ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ ကွန်ဒိုမှတ်ပုံတင်ရန် လျှောက်လွှာတင်ထားသော ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲကွန်ဒိုပရောဂျက် ၁၁ ခုရှိကြောင်း စီမံခန့်ခွဲရေးကော်မတီမှသိရသည်။
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ကွန်ဒိုများမှတ်ပုံတင်ခြင်းကို ၂၀၂၀ အစောပိုင်းတွင် ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
မှတ်ပုံတင်ရန် လျှောက်လွှာတင်ထားသောထဲမှ ကွန်ဒိုဥပဒေနှင့်မညီသည့် ကွန်ဒို သုံးခုကို ပယ်ဖျက်ထားပြီး ကျန်ရှိသည့် ကွန်ဒိုစီမံကိန်းရှစ်ခုကို စိစစ်နေဆဲဖြစ်ကြောင်းသိရသည်။
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ ကွန်ဒိုတစ်ခုသည် စတုရန်းပေ ၂၀,ဝဝဝ အထက်ရှိ မြေပေါ်တွင်ရှိရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှင့်ကိုက်ညီသော အဆောက်အအုံနည်းပါကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com