ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
တရုတ္ျပည္၏ ဒုတိယအၾကီးမားဆံုး အိမ္ျခံေျမကုမၸဏီၾကီးျဖစ္ေသာ EVERGRANDE ပိုင္ရွင္ ရႈက်ားယင္သည္ ကုမၸဏီအျမတ္ေဝ ခြဲေဝျပီးေနာက္ ယြမ္ေငြ ၁၄ ဘီလီယံေက်ာ္ ပိုမိုခ်မ္းသာလာေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
ရႈက်ားယင္သည္ တရုတ္ျပည္တြင္ တတိယအခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္သည္။
ယခုအခါ Evergrande Group က ၂၀၁၈ ခုႏွစ္ ဘ႑ာႏွစ္အတြက္ အျမတ္ေငြ ခြဲေဝမႈကို ေဟာင္ေကာင္စေတာ့ အိတ္ခ်ိန္းတြင္ ေၾကညာလိုက္ရာ ရႈက်ားယင္မွာ ယြမ္ေငြ ၁၄ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၂ ဒသမ ၁ ဘီလီယံ) ပိုမိုၾကြယ္ဝလာေတာ့မည္ ျဖစ္သည္။
ေရာင္းအားပမာဏအရ တြက္ခ်က္မည္ဆိုလွ်င္ တရုတ္ျပည္၏ ဒုတိယအၾကီးမားဆံုး developer ျဖစ္ေသာ Evergrande Group သည္ ၂၀၁၈ ခုႏွစ္အျမတ္အစြန္းမ်ားမွ တစ္ဝက္ကို ရွယ္ယာရွင္မ်ားထံ ခြဲေဝသြားမည္ဟု ေၾကညာခဲ့ျပီး စုစုေပါင္းအျမတ္အစြန္းမွာ ယြမ္ေငြ ၃၇ ဒသမ ၄ ဘီလီယံခန္႔ရွိသည္။
ရႈက်ားယင္သည္ Evergrande တြင္ ရွယ္ယာ ၇၈ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားသူျဖစ္ရာ အျမတ္ေငြခြဲေဝမႈတြင္ အမ်ားစုကို ရရွိခဲ့ျခင္း ျဖစ္သည္။
Evergrande ၏ ၂၀၁၈ ခုႏွစ္ ဘ႑ာေငြမွာ ယြမ္ေငြ ၄၆၆ ဒသမ ၂ ဘီလီယံရွိျပီး ၂၀၁၇ ခုႏွစ္ထက္ ၅၀ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္လာခဲ့သည္။
၂၀၁၈ ခုႏွစ္၊ ပထမႏွစ္ဝက္ကာလတြင္ အိမ္ျခံေျမေရာင္းခ်ရေငြမ်ား ျမင့္တက္ခဲ့ရာ ရွယ္ယာရွင္မ်ားသို႔ ၂၀၁၇ ခုႏွစ္တြင္ အျမတ္ေငြ ယြမ္ ၂၄ ဒသမ ၄ ဘီလီယံ ခြဲေဝေပးႏိုင္ခဲ့သည္ထက္ ၅၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခြဲေဝေပးႏိုင္လာသည္။
ယခုအျမတ္အစြန္းခြဲေဝေပးသည့္ ယြမ္ေငြ ၁၈ ဒသမ ၇ ဘီလီယံ ခြဲေဝေပးမႈမွာ Evergrande ၏ မူဝါဒျဖစ္ေသာ ႏွစ္စဥ္အျမတ္အစြန္း၏ ထက္ဝက္ကို ရွယ္ယာရွင္မ်ားထံ ခြဲေဝေပးရန္ဟူသည့္ မူဝါဒႏွင့္ ကိုက္ညီျပီး လာမည့္ႏွစ္ ဇန္နဝါရီလ ၁၅ ရက္တြင္လည္း ရွယ္ယာရွင္မ်ား အေထြေထြအစည္းအေဝးကို က်င္းပရန္ စီစဥ္ထားသည္ဟု ဆိုသည္။
Evergrande သည္ ျပည္တြင္းတြင္ အိမ္ျခံေျမေရာင္းခ်မႈမ်ား ျပဳလုပ္ရန္ စီစဥ္ေနရသည့္အတြက္ ၂၀၁၈ ခုႏွစ္ အျမတ္အစြန္းခြဲေဝမႈ ေၾကညာရန္ ႏွစ္ၾကိမ္တိုင္ေႏွာင့္ေႏွးခဲ့သည္။
ယခုကဲ့သို႔ အျမတ္ေဝစုခြဲေဝေပးသည့္ သတင္းထြက္ေပၚအျပီး Evergrande ၏ ရွယ္ယာမ်ားမွာ ေဟာင္ေကာင္စေတာ့ေစ်းကြက္ မနက္ပိုင္းေစ်းကြက္အဖြင့္တြင္ မူလက ေဟာင္ေကာင္ေဒၚလာ ၁၉ ဒသမ ၉၈ သာရွိခဲ့ရာမွ ၂၀ ဒသမ ၄၅ ေဒၚလာသို႔ ျမင့္တက္သြားခဲ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်သော EVERGRANDE ပိုင်ရှင် ရှုကျားယင်သည် ကုမ္ပဏီအမြတ်ဝေ ခွဲဝေပြီးနောက် ယွမ်ငွေ ၁၄ ဘီလီယံကျော် ပိုမိုချမ်းသာလာကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရှုကျားယင်သည် တရုတ်ပြည်တွင် တတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။
ယခုအခါ Evergrande Group က ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမြတ်ငွေ ခွဲဝေမှုကို ဟောင်ကောင်စတော့ အိတ်ချိန်းတွင် ကြေညာလိုက်ရာ ရှုကျားယင်မှာ ယွမ်ငွေ ၁၄ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ) ပိုမိုကြွယ်ဝလာတော့မည် ဖြစ်သည်။
ရောင်းအားပမာဏအရ တွက်ချက်မည်ဆိုလျှင် တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး developer ဖြစ်သော Evergrande Group သည် ၂၀၁၈ ခုနှစ်အမြတ်အစွန်းများမှ တစ်ဝက်ကို ရှယ်ယာရှင်များထံ ခွဲဝေသွားမည်ဟု ကြေညာခဲ့ပြီး စုစုပေါင်းအမြတ်အစွန်းမှာ ယွမ်ငွေ ၃၇ ဒသမ ၄ ဘီလီယံခန့်ရှိသည်။
ရှုကျားယင်သည် Evergrande တွင် ရှယ်ယာ ၇၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသူဖြစ်ရာ အမြတ်ငွေခွဲဝေမှုတွင် အများစုကို ရရှိခဲ့ခြင်း ဖြစ်သည်။
Evergrande ၏ ၂၀၁၈ ခုနှစ် ဘဏ္ဍာငွေမှာ ယွမ်ငွေ ၄၆၆ ဒသမ ၂ ဘီလီယံရှိပြီး ၂၀၁၇ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
၂၀၁၈ ခုနှစ်၊ ပထမနှစ်ဝက်ကာလတွင် အိမ်ခြံမြေရောင်းချရငွေများ မြင့်တက်ခဲ့ရာ ရှယ်ယာရှင်များသို့ ၂၀၁၇ ခုနှစ်တွင် အမြတ်ငွေ ယွမ် ၂၄ ဒသမ ၄ ဘီလီယံ ခွဲဝေပေးနိုင်ခဲ့သည်ထက် ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်ခွဲဝေပေးနိုင်လာသည်။
ယခုအမြတ်အစွန်းခွဲဝေပေးသည့် ယွမ်ငွေ ၁၈ ဒသမ ၇ ဘီလီယံ ခွဲဝေပေးမှုမှာ Evergrande ၏ မူဝါဒဖြစ်သော နှစ်စဉ်အမြတ်အစွန်း၏ ထက်ဝက်ကို ရှယ်ယာရှင်များထံ ခွဲဝေပေးရန်ဟူသည့် မူဝါဒနှင့် ကိုက်ညီပြီး လာမည့်နှစ် ဇန်နဝါရီလ ၁၅ ရက်တွင်လည်း ရှယ်ယာရှင်များ အထွေထွေအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်ဟု ဆိုသည်။
Evergrande သည် ပြည်တွင်းတွင် အိမ်ခြံမြေရောင်းချမှုများ ပြုလုပ်ရန် စီစဉ်နေရသည့်အတွက် ၂၀၁၈ ခုနှစ် အမြတ်အစွန်းခွဲဝေမှု ကြေညာရန် နှစ်ကြိမ်တိုင်နှောင့်နှေးခဲ့သည်။
ယခုကဲ့သို့ အမြတ်ဝေစုခွဲဝေပေးသည့် သတင်းထွက်ပေါ်အပြီး Evergrande ၏ ရှယ်ယာများမှာ ဟောင်ကောင်စတော့ဈေးကွက် မနက်ပိုင်းဈေးကွက်အဖွင့်တွင် မူလက ဟောင်ကောင်ဒေါ်လာ ၁၉ ဒသမ ၉၈ သာရှိခဲ့ရာမှ ၂၀ ဒသမ ၄၅ ဒေါ်လာသို့ မြင့်တက်သွားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)