ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္ၿမိဳ ့စြန္ကေျမကြက္ငါးရာေက်ာ္ကိုဝယ္ယူဖို ့ေလွ်ာက္ထားလာတဲ့ေလွ်ာက္လႊာေတြကိုစိစစ္ဆဲ ျဖစ္တယ္လို ့ ရန္ကုန္ၿမိဳ ့ေတာ္စည္ပင္တြဲဖက္အတြင္းေရးမွဴး ဦးသန္းကေျပာပါတယ္။
ႏိုဝင္ဘာလတစ္လလံုး ရန္ကုန္တိုင္းအစိုးရအဖြဲ ့ကဦးေဆာင္ေရာင္းခ်ေပးတဲ့ ေျမကြက္ေတြကိုစိတ္ဝင္စားလို႔ေလွ်ာက္ထားသူ အေရအတြက္က တစ္ေသာင္းႏွစ္ေထာင္ေက်ာ္အထိရွိခဲ့တာပါ။
မ်ားျပားလွတဲ့ေလွ်ာက္လႊာ အေရအတြက္ေတြေၾကာင့္ ျပန္လည္စိစစ္ခ်ိန္မွာ ၾကာျမင့္ႏိုင္တယ္လို ့ ဦးသန္းကဆိုပါတယ္။
လာေရာက္ေလွ်ာက္ထားတဲ့ေျမကြက္ေတြထဲမွာ လူေနေျမကြက္ေတြအျပင္ လုပ္ငန္းလုပ္ကိုင္မယ့္ စက္မွဳဇုန္ေျမကြက္က ၁၇၀ ေက်ာ္ပါဝင္တာလည္းျဖစ္ပါတယ္။
ေလွ်ာက္လႊာပါ အဆိုျပဳမႈေပၚမူတည္ၿပီးအမွန္တကယ္လိုအပ္ေနတဲ့သူကိုသာ ျပန္လည္စိစစ္ခြင့္ျပဳသြားဖို ့ သတ္မွတ္ထားတာပါ။
ရန္ကုန္တိုင္းအတြင္း ဒဂံုေလးၿမိဳ႕နယ္နဲ ့လိႈင္သာယာ ၊ ေရႊျပည္သာၿမိဳ႕နယ္ကေျမကြက္ေပါင္း ၅၀၀ ေက်ာ္ကို ရန္ကုန္တိုင္းအစိုးရက ပထမဆံုးအႀကိမ္ အမ်ားျပည္သူမ်ားကိုေရာင္းခ်ေပးခဲ့တာျဖစ္ပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့စွန်ကမြေကွက်ငါးရာကျော်ကိုဝယ်ယူဖို့လျှောက်ထားလာတဲ့လျှောက်လွှာတွေကိုစိစစ်ဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို ့တော်စည်ပင်တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။
နိုဝင်ဘာလတစ်လလုံး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကဦးဆောင်ရောင်းချပေးတဲ့ မြေကွက်တွေကိုစိတ်ဝင်စားလို့လျှောက်ထားသူ အရေအတွက်က တစ်သောင်းနှစ်ထောင်ကျော်အထိရှိခဲ့တာပါ။
များပြားလှတဲ့လျှောက်လွှာ အရေအတွက်တွေကြောင့် ပြန်လည်စိစစ်ချိန်မှာ ကြာမြင့်နိုင်တယ်လို့ ဦးသန်းကဆိုပါတယ်။
လာရောက်လျှောက်ထားတဲ့မြေကွက်တွေထဲမှာ လူနေမြေကွက်တွေအပြင် လုပ်ငန်းလုပ်ကိုင်မယ့် စက်မှုဇုန်မြေကွက်က ၁၇၀ ကျော်ပါဝင်တာလည်းဖြစ်ပါတယ်။
လျှောက်လွှာပါ အဆိုပြုမှုပေါ်မူတည်ပြီးအမှန်တကယ်လိုအပ်နေတဲ့သူကိုသာ ပြန်လည်စိစစ်ခွင့်ပြုသွားဖို့ သတ်မှတ်ထားတာပါ။
ရန်ကုန်တိုင်းအတွင်း ဒဂုံလေးမြို့နယ်နဲ့လှိုင်သာယာ ၊ ရွှေပြည်သာမြို့နယ်ကမြေကွက်ပေါင်း ၅၀၀ ကျော်ကို ရန်ကုန်တိုင်းအစိုးရက ပထမဆုံးအကြိမ် အများပြည်သူများကိုရောင်းချပေးခဲ့တာဖြစ်ပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com