာၾကားသည္။
လက္ရွိတြင္ အမိႈက္မ်ားမွ စြမ္းအင္ထုတ္လုပ္နိုင္ရန္ ဂ်ပန္နိုင္ငံ၊ ပိုလန္နိုင္ငံတို႔မွ စနစ္ႏွစ္မ်ိဳးျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တော်နှင့်ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ အမှိုက်များမှ စွမ်းအင်ထုတ်လုပ်ခြင်းဆောင်ရွက်မည် ဖြစ်ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက ဒီဇင်ဘာ ၉ ရက်တွင်ပြောကြားသည်။
ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့်ထွက်ရှိကြောင်း၊အမှိုက်များကို စွမ်းအင်ပြုလုပ်ရာတွင် လောင်စာ၊ လျှပ်စစ်နှင့် ဂတ်စ် ထုတ်လုပ်နိုင်ရေးအတွက် ဖူကူအိုကာမြို့တော်၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြို့တော်ဝန်ကပြောသည်။
ရန်ကုန်တွင် လူဦးရေခုနစ်သန်းကျော်မှ ထွက်သည့်အမှိုက်ကို လျှပ်စစ်ထုတ်ဖို့ စဉ်းစားကြောင်း၊စဉ်းစားသည့်အခါ ကြာသွားကြောင်း၊ ကြာရခြင်းမှာ လျှပ်စစ်ကိုရောင်းနိုင်မည့်အားနှင့် National grid က ဝယ်နိုင်သည့်အား နည်းနည်းကွာကြောင်း၊ ရောင်းဈေးကနည်းနည်း မြင့်ပြီး ဝယ်နိုင်သည့်ဈေးကနိမ့်နေသည့်အတွက် National grid ကို တင်မရောင်းနိုင်သည့်အတွက် နည်းနည်းကြာသွားကြောင်း၊ နောက်ပိုင်း လျှပ်စစ်မရလျင်လောင်စာနှင့် ဂက်စ်ပြောင်းထုတ်မည်ဆိုတော့ ယခုလောင်စာ ၊ဂတ်စ်နှင့် လျှပ်စစ်သုံးမျိုးစလုံးအတွက် စီစဉ်ထားကြောင်း ယင်းအပိုင်းများကို ဖူကိုအိုကာနှင့်အကောင်အထည်ဖော်နေကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
လက်ရှိတွင် အမှိုက်များမှ စွမ်းအင်ထုတ်လုပ်နိုင်ရန် ဂျပန်နိုင်ငံ၊ ပိုလန်နိုင်ငံတို့မှ စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com